BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, August 26, 2011

အမေရိကန် နှစ်100 အတွင်း မကြုံစဖူး ငလျင်လှုပ်

အမေရိကန်နိုင်ငံ အရှေ့ဘက်
ပိုင်းတွင် သြဂုတ် ၂၃ ရက်နေ့က ရာစုနှစ်တစ်ခု အတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့သည်။ ငလျင်လှုပ်မှုကြောင့် နယူးယောက်ရှိ မိုးမျှော် အဆောက်အအုံများမှ အလုပ်သမား ထောင်ပေါင်းများစွာ ရွှေ့ပြောင်း ထွက်ပြေးခဲ့သည်။ အရှေ့ဘက် ကမ်းရိုးတန်းတွင် ငလျင် ကြီးကြီးမားမား လှုပ်မှုမှာ ကြုံတောင့်ကြုံခဲ ဖြစ်ပွားမှု ဖြစ်သည်။ ငလျင်လှုပ်ပြီးနောက် လူအများ ပြေးလွှားသွားလာမှုများသည် အယ်လ်ကေးဒါးများ တိုက်ခိုက်ခဲ့သည့် ဆယ်နှစ် ပြည့်တော့မည် ၉/၁၁ ဖြစ်စဉ်ကို ပြန်လည် ခံစားမှုများ ဖြစ်စေခဲ့သည်။ ''၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ရဲ့ထိပ်မှာ အက်ကွဲမှု ဖြစ်ခဲ့တယ်''ဟု အမျိုးသားပန်းခြံ လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး Bill Line က ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။ မျက်နှာလေးဖက်ရှိ ထိပ်ချွန် မော်ကွန်းကျောက်တိုင်ကို အတိအကျ မသတ်မှတ်ရသေးသည့် အချိန်ကာလတစ်ခု အထိ ပိတ်ထားရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ အလုပ်သမား ထောင်ပေါင်းများစွာသည် ရုံးအဆောက်အအုံများမှ ထွက်ပြေးခဲ့ပြီး Manhattan ရှိ လမ်းများအတွင်း လူများပြည့်နှက်မှုများ ဖြစ်ခဲ့သည်။ ပြင်းအား ၅ ဒသမ ၈ ရှိ ငလျင်လှုပ်မှုမှာ အချိန် စက္ကန့် ၂၀ မှ ၃၀ အတွင်းသာ ရှိခဲ့ပြီး ဗာဂျင်နီးယားမြို့အောက်ဘက် ၃ ဒသမ ၇ ကီလိုအကွာကို ဗဟိုပြုပြီး လှုပ်ခဲ့ခြင်း ဖြစ်သည်။ ဘော့စ်တန်နှင့် ကနေဒါ အရှေ့ပိုင်း ဒေသများတွင်လည်း ငလျင်ဒဏ် ခံစားခဲ့ရသည်။ပင်တာဂွန်၊ US Capitol နှင့် ၀ါရှင်တန်၏ အထိမ်းအမှတ် မော်ကွန်း ကျောက်တိုင်များမှာ ဘေးကင်းခဲ့သည်။ ငလျင်လှုပ်ချိန်တွင် သမ္မတ အိုဘားမားသည် မန်ဆာချူးဆက် ကမ်းခြေနှင့် မိုင် ၅၀၀ ကျော် အကွာတွင် ဂေါက်ရိုက်နေသောကြောင့် ငလျင်လှုပ်မှုကို မကြုံတွေ့ခဲ့ကြောင်း သိရှိရသည်။ ငလျင်ဗဟိုချက်မသည် ဗာဂျီးနီးယား၊ Richmond မှ ၃၈ မိုင်နှင့် ၀ါရှင်တန်မှ ၈၄ မိုင် အကွာတွင် ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခု ငလျင်သည် ၁၈၉၇ ခုနှစ်ပြီးနောက် ဗာဂျီးနီးယားပြည်နယ်တွင် အင်အား အကြီးဆုံး ငလျင် ဖြစ်သည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်