BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, May 31, 2012

မြန်မာကျောင်းသားများ အတွက် တစ်နှစ် အခမဲ့နေထိုင်ခွင့်ပေးမည့် UK တက္ကသိုလ်

မြန်မာကျောင်းသားများ အတွက် တစ်နှစ်အခမဲ့ နေထိုင်ခွင့်ပေးမည်ဟု UK တက္ကသိုလ် တစ်ခုမှ ကမ်းလှမ်းမြန်မာ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် UK တွင် လာရောက် ပညာ သင်ကြားမည် ဆိုပါက တစ်နှစ် အခမဲ့ နေထိုင်ခွင့် ပေးမည်ဟု ဝေးလ်၏ နာမည်ကြီး တက္ကသိုလ် တစ်ခု ဖြစ်သော Glyndwr University မှ ကမ်းလှမ်းထားကြောင်း Crown Education ၏ ကြေညာချက် အရ သိ ရသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသော လူငယ်များမှာ ပထမ အဆင့် အဖြစ် Wales International Study Center ၌ Foundation အဆင့်ကို စတင် သင်ကြားကာ ပထမ နှစ်အား UK ရှိ တက္ကသိုလ် ၁၁ ခု တွင် ရွေးချယ် တက်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။
အဆိုပါ တက္ကသိုလ် ၁၁ ခု အနက် Glyndwr University တွင် တက်ရောက်မည် ဆိုပါက တစ်နှစ် အခမဲ့ အဆောင် နေထိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က "နိုင်ငံတကာကျောင်းသားတွေ အတွက် ရွေးချယ် ပေးအပ်တဲ့ Glyndwr University ရဲ့ အစီအစဉ် တစ်ခု ပါ။ မြန်မာနိုင်ငံက ကျောင်းသား တွေအတွက် ကျောင်းဝင်ခွင့်ကိုက် ညီတဲ့ မည်သူမဆို တစ်နှစ်စာနေ ထိုင်ခွင့် အခမဲ့အတွက် ရာနှုန်း ပြည့်အာမခံပြီး ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတက္ကသိုလ်တွင် အိုင် တီ၊ အင်ဂျင်နီယာနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ သင်ယူနိုင် ပြီး ပထမနှစ် အတွက် အဆောင် နေခွင့်မှာ အခမဲ့ ဖြစ်သောကြောင့် ကျောင်းလခပေါင် ၆,၉၀ဝ သာ ကုန်ကျမည်ဖြစ်သည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက Crown Education, Summit Parkview Hotel ဖုန်း-ဝ၉- ၇၃၂၇၃၂၇၇ နှင့် ဝ၉-၅၀၈၅၁၈၅ ထံသို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်