BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, March 20, 2013

ဘောလုံးလောကမှအနားယူတော့မည့် အိုဝင်

စတုတ်စီးတီး တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ ရာသီကုန်တွင် ဘောလုံးလောကမှ
အနားယူတော့မည်ဖြစ် သည်။ အသက် ၃၂နှစ်အရွယ်ရှိ အိုဝင်မှာ လီဗာပူးနှင့်အတူ ကျော်ကြားလာသော ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း ဘက်ခမ်း၊ ဂျရတ်၊ ဟက်စကီးတို့နှင့် အတွဲညီခဲ့သူဖြစ်သည်။
၎င်းမှာ လီဗာပူးနှင့်အတူ ဖလား၅လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ အိုဝင်မှာ အင်္ဂလန်အသင်းတွင် စတုတ္ထ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုး ၂၂၀ သွင်းယူနိုင်ခဲ့ကာ ရီးရဲလ်၊ နယူးကာဆယ်၊ မန်ယူတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။
သို့သော် အိုဝင်မှာ ယခုရာသီတွင် စတုတ်စီးတီးနှင့်အတူ ၇ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရုန်းကန်နေရသူ လည်းဖြစ်သည်။
“ ကျွန်တော့်ကစားသမားဘ၀မှာ ကျွန်တော်အိပ်မက်မက်ခဲ့သလို ဖြစ်ခဲ့လို့ ကံကောင်းတယ်လို့ ပဲပြောရမှာပါ။ ဒါ့ကြောင့်ပဲ ရာသီကုန်မှာ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာနဲ့ ပြောနိုင်ခဲ့ပါတယ်”ဟု အိုဝင်က ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်