Google သည် Motorola Mobility ကို ဒေါ်လာ ၁၂.၅ ဘီလျံ ဖြင့် ငွေချေ ဝယ်ယူ ခဲ့ကြောင်း သိရှိရ သည်။ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၌ ထိပ်ဆုံးမှ ရှေ့ဆောင် နေသည့် Google အတွက် စိန်ခေါ်မှု အသစ်များ ရှိလာခြင်း ကြောင့် ယခု ကဲ့သို့ ဝယ်ယူခြင်းဖြစ်သည်။၎င်း၏ ၁၄ နှစ်တာသမိုင်း ကြောင်း၌ ဈေးအကြီးဆုံးနှင့် စွန့် စားမှု အပြုရဆုံး ဖြစ်သည့် ဟာ့ဒ်ဝဲ လုပ်ငန်း တိုးချဲ့ရေး အတွက် ပြင်ဆင်နေ ကြောင်း Google မှ ကြေညာပြီးနောက် ၉လအကြာ၌ ယခုကဲ့သို့ ဝယ်ယူ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဝယ်ယူခြင်းဖြင့် Google ကို ဆဲလ်ဖုန်း လုပ်ငန်း၌ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်မည် ဟုဆိုသည်။ ၄င်း၏ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်သည့် Apple ၏ iPhone ၌ အသုံးပြုသည့် Android ဆော့ဖ်ဝဲလ် ကို ပွဲဦး ထွက်လွှင့်တင်ပြီး လွန်ခဲ့ သည့် ၄ နှစ်ခန့်မှစတင်၍ ဈေး ကွက် အတွင်းသို့ ဝင်ရောက်ခဲ့ သည်။
Google သည် Motorola အကူအညီဖြင့် မကြာမီနှစ်အနည်း ငယ်အတွင်းမှ စတင်ပြီး ဆဲလ်ဖုန်း ရှေ့ဆောင်ဖြစ်ရန် ထိုးဖောက်ခဲ့ သည်။ Motorola သည် ၂၀ဝ၅ခုနှစ်၌ Razr ဆဲလ်ဖုန်းကို ထုတ်လုပ် ခဲ့သော်လည်း ဈေးကွက်၌ ထိုး ဖောက်နိုင်စွမ်း မရှိခဲ့ချေ။
တစ်ချိန်က ဆဲလ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်း၌ နံပတ် ၂ ကုမ္ပဏီကြီးဖြစ်သည့် Motorola သည် ကမ္ဘာ့ဈေးကွက် အစုရှယ်ယာ၏ ၂ ရာခိုင်နှုန်းမျှသာ ရရှိခဲ့သည်။ အွန်လိုင်း ကြော်ငြာ လုပ်ငန်းသည် ဟာ့ဒ်ဝဲလ် လုပ်ငန်းနှင့် လုံးဝ ကွဲပြားခြားနား ခြင်းကြောင့် google ၏ ယခုစွန့်စား ခန်းကို စိုးရိမ် မကင်းဖြစ်မိကြောင်း အကဲခတ် များက ပြောကြားခဲ့ သည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်