Share |

မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့သည် ပရီးမီးယား လိဂ်တွင် (၃)ပွဲစီ ကစားပြီးနောက် ရာနှုန်းပြည့် အနိုင် ရလဒ်များဖြင့် အမှတ်ပေး ဇယားကို ဦးဆောင် နေကြသည်။ အင်္ဂလန် အသက် (၂၁)နှစ်အောက် လက်ရွေးစင် တိုက်စစ်မှူးလေးက ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို မန်ချက်စတာ နှစ်သင်းနှင့် အပြိုင်ရယူ နိုင်စွမ်း ရှိနေကြောင်း သုံးသပ်ခဲ့သည်။ ချယ်လ်ဆီးသည် (၂၀၁၀)ပြည့်နှစ်က ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ကို ဆွတ်ခူးရယူ နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ဘောလုံး ရာသီကမူ မန်ချက်စတာ ယူနိုက်တက်က (၅)နှစ်အတွင်း (၄)ကြိမ်မြောက် ချန်ပီယံဆု ဖလား ကိုင်မြှောက် နေမှုကို စောင့်ကြည့်နေ ခဲ့ရသည်။

ချယ်လ်ဆီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျ
ယခု ရာသီတွင်လည်း မန်ချက်စတာ နှစ်သင်းလုံး ခြေစွမ်း အကောင်းဆုံး ရှိနေသော်လည်း စတားရစ်ဂ်ျက အန်ဒရီဗီး လက်စ် ဘိုဝါးစ် လက်အောက်တွင် ချယ်လ်ဆီးသည် ချန်ပီယံဆု အတွက် ယုံကြည်ချက် အပြည့် ရှိနေကြောင်း ပြောဆိုလိုက်သည်။ "မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ ရာသီအစ ကတည်းက ရလဒ်တွေ အရမ်း ကောင်းနေပါပြီ။ ဒါပေမဲ့
ကျွန်တော့် အနေနဲ့ ချယ်လ်ဆီးရဲ့ စွမ်းရည်ကို ဘယ်တုန်းကမှ သံသယ မရှိပါဘူး။ ချယ်လ်ဆီးဟာ သူတို့ အသင်းတွေကို ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်း ရှိနေပါတယ်" ဟု ပြီးခဲ့သည့် ဘောလုံး ရာသီက ဘော်လ်တန်တွင် အငှား သွားကစားခဲ့သည့် စတားရစ်ဂ်ျက Daily Mirror သို့ ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ဒီနှစ် ဘောလုံး ရာသီက ကျွန်တော့်အတွက် သိပ်ကို ကြီးကျယ်ပါတယ်။ ကျွန်တော် ဘာလုပ်နိုင်တယ် ဆိုတာ ဘော်လ်တန်မှာ သက်သေပြခဲ့ ပြီးပါပြီ။ ဒါကို ကျွန်တော် ချယ်လ်ဆီး မှာလည်း ဆက်လုပ် နိုင်တယ်ဆိုတာ လက်တွေ့ ပြချင် ပါသေးတယ်" ဟု ဖွင့်ဟ ခဲ့သည်။ ၎င်းသည် ဘော်လ်တန်အတွက် (၁၂)ပွဲသာ ကစား ခဲ့သော်လည်း (၈)ဂိုးထိ သွင်းယ နိုင်ခဲ့သည်။

--
ပုံမမြင်ရရင် ဘလော့မှာကြည့်ပါhttp://www.bsphoekhaing.blogspot.com/
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်