အကြီလာနီ၏ အနာဂတ် လီဗာပူး၌ ဆက်လက် ရှိနိုင်သေး...
- Wednesday, 10 August 2011 00:00
- First Music News Journal
ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းကို အငှား သွားရောက် ကစားခဲ့စဉ် အတွင်း ခြေစွမ်းပြ ကစားနိုင် ခဲ့တဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ အကွီလာနီရဲ့ အနာဂတ် ဟာ လီဗာပူး အသင်းမှာပဲ ဆက်ရှိနိုင် သေးတယ်လို့ လီဗာပူး အသင်း နည်းပြ ဒဲလ်ကလစ်ရှ်က အရိပ်အမြွက် ဖွင့်ဟ သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ယခု နွေရာသီ အတွင်း ဟန်ဒါဆန်၊ ချာ လီအဒမ်နဲ့ ဒေါင်းနင်းတို့ကို ခေါ်ယူအား ဖြည့်ထားတာကြောင့် အသက် ၂၇ နှစ်အရွယ် အကွီလာနီဟာ စီးရီးအေကို တစ်ကျော့ ပြန်သွားတယ်လို့ သုံးသပ် နေကြပြီး သတင်းတွေရဲ့ အဆိုအရ ဖီ အိုရင်တီးနားနဲ့ အေစီမီလန် အသင်း တွေက အကွီလာနီကို ဆက်သွယ် နေကြ ပြီဖြစ်ပါတယ်။ ဒါပေမယ့်ဒဲလ်ကလစ်ရှ် ကအကွီလာနီရဲ့ အနာဂတ်ဟာ အန်ဖီးလ် မှာပဲ ဆက်ရှိနိုင် သေးတယ်လို့ အရိပ် အြွမက် ဆိုခဲ့ပါတယ်။ ရာသီကြို ခြေ စမ်းပွဲတွေမှာ သူအသင်းနဲ့ အတူရှိနေလို့ ကျွန်တော်တို့ အရမ်း ဝမ်းသာမိပါတယ်။ နောက်ပြီး သူဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ အရမ်း ကျေနပ်မိပါ တယ် လို့ ဒဲလ်ကလစ်ရှ်က သတင်း ထောက်တွေကို ပြောကြား သွားခဲ့ပါတယ်။ အကွီလာနီဟာ ရိုးမားအသင်းကနေ ၂၀ဝ၉ခုနှစ်မှာ ယူရိုသန်း ၂၀ နဲ့ ပြောင်း ရွှေ့လာခြင်း ဖြစ်ပြီး အန်ဖီးလ်မှာ ရုန်း ကန်နေရသလို ပထမဆုံးရာသီမှာ လည်း နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါ တယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ရာသီမှာ အငှားချ ခံခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အကွီလာနီဟာ လာမယ့် ရာသီမှာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နိုင် သေးတယ် လို့ ပြောဆို
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်