Share |
မန်ချက်စတာ စီးတီး အသင်းသည် အိုဝင် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အခြေအနေ မျှော်လင့်သလို မကောင်း မွန်ခဲ့ပါက ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်စ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဟားဂရေ့ဗ်သည် ဇန်န၀ါရီလ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ကာနီး အချိန်တွင် မန်ချက်စတာ စီးတီးနှင့် စာချုပ်ဖြစ်ခဲ့သည်။ ယခုအခါ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် အင်္ဂလန် ကွင်းလယ်လူကို ကြံ့ခိုင်မှု အသားပေး လေ့ကျင့်မှုများ လုပ်ကိုင် နေစေပြီး ယခင် ကတည်းက မှတ်တမ်းဟောင်း ရှိခဲ့သော ကြံ့ခိုင်မှု ပြဿနာများ ပြန်ပေါ်လာပါက ၎င်းနေရာ အစားထိုးရန် ဘက်စ်ကွက်စ်ကို စောင့်ကြည့် နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အီတလီသား မန်စီနီသည် နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ကမ္ဘာ့အဆင့် ကွင်းလယ် ခံစစ်သမား တစ်ဦးကို ခေါ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
Caughtoffside.com က မန်စီနီသည် စပိန်နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ ကွင်းလယ်တွင် အကောင်းဆုံး ပဲ့ကိုင် ထိန်းကျောင်းနေသည့် ဘက်ကွက်စ် အတွက် ပေါင်စတာလင် (၃၅)သန်းဖြင့် ဇန်န၀ါရီ လတွင် ကမ်းလှမ်းသွားရန် စဉ်းစား ထားကြောင်းလည်း ဖော်ပြသွားသည်။ ဘက်စ်ကွက်စ်သည် (၃)နှစ်အတွင်း ဘာစီလိုနာ အသင်း လာလီဂါ ချန်ပီယံ (၃)ကြိမ်နှင့် ဥရောပ ချန်ပီယံ (၂)ကြိမ်ဖြစ်ရာတွင် ပါဝင် ကူညီခဲ့သလို စပိန် လက်ရွေးစင် အသင်းနှင့် အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဘွဲ့ကိုလည်း ဆွတ်ခူး နိုင်ခဲ့သည်။ မန်စီနီသည် ဒန်နီရယ်လ် ဒီရော့ဆီနှင့် မာ့ခ် ဗန်ဘောမဲလ်တို့အား ချိတ်ဆက်ခဲ့ပြီး မအောင်မြင်ခဲ့သည့် ကွင်းလယ်ခံစစ် နေရာအတွက် ဘက်စ်ကွက်စ်ကို အလေးထား ပစ်မှတ်အဖြစ် လျာထားကြောင်း သိရသည်။
လက်ရှိတွင်မူ မန်ချက်စတာ စီးတီးအနေနှင့် ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှုကို အလေးထား လေ့လာနေဆဲ ဖြစ်သည်။ အကယ်၍ ဟားဂရေ့ဗ်၏ ကြံ့ခိုင်မှု အနေအထား ပြန်လည် ပြည့်ဝလာပါက ဘက်စ်ကွက်စ် အတွက် ကမ်းလှမ်းမှုကို ရာသီကုန်ထိ မန်စီနီက ရွှေ့ဆိုင်းထားဖွယ် ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
--

မန်စီနီ စိတ်ဝင်စားနေပြန်သည့် ဘက်စ်ကွက်စ်

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်