- Wednesday, 10 August 2011 16:48
- Daily Sport
ပရီးမီးယားလိဂ် ဆိုသည်မှာ အင်္ဂလန်နိုင်ငံရှိ အဆင့်မြင့်ဆုံး ဘောလုံး လိဂ်ပြိုင်ပွဲ ဖြစ်ပြီး ကလပ် အသင်း ပေါင်း(၂၀)ပါဝင် ယှဉ်ပြိုင်လျက် ရှိကြသည်။ တန်းတက်၊ တန်းဆင်းစနစ်ဖြင့်ကျင်းပနေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ(၂၀)မှ စတင်၍ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ဩဂုတ်လမှ မေလအထိ တစ်ရာသီကြာ ကျင်းပလေ့ရှိသည်။ အသင်း တစ်သင်း လျှင် တစ်ရာသီ အတွင်း ပွဲစဉ်(၃၈)ပွဲ ကစားရသောကြောင့်် စုစုပေါင်းပွဲ (၃၈၀) အထိ ကစားရသော လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ပွဲစဉ်အများစုကို ရက်သတ္တပတ် ၏ စနေနှင့် တနင်္ဂနွေနေ့ များ၌ ကျင်းပလေ့ရှိသည်။ ၁၉၉၃ခုနှစ်မှ ၂၀ဝ၇ခုနှစ် အထိ ပရီးမီးယားရှစ်ပြိုင်ပွဲဟု လူသိများခဲ့သော ပရီးမီးယား လိဂ်ပြိုင်ပွဲကို လက်ရှိ စပွန်ဆာပေး နေသော ဘာကလေဘဏ်ကို အစွဲပြု၍ ဘာကလေ ပရီးမီးယားလိဂ်ပြိုင်ပွဲဟု အမည် တွင်လျက်ရှိသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အပြင်းအထန်ဆုံးပြိုင်ဆိုင်မှုများကို ကောင်းမွန် ပြည့်စုံ သည့် ရိုက်ချက်များဖြင့် ထုတ်လွှင့်ပြသမှု များကြောင့် ကမ္ဘာတစ်ဝှမ်း ပရိသတ်အားပေးမှု အများဆုံး လိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်လျက် ရှိသည်။. ထို့ကြောင့်ပင် ပြိုင်ပွဲဝင် ကလပ်အသင်းများ အနေဖြင့်များပြားသည့် ဝင်ငွေများ ရရှိခဲ့ကြသလို ယူအီးအက်ဖ်အေ၏ ကလပ် အသင်းအဆင့် လိဂ်ပြိုင်ပွဲ သတ်မှတ်ချက်တွင် လည်း စပိန်လာလီဂါ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ တို့ကို ကျော်ဖြတ်၍ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။
၁၉၉၂ခုနှစ်မှ စတင်ခဲ့သော ပရီးမီးယားလိဂ်ပြိုင်ပွဲကို လက်ရှိ အချိန်အထိ ကလပ် အသင်းပေါင်း (၄၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လက်ရှိ ချန်ပီယံ မန်ယူက (၁၂)ကြိမ်၊ အာဆင် နယ်နှင့် ချဲလ်ဆီးက (၃)ကြိမ်စီနှင့် ဘလက်ဘန်းက (၁)ကြိမ် စုစုပေါင်းအသင်း(၄)သင်း ကသာ ချန်ပီယံဆုကို ရရှိခဲ့ဖူးသည်။ ၁၉၈၀ခုနှစ်နှောင်းပိုင်း အထိ အင်္ဂလန် ဘောလုံးလောကမှာ ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ ဆိုးသွမ်း ပရိသတ်များပြားခြင်း စသည်တို့ကြောင့် အဆင့်အတန်း နိမ့်ကျလျက်ရှိခဲ့ကာ အီတလီ စီးရီးအေနှင့် စပိန်လာလီဂါ ပွဲစဉ်များ၏ နောက်တွင်သာ ရပ်တည်နေခဲ့သည်။ သို့သော် ၁၉၉၀ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ် ရောက်ရှိသည် အထိ အောင်မြင်မှုရရှိခဲ့ခြင်း၊ မန်ယူအသင်းက ၁၉၉၁ ယူအီး အက်ဖ်အေ ချန်ပီယံများ ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း တို့နောက်ပိုင်း တွင်မှု အင်္ဂလန်ဘောလုံး လောကလည်း အကောင်း ဘက်သို့ ဦးတည်လာခဲ့သည်။ ၁၉၉၁ ခုနှစ်မှစတင်၍ ရုပ်သံလွှင့်ခများ၊ ဝင်ငွေများ တိုးတက် ရရှိလာခြင်းနှင့်အတူ အင်္ဂလန်နိုင်ငံ၌ အဆင့်မြင့်ဆုံး လိဂ်ပြိုင်ပွဲ တည်ထောင်ရန် ဆွေးနွေးခဲ့ကြပြီး ၁၉၉၂ ခုနှစ် မေလတွင်မူ နှစ်ပေါင်း (၁၀၄)နှစ်ကြာ ကျင့်သုံး လာခဲ့သော ပုံစံဟောင်းကို ဖျက်၍ ယခင်အင်္ဂလန် ပထမတန်း ပြိုင်ပွဲကို ပရီးမီးယားလိဂ် ပြိုင်ပွဲ ဟု ပြောင်းလဲကျင်းပခဲ့သည်။ ၁၉၉၂-၉၃ ဘောလုံးရာသီ၌ ပထမဆုံး အကြိမ် ကျင်းပသည့် ပရီးမီးယား လိဂ်ပြိုင်ပွဲကို အသင်းပေါင်း (၂၂) သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်