BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, July 18, 2011

ဟောင်းနွမ်းငွေစက္ကူများ အကန့်အသတ်မရှိလဲနိုင်ပြီ


ရန်ကုန်၊ ဇူလိုင် ၆ - ဟောင်းနွမ်းငွေစက္ကူများကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်တွင် အကန့်အသတ်မရှိ လဲလှယ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ငွေစက္ကူဟောင်းများကို လဲလှယ်ပေးရာတွင် ဇူလိုင် ၄ ရက်မှစတင်ကာ မည်သူမဆို ၅၀ ကျပ်တန်မှ ၅၀၀ ကျပ်တန်အထိ လဲလှယ်ပေးနေကြောင်း၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်များတွင် လဲလှယ်ပေးသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့ရှိ ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဧရိယာရှိ ဘဏ်ခွဲ ၁၁ ဘဏ် စုစုပေါင်း ၁၂ ဘဏ်တွင် လဲလှယ် ပေးလျက်ရှိကြောင်း သိရသည်။
“ဇူလိုင် ၄ ရက်ကစပြီး ငွေစက္ကူအဟောင်းတွေကို ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ရုံးချုပ် အပါအဝင် ဘဏ်ခွဲပေါင်း ၁၁ ဘဏ်မှာ လဲလှယ်ပေးနေပါတယ်။ အဟောင်းလဲပေးရာမှာ ဗဟိုဘဏ်က လက်ခံလောက်တဲ့ငွေစက္ကူတွေကိုသာ ကျွန်တော်တို့က လဲပေးသွားမှာပါ။ မည်သူမဆို ဘဏ်ဖွင့်ချိန်အတိုင်း အကန့်အသတ်မရှိ လဲလှယ်ပေးသွားမှာပါ” ဟု မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ရှိ ရန်ကုန်ဧရိယာအတွင်းရှိ ဘဏ်တစ်ဘဏ်တွင် ကျပ်သိန်း ၂၀၀ အထိ ငွေစက္ကူအသစ်များ အစားထိုးလဲလှယ် ပေးနေကြောင်း၊ ရန်ကုန်မြို့ရှိ ဘဏ်ခွဲများနှင့် ရုံးချုပ်အပါအဝင် သိန်းပေါင်း ၂၄၀၀ အထိ လဲလှယ်ပေးနေကြောင်း သိရသည်။
“နယ်က ဘဏ်ခွဲတွေတော့ မပါဘူး။ ရန်ကုန်က ရုံးချုပ်ရောဘဏ်ခွဲရော ၁၂ ဘဏ်က သိန်းပေါင်း ၂၄၀၀ လဲလှယ်ပေးပါတယ်။ တစ်ဘဏ်ကို သိန်း ၂၀၀နှုန်းနဲ့ လဲလှယ်ပေး နေပါတယ်။ တစ်ဘဏ်မှာ ကျပ် ၅၀၀တန်က သိန်း ၆၀ဖိုး၊ ကျပ် ၂၀၀တန်က သိန်း ၈၀ဖိုး၊ ကျပ် ၁၀၀တန်က သိန်း ၄၀ဖိုး၊ ကျပ် ၅၀တန်က သိန်း၂၀ဖိုး စုစုပေါင်း သိန်း ၂၀၀ဖိုး လဲလှယ်ပေးပါတယ်။ ဗဟိုဘဏ်ကလဲ ကန့်သတ်မထားဘူး။ ဒါကုန်ရင် ဆက်ပြီး ထပ်လဲလို့ ရပါသေးတယ်” ဟု ယင်းက ထပ်မံရှင်းပြသည်။
“ဒီလိုငွေစက္ကူဟောင်းတွေကို လဲလှယ်ပေးတယ်ဆိုတော့ ကောင်းပါတယ်။ တချို့ပိုက်ဆံ တွေဆို တိပ်အထပ်ထပ်နဲ့ တော်တော်ကို ရုပ်ဆိုးပါတယ်။ တချို့ ပိုက်ဆံဆို ရွံဖို့ ကောင်းတယ်။ ဒီလိုငွေစက္ကူ အသစ်လဲလှယ်ပေးတော့ သုံးရတဲ့သူတွေအတွက်လဲ ကောင်းပါတယ်။ ကျပ် ၂၀၀ တန် တော်တော်များများ ဆိုရင် ဟောင်းတဲ့ပိုက်ဆံက များပါတယ်” ဟု ငွေလာရောက် လဲလှယ်သူ တစ်ဦးကပြောသည်။
Ref : The Flower News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်