ချယ်လ်ဆီး တိုက်စစ်မှူး နီကိုလက်စ် အနယ်လ်ကာအား အရှေ့ အလယ်ပိုင်း ဒေသရှိ ကလပ်အသင်း တစ်ခုက လက်ရှိ လုပ်ခထက် (၂)ဆပေးကာ ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရသည်။
ဒိုဟာ မြို့တော်တွင် အခြေစိုက်သည့် ကာတာကလပ် အယ်လ်အာရဘီက အသက်(၃၂)နှစ်ရှိ ပြင်သစ် လက်ရွေးစင် ကစားသမား အပေါ် အထူး စိတ်ဝင်စား နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အနယ်လ်ကာသည် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ယခု ဘောလုံးရာသီ အကုန်ထိသာ စာချုပ်သက်တမ်း ရှိတော့ပြီး အကယ်၍ ကာတာကလပ် ထံမှ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါက တစ်နှစ်လုပ်ခ ပေါင်စတာလင် (၈.၄)သန်းမျှထိ ရရှိနိုင်ကြောင်း Peopleက ဖော်ပြခဲ့သည်။ ချယ်လ်ဆီး အနေနှင့်လည်း ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)၏ ဘဏ္ဍာရေး Fair Play စည်းမျဉ်းကြောင့် အနယ်လ်ကာ အတွက် အမှန်တကယ် ကမ်းလှမ်းမှုမျိုး ရရှိလာပါက လက်ခံ စဉ်းစားနိုင်ကြောင်း သိရသည်။
ကာတာကလပ်မှ စိတ်ဝင်စားနေသည့် အနယ်လ်ကာ
ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုဝါးစ် အနေနှင့် အနယ်လ်ကာကို ရောင်းထုတ် ဖြစ်လျင်လည်း ဒီဒီရာ ဒရော့ဂ်ဘာ၊ ဖာနန်ဒိုတောရက်စ်၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဆော်လမွန်ကာလူးနှင့် ရိုမီလူ လူကာကူတို့ ကဲ့သို့ ထိပ်တန်းအဆင့် တိုက်စစ် သမားများကို ပိုင်ဆိုင် ထားသဖြင့် ရွေးချယ်စရာ လျော့နည်းသွားဖွယ် မရှိချေ။ ထို့အပြင် ဂျူအန်မာတာ၊ ဖလောရင့် မာလူဒါတို့သည်လည်း ချယ်လ်ဆီး၏ (၃)ယောက်တန်း တိုက်စစ်တွင် ဂျူအန်မာတာနှင့် ဖလောရင့် မာလူဒါတို့လည်း ၀င်ကစား နိုင်ခြင်းကြောင့် အနယ်လ်ကာအား ရောင်းချရန် စဉ်းစား လာနိုင်ကြောင်း သိရသည်။
နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း အနယ်လ်ကာကို ပြင်သစ်ကလပ် ပဲရစ်စိန့် ဂျာမိန်းကလည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခုအခါ အနယ်လ်ကာ အနေနှင့် အယ်လ်အာရဘီ၏ ချိတ်ဆက်မှုကို စိတ်ဝင်စားနေပြီး ချယ်လ်ဆီးထံမှ ထွက်ခွာခွင့် တောင်းဆိုရန် စဉ်းစားလာဖွယ် ရှိနေကြောင်း သိရှိရသည်။
--









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်