BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, March 20, 2013

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။
လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍ မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကို ထိုသို့ လျှော့ချ လိုက်ခြင်းဖြစ် သည်ဟု သိရသည်။
လာရောက် လျှောက်ထား သူတို့ အချိန်ကုန် ငွေကုန်မှု ရှိစေသည့် ရုံးလုပ်ငန်း ဆိုင်ရာ မလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့ လိုက်ပြီးရေး သွင်းရမည့် စာရွက် စာတမ်းများ မှာလည်း ငါးရွက် တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံးမှ ရဲမှူး ကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုး တန်းမှာ တုန်း က ၁၄ ရွက်ဖြည့် ရတယ်။
၂ဝ၁၁ ခုနှစ်က ရန်ကင်း ရုံးကို ပြောင်းတော့ ၉ ရွက် ကိုလျှောက်လွှာ ဝယ်ပြီး ဖြည့်ခဲ့ ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ ပေးမှု တွင် နိုင်ငံ ကူးလက်မှတ် စတင် လျှောက်ထား သူ အပြင် စာအုပ် အဟောင်းမှ အသစ်သို့ လဲလှယ် သူတို့လည်း ၇ ရက်ကျော် ပါက ရရှိမည်ဟု ရဲမှူး က ဆက်ပြောသည်။ လျှောက်ထား သူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်း သည်ဆိုပါက ၁ဝ ရက်တည်းနှင့် ရရှိမည် မဟုတ်ဘဲ ပြန်လည် စိစစ် ရမည် ဖြစ်သဖြင့် သတ်မှတ် ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက် ကျော်မှ နိုင်ငံကူး လက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ ကြရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်