မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် လေးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လာမည့် ၁၀ရက်နေ့တွင် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီး နည်းပြအဖြစ် စတင်ဆောင်ရွက်ရန် ဆန္ဒပြင်းပြနေပြီး အပြောင်းအရွှေ့ ကိစ္စရပ်များအတွက်လည်း စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ချဲလ်ဆီးပရိသတ်များက ၎င်းကိုချစ်ခင်သောကြောင့် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့ပြီး ၎င်း၏ဘ၀အတွက် အဆင်ပြေဆုံး ဖြစ်လာမည်ဟုလည်း သုံးသပ်ခဲ့သည်။ မော်ရင်ဟိုမှာ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အတွင်း ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂လုံး၊ ကားလင်းဖလား ၂လုံးနှင့် အက်ဖ်အေဖလားများ ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်