BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 5, 2013

ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး စူပါ ကွန်ပျူတာ

အမေရီကန် Cray စူပါကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္မဏီမှ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Titan အမည်ရ စူပါကွန်ပျူတာ ဖြစ်ပါတယ်။
အမေရိကန် စွမ်းအင်ဝန်ကြီးဌာန က ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါ တယ်။ အမေရိကန် အမျိုးသား လေထုနှင့် မိုးလေဝသ ဌာနက လည်း ရန်ပုံငွေ အနည်းငယ်ထည့်ထားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၇ သန်းရှိပါတယ်။
၂၀၀၉ခုနှစ်ကတတည်းက စတင်ကြေညာထားပြီး အချိန်ယူ ဖန်တီးလာရာ  ယခုအောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Oak Ridge National Laboratory မှာ တည်ရှိပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ကတော့ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၂၀၀၀၀ trillion ကို လုပ်ဆောင်နိုင်ပါတယ်။ ကွန်ပျူတာ term နဲ့ဆိုရင် 20 petaFLOPS - မြန်နှုန်းရှိပြီး ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။
Operating System  : Linux
ပါဝါ                  : 12700000 Watt
အရွယ်အစား      : ၄၃၅၂ စတုရန်းပေ (ဟာ့ဒ်ဝဲ ဗီရိုအလုံးရေ ၂၀၀)
မြန်နှနုး              : 20 petaFLOPS  
Memory            : 710 TB ( 1 TB ကို 1024GB ရှိပါတယ်။) ( CPU က 598 TB, GPU က 112 TB ရှိပါတယ်။
Storage            : 13.6 PB ( 1PB ကို GB ၁သန်း ရှိပါတယ်။)
ကုန်ကျစရိတ်      : အမေရိကန်ဒေါ်လာ ၉၇ သန်း
ယခင် ၂၀၀၅ ကစပြီး အသုံးပြုတဲ့ စူပါကွန်ပျူတာက Jaguar ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၄ သန်း ကုန်ကျပါတယ်။ ယခု အသစ်ဖန်တီးတဲ့ Titan ကျတော့ Jaguar ရဲ့ နေရာက အတွင်းပစ္စည်းတွေကိုသာ အစားထိုး ပြောင်း လဲ တပ်ဆင်လိုက်ခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာ သွားခြင်း ဖြစ်ပါတယ်။ သူ့တုန်းက လုပ်ဆောင်ချက် 1.75 petaflops ပဲရှိခဲ့ရာ  ယခု Titan က အများကြီး သာသွားပါတယ်။ ယင်းကဲ့သို့ အလားတူ လိုက်မှီမယ့် စူပါကွန်ပျူတာကို တရုတ်အစိုးမှလည်း ကြိုးပမ်း တည်ဆောက် လျက်ရှိတယ်လို့ သိရပါတယ်။ Titan ကတော့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနပိုင်ဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်နဲ့ မသက်ဆိုင်ပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်မှာ စစ်ဘက်သုံး အခြား စူပါကွန်ပျူတာ ပေါင်းများ စွာလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
Titan စူပါကွန်ပျူတာ အကြောင်း အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
ရိုးရာလေး နည်းပညာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်