BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, September 11, 2011

ဟန်ဆန်အား လက်ရွေးစင် နည်းပြ ရာထူးအတွက် ကမ်းလှမ်းခဲ့ဟု သတင်းများ ထွက်ပေါ်



-- Share |

ဆီးဂိမ်းပြိုင်ပွဲ ၀င်မည့် မြန်မာ့ လက်ရွေးစင် နည်းပြရာထူး အတွက် ဇေယျာရွှေမြေ အသင်း၏ နည်းပြဖြစ်သူ စတီဖင် ဟန်ဆန်အား ဘောလုံး အဖွဲ့ချုပ်မှ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ကိုရီးယားနိုင်ငံ သံရုံး၏ ကမ်းလှမ်းမှုဖြင့် ကိုရီးယား နည်းပြတစ်ဦးအား ခန့်အပ်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ သော်လည်း အပြီးသတ် ခန့်အပ်ရန်မူ အကြောင်း အမျိုးမျိုးကြောင့် ပျက်ပြားခဲ့ရသည်။ ထို့ကြောင့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ အနေဖြင့် ပြည်တွင်း နည်းပြများထဲမှ သင့်တော်သူ တစ်ဦးအား ခန့်အပ် တာဝန်ပေးရန် ပြောင်းလဲ စဉ်းစားခဲ့ခြင်း ဖြစ်သည်။


ယခုအခါ အတည်မပြု နိုင်သေးသည့် သတင်းတစ်ရပ် အဆိုအရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများက ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူများမှ တဆင့် ဟန်ဆန်အား လက်ရွေးစင် အသင်း နည်းပြအဖြစ် ယာယီ ခန့်အပ်ခွင့် ရရှိရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ဟန်ဆန်ကမူ "ကျွန်တော့်ကို လက်ရှိ အချိန်ထိ တရားဝင် ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ ဒါကြောင့် ဘာမှ မပြောနိုင် သေးပါဘူး။ ကမ်းလှမ်း လာခဲ့ရင်တော့ လက်ခံ သွားမှာပါ" ဟု Soccer Myanmar သို့ ပြောကြားခဲ့သည်။ ဟန်ဆန်သည် ဇေယျာရွှေမြေ အသင်းနှင့် ၂၀၁၄ ဖေဖော်ဝါရီ အထိ စာချုပ်ချုပ် ဆိုထားသည့် နည်းပြတစ်ဦး ဖြစ်ပြီး ယခင်ကလည်း လက်ရွေးစင် အသင်း နည်းပြရာထူးအား စိတ်ဝင်စားကြောင့် ထုတ်ဖော် ပြောကြားခဲ့ဖူးသူ ဖြစ်သည်။

သို့သော် အခြား သတင်းတစ်ရပ် အရမူ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဥဿာ ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဆီဗာဂျီအား ခန့်အပ် တာဝန်ပေးရန် ပိုမို လိုလားလျက် ရှိကြောင်းလည်း သိရသည်။

ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်