BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, August 26, 2011

ပရိသတ်၏ ပြင်းထန်စွာ ဝေဖန်ခြင်း ခံရသည့် ရော်နယ်ဒို


(၃-၈-၂၀၁၁) နေ့က ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး တရုတ် နိုင်ငံသို့ ဘောလုံး အကယ်ဒမီ ဖွင့်လို သော ရည်မှန်းချက်ဖြင့် တရုတ်ပြည်ရောက်နေ သော စပိန်ကလပ်အသင်းသည် ဆွေးနွေး ပွဲကြီးမစမှီ အကြို ဆွေးနွေးအင်တာဗျူးပွဲ တွင် ဘောလုံး စူပါစတား ရော်နယ်ဒို၏ ဖြေကြားပုံ၊ ဟန်အမူအယာတို့ အချိုးမကျ သဖြင့်၎င်းအားတရုတ် အားကစားဝါသနာ ရှင်များက ပယ်ပယ် နှယ်နှယ် ဝေဖန် လိုက်ကြောင်း သတင်းစာတွင် ဖော်ပြလိုက်သည်။
စပိန်ကလပ်အသင်းနှင့် စူပါလိဒ် လီဒါဂွန်ဇီဟိုအဖွဲ့တို့သည်၊ တရုတ်နိုင်ငံ တွင် ဘောလုံး အကယ်ဒမီဖွင့်ရေး ဆွေးနွေးကြမည်ဖြစ်သည်။ စပိန်က ဦးဆောင်ပြီး ဘောလုံးကန် နည်းပညာများ သင်ကြားပို့ချမည်ဖြစ်ပြီး တရုတ်လူငယ် (၁၀ဝ၀ဝ)ကျော် တက်ရောက်သင်ကြား မည်ဟု မျှော်မှန်းထားသည်။ ထိုအဓိက ဆွေးနွေးပွဲ မစမှီ အကြိုရက်တွင် စပိန် အသင်းမှ ခရစ်စတီနို ရော်နယ်ဒို (ရီးရဲ မက်ဒရစ် ဘောလုံးစူပါစတား) နှင့် တရုတ် မီဒီယာ၊ဂျာနယ်လစ် စသည့်တို့ အပြန် အလှန် စိတ်ဝင်စားဗျူးကြသည်။
ထိုပွဲတွင် ရော်နယ်ဒိုသည် မေးခွန်းများ ဗလုံးပထွေး ဖြေကြားခြင်း၊ တစ်ဖက်သား၏မေးခွန်းကို တိုတိုတုပ်တုပ်စိတ်မဝင်စားသလို ဖြေကြား ခြင်း၊ မျက်နှာဟန် အမူအရာ(ပုံရှု)ထားပုံ မှာလည်း ကိုယ့်ကို ကိုယ်အထင်ကြီးလွန်း ပြီး၊မာနခဲပုံပေါက်နေသည်။ ထိုပွဲအပြီးတွင် တရုတ်ပြည်အဝှမ်းမှ အီးမေး ဖြင့်လည်း ကောင်း အင်တာနက်မှလည်းကောင်း ဂျာနယ် စာစောင် များမှ လည်းကောင်း ရော်နယ်ဒိုကို မာနကြီးသောသူ လေးစား ထိုက်သူမဟုတ်၊ စသည်ဖြင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြသည်။ ပြီးခဲ့သည် နှစ်ကမှ သားဦးကလေး ရလာသော ရော်နယ်ဒို သည်။ ဤကဲ့သို့ ဝေဖန်ခံရမှုကြောင့် ရော်နယ်ဒိုကို မော်ဒယ် အဖြစ်သုံးကာ အရောင်းမြှင့်တင် ထားသော နိတ်ခ် အားကစားကုမ္ပဏီ၏ တရုတ်ပြည် အရောင်း ဈေးကွက်သည် ကျဆင်းသွားမည်ဟု သတင်းက ဆိုသည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်