"ဗလန်စီယာ တောင်ပံ ကစားသမား ဟွမ်မာတာ သည် ချဲလ်ဆီး သို့ပြောင်း ရွှေ့ကြေး ယူရို(၂၇) သန်းဖြင့် ရောက်ရှိမှုမှာ ရက်ပိုင်း အတွင်းအပြီး သတ်နိုင်တော့ မည်ဖြစ် ကြောင်း သိရသည်။ မာတာ သည် ချဲလ်ဆီး အသင်း နည်းပြ ဘိုအာစ်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အဆိုပါပေါ် တူဂီလူမျိုးက မာတာအား ကွင်းလယ် တိုက်စစ်ကစား သမား အဖြစ် မည်ကဲ့သို့ နည်းဗျူ ဟာများ ချမှတ်ထား သည်ကို ပြန်လည် ရှင်းပြ ခဲ့ကြောင်း သိရှိရ သည်။
စပိန်သတင်းများ၏ ရေးသား ဖော်ပြ ချက်အရ ဗလန်စီယာမှ မာတာထွက်ခွာမှုမှာ ဖြစ်လုနီးပါး ရှိနေပြီဟု သိရသည်။ "မာတာဟာ ရက်ပိုင်းအတွင်း ချဲလ်ဆီး အတွက်ကစားပေး နိုင်တော့မှာပါ" ဟု AS သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင်မာတာ သတင်းစာကလည်း "ဗလန်စီယာကနေ မာတာထွက်ခွာမှုဟာ ဖြစ်အံ့ဆဲဆဲရှိနေပါပြီ။ ဗလန်စီယာ အသင်းအနေနဲ့ မာတာကို လက်လွှတ်ရမှု အတွက် ချဲလ်ဆီးအသင်းကနေ ယူရို(၂၇)သန်းနဲ့(၂၈)သန်းကြားရရှိမှာပါ" ဟု အခိုင်အမာ ရေးသားခဲ့ သည်။ မာတာသည် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းပြောင်းရွှေ့ရန် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ် ခဲ့သော်လည်း အစောပိုင်းက အာဆင်နယ်နှင့် တော့တင်ဟမ် အသင်းများ ထံသို့ သာရောက်ရှိနိုင် သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။
သို့ရာတွင် ကွင်းလယ် တိုက်စစ်ပိုင်းကို ပြင်ဆင်ရန် ကြိုးစားလျက်ရှိသော ဘိုအာစ်က လန်ဒန်မြို့ခံ အသင်းများထက် လက်ဦးမှုရယူကာ မာတာကိုခေါ်ယူနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ အသက်(၂၃)နှစ် အရွယ်ရှိ မာတာသည် အင်္ဂလိပ် စကားကိုကျွမ်းကျင်စွာ ပြောဆိုရေးသား တတ်သူ တစ်ဦးဖြစ်ပြီး ပရီးမီးယား လိဂ်၌အလျင်အမြန် အထိုင်ကျ လိမ့်မည်ဟု ပရီးမီးယားလိဂ် ကျွမ်းကျင် သူများက သုံးသပ် လျက်ရှိသည်။ အခြားသတင်း တစ်ရပ်အနေဖြင့် ချဲလ်ဆီး အသင်းနည်းပြ ဘိုအာစ်က ဖခင်ဖြစ်သူမီ ချယ်ဂျွန်အိုဘီပြန်ပေး ဆွဲခံထားရ သော်လည်း အသင်း အတွက် အင်ပြည့် အားပြည့်ပါဝင် ကစားသွား ခဲ့သော ကွင်းလယ် လူဂျွန်အိုဘီမီခေးလ်၏ စိတ်ဓာတ်ကို ချီးကျူး လိုက်သည်။
မီခေးလ်၏ ဖခင်ဖြစ်သူ မီချယ်အား ပြန်ပေး ဆွဲထားသော နိုင်ဂျီးရီးယား အကြမ်းဖက် သမားများက ပြန်ပေးငွေ ပေါင်(၈၀,ဝ၀ဝ) တောင်းဆို ထားသော်လည်း မိခင်ဖြစ်သူ အီရိုဆူးအိုဘီက ယခုအချိန် အထိ မီချယ်၏ ပြန်ပေး ဆွဲမှုနှင့် ပတ်သက်၍ သတင်းအချက် အလက်များ ကြားသိရခြင်း မရှိသေး ဟု ပြောကြားခဲ့သည်။ မီချယ်သည် ပြီးခဲ့သည့် ရက်သတ္တ ပတ်က နိုင်ဂျီးရီးယား နိုင်ငံ ဗဟိုရှိ ပလာတေးပြည်နယ်မြို့တော် ဂျို့စ်မြို့မှ အလုပ်လုပ်ပြီး နေအိမ်သို့ပြန်လာစဉ် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သော်လည်း မီခေးလ်ကမူ စတုတ်စီးတီးနှင့် ဂိုးမရှိ သရေကျခဲ့ သော ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ချဲလ်ဆီး အသင်း အတွက် ပွဲချိန်ပြည့် ပါဝင် ကစား သွားခဲ့သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်