Wednesday, 10 August 2011 00:00
- First Music News Journal
ဘရာဇီး ကလပ် ဆန်းတို့စ် အသင်း ဟာ အသင်း ကစား သမား ဟောင်း ဘရာဇီး ဂန္ထဝင် ကစား သမားကြီး ပီလီကို ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲမှာ အသင်း အတွက် တစ်ကျော့ ပြန်ပါဝင် ကစားပေးစေဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၇၀ အရွယ် ပီလီ အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ဆန်းတို့စ် အသင်းနဲ့ အတူ တစ်ကျော့ ပြန်လက်တွဲဖို့ မဖြစ်နိုင်ဘူးလို့ ဘရာဇီး ပြင်ပ မီဒီယာတွေက သုံး သပ်နေကြပေမယ့် ဆန်းတို့စ် အသင်းရဲ့ ဈေးကွက် အမှုဆောင် အရာရှိ အာမီအို နက်တိုက ပီလီ ကစားမယ့် ကိစ္စကို ငြင်းဆန်ခြင်း မပြုခဲ့ပါဘူး။ အဲဒါကြောင့် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ တိုက်စစ်မှူး ဟောင်းပီလီ ကို ထည့်သွင်း ကစားလိုတဲ့ ဆန်းတို့စ် အသင်းရဲ့ဆန္ဒ ပြည့်မြောက်ဖွယ် ရှိတယ်လို့ Folha de Sao Paulo သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ကျွန်တော် ဒီကိစ္စကို သံသယ မဖြစ်မိပါဘူး။ နည်းပြ အပေါ်မှာပဲ မူတည်ပါတယ်။ ပီလီသာ ဝင်ရောက်ကစား မယ်ဆိုရင် ဘာလို့ မဖြစ်နိုင်ရမှာလဲလို့ နက်တိုက ပြောဆိုသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ပီလီနဲ့ မက်ဆီကို ပြိုင်ဘက်တွေ အဖြစ် တွေ့မြင်ခွင့် ရခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု တစ်ခဲနက် ရရှိနိုင်ပြီး စီးပွားရေး အရလည်း အကြီး အကျယ် အောင်မြင်နိုင် လိမ့်မယ်လို့ နက်တိုက ယုံကြည်နေပါတယ်။ သတင်းတွေ ရဲ့အဆိုအရ ပီလီဟာ ဒီဇင်ဘာလ ကျင်းပမယ့်ပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာ စေဖို့ လေ့ကျင့်ခန်း စဆင်းနေပြီလို့ သိရပါတယ်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်