ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားမယ် ရှာရာပိုဗာ
- Wednesday, 10 August 2011 15:19
- Daily Sport
ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ၂၀ဝ၈ ခုနှစ်ကတည်းက ဂရင်းစလင်းပြိုင်ပွဲ များတွင် အောင်မြင်မှုများ မရရှိခဲ့သော်လည်း ပရော်ဖက်ရှင်နယ် အားကစား လောက၏ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားမယ် အဖြစ် ပြိုင်ဘက်မရှိ ထိပ်ဆုံးမှ ဆက်လက်ရပ် တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Forbes မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်အရ ရှာရာပိုဗာ သည် ၂၀၁၁ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ချက်တင်းနစ်မယ် ဗီတိုဗာအား အရေးနိမ့်ကာ ချန်ပီယံဖြစ်ခွင့် လွဲချော်ခဲ့ရ သော်လည်း ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားမယ် စာရင်းတွင်မူ (၇)နှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ သည်။ ၂၀၁၁ ခုနှစ်အတွင်း ရှာရာပိုဗာ၏ ဝင်ငွေမှာ အများအားဖြင့် ကွင်းပြင်ပ စပွန်ဆာဝင်ငွေများမှ ရရှိခြင်းဖြစ်ပြီး ခန့်မှန်းချေ ဒေါ်လာ ၂၅သန်း (ပေါင် ၁၅ .၃သန်း) ရှိခဲ့ပြီး ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သော လက်ရှိ ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ် ဝေါ့ဇ်နီယာစကီး၏ ဝင်ငွေထက် နှစ်ဆတိတိ ပိုမိုများပြားခဲ့သည်။
ရှာရာပိုဗာသည် လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဝေါ့ဇ်နီယာစကီး၊ က လိုက်စတား၊ ဇဗိုနာရီဗာနှင့်အဇာရန်ကာ တို့၏နောက် အဆင့်(၅) နေရာ၌သာ ရပ်တည် နိုင်ခဲ့သော်လည်း ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစား သမား စာရင်းတွင်မူ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကားမောင်း အမျိုးသမီးကစားသမား ဒါနီကာပက်ထရစ်က ဝင်ငွေဒေါ်လာ (၁၂)သန်း ဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ၄င်း၏နောက်၌ တင်းနစ်မယ် များဖြစ်သော ဗီးနပ်စ်ဝီလျံ၊ ကလိုက်စတားနှင့်ဆရီနာဝီလျံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အားကစား မယ်စာရင်းတွင် တင်းနစ်လောကမှ (၇)ဦးပါ ဝင်လျက်ရှိပြီး အထူးသဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဒေါ်လာ(၈)သန်း ဝင်ငွေရရှိခဲ့သော တရုတ်တင်းနစ်မယ် လီနာမှာ ပြင်သစ်အိုးပင်း ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ဝင်ငွေအကောင်းဆုံး စာရင်း၌ ထိပ်ပိုင်း သို့ရောက်ရှိလာ နိုင်ကြောင်း သိရှိရသည်။
ရှာရာပိုဗာသည် ဂရင်းစလင်း ပြိုင်ပွဲတွင် (၃)ကြိမ် ဗိုလ်စွဲထားသလို အခြား WTA ပြိုင်ပွဲ အမျိုးအစားတွင် (၁၆)ကြိမ် ဗိုလ်စွဲထားပြီး Pepsl, Colgate, Palmolive, Nike နှင့် Motorola အစ ရှိသည့် စီးပွားရေး ကုမ္ပဏီများနှင့် စပွန်ဆာ စာချုပ်များ ချုပ်ဆိုထားခြင်းကြောင့် ကွင်းအတွင်း အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့သော်လည်း ယခုကဲ့သို့ ဝင်ငွေအကောင်းဆုံး အားကစား မယ်အဖြစ် (၇)နှစ်ဆက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး(၃)နှစ်ဆက် ရှာရာပိုဗာ၏ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်ခဲ့သော ဆရီနာဝီလျံ မှာမူ ယခုနှစ်အတွင်း ဒဏ်ရာပြဿနာများ နှင့်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် အချိန် အတော်ကြာ အနားယူခဲ့ရ၍ ၂၀၁၁ ကမ္ဘာ့ဝင် ငွေအကောင်းဆုံး အားကစားမယ် စာရင်းတွင် အဆင့်(၆)သို့ လျော့ကျ သွားခဲ့ရသည်။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးအားကစားမယ်များ
(၁) ရှာရာပိုဗာ (ရုရှား၊ တင်းနစ်) - (၂၅)သန်း
(၂) ဝေါ့ဇ်နီယာစကီး (ဒိန်းမတ်၊ တင်းနစ်) - (၁၂ .၅)သန်း
(၃) ပက်ထရစ် (အမေရိကန်၊ ကား) - (၁၂)သန်း
(၄) ဗီးနပ်စ်ဝီလျံ (အမေရိကန်၊ တင်းနစ်) - (၁၁ .၅)သန်း
(၅) ကလိုက်စတား (ဘယ်လ်ဂျီယံ၊ တင်းနစ်) - (၁၁)သန်း
(၆) ဆရီနာဝီလျံ (အမေရိကန်၊ တင်းနစ်) - (၁၀ .၅)သန်း
(၇) ကင်မ်ယူနာ (တ/ကိုရီးယား၊ စကိတ်) - (၁၀)သန်း
(၈) လီနာ (တရုတ်၊ တင်းနစ်) - (၈)သန်း
(၉) အီဗန်နိုဗစ် (ဆားဘီးယား၊ တင်းနစ်) - (၆)သန်း
(၁၀) ခရင်မာ (အမေရိကန်၊ ဂေါက်) - (၅ .၅)သန်း
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်