ရော်နယ်ဒိုဟာ သူ့ကိုယ်သူ သိလှပြီတတ်လှပြီ ထင်နေတဲ့သူလို့ မော်ရင်ဟိုက ဝေဖန်လာခဲ့
ပါတယ်။မော်ရင်ဟိုဟာ ကစားသမားတွေဘက်ကရပ်တည်တတ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် ရီးရဲလ်မှာတော့ ကစားသမားတွေနဲ့ ပြဿနာဖြစ်တဲ့နည်းပြ ဖြစ်ခဲ့ရပါတယ်။
ပါတယ်။မော်ရင်ဟိုဟာ ကစားသမားတွေဘက်ကရပ်တည်တတ်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် ရီးရဲလ်မှာတော့ ကစားသမားတွေနဲ့ ပြဿနာဖြစ်တဲ့နည်းပြ ဖြစ်ခဲ့ရပါတယ်။
ဒါဟာသွေးနားထင်ရောက်နေတဲ့ ရီးရဲလ်
ကစားသမားတွေကြောင့်လို့ရာနှုန်းပြည့်မဆိုနိုင်
ရင်တောင်ညီမျှခြင်းတစ်ခုထက်တော့ ပိုပါလိမ့်မယ်။ဗလင်စီယာကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန် ဘုရင့်ဖလားပွဲစဉ်မှာ မော်ရင်ဟိုနဲ့
ရော်နယ်ဒိုတို့ပြဿနာဖြစ်ခဲ့ကြပါတယ်။ ဒါဟာလည်း မော်ရင်ဟိုရဲ့သုံးသပ်ချက်ကို
ရော်နယ်ဒိုက လက်သင့်မခံဘဲ ပယ်ချခဲ့လို့ပါ။

ဒီအတွက် မော်ရင်ဟိုက “ ရော်နယ်ဒိုဟာ ကျွန်တော်နဲ့အတူ ဆန်းကြယ်တဲ့ရာသီ သုံးရာသီလောက် ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ကျွန်တော့်ကြားမှာ ပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ဘယ်နေရာမှာသူကစားရင်ခြေစွမ်းပိုပြနိုင်မယ် ဘယ်နေရာမှာဆို ဂိုးပိုသွင်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ဒါပေမဲ့ နည်းဗျူဟာရှုထောင်ကနေ သူ့ကို ဝေဖန်တဲ့အချိန်တိုင်း ရော်နယ်ဒိုကငြင်းဆန်ခဲ့တာပါပဲ။ ဒါဟာ သူ့ကိုယ်သူ သိလွန်း၊ တတ်လွန်းနေပြီလို့ ထင်တာကြောင့်ဖြစ်ပြီး နည်းပြက သူ့ကို ခြေစွမ်းပိုကောင်းအောင် ကူညီနိုင်မှာ မဟုတ်ဘူးလို့ ထင်နေလို့ပါပဲ”လို့ ဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်