BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, October 19, 2011

ယူရို တစ်သန်း ကျော်တန် ရေလုပ်ငန်း စီမံကိန်း အီးယူ ကမ်းလှမ်း


စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ခြင်းခံ ထားရသည့် မြန်မာနိုင်ငံ၏ ရေလုပ် ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေးနှင့် ငါးမျိုးဗီဇ အဆင့်မီမြင့်မား စေရန် ရည်ရွယ်၍ ဥရောပသမဂ္ဂ (EU) က ယူရို ၁ ဒသမ ၃ သန်းတန်ဖိုးရှိ ရေလုပ်ငန်း စီမံကိန်းတစ်ခုကို လုပ်ကိုင်မည်ဟု ကမ်းလှမ်း ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်သော ငါးလုပ်ငန်းအပတ်စဉ် အဖွဲ့ချုပ်အစည်း အဝေးတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ငွေကြေးအကူအညီအပြင် နိုင်ငံတကာမှ နည်းပညာဆိုင်ရာ အကူအညီများကိုလည်း ထောက်ပံ့ ကူညီပေး သွားမည်ဖြစ်ပြီး ယင်း အစီအစဉ်တွင် ငါးလုပ်ငန်းဦး စီးဌာနလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးနှင်းဦးက ထပ်လောင်းပြောကြားသည်။ "နောက်ထပ် လုပ်ဆောင်ဖို့ ကတော့ ညွှန်ကြား ရေးမှူး တစ်ယောက်ရဲ့ လက်မှတ် ထိုးဖို့ အဆင့်တစ်ဆင့်ပဲလိုတော့ တယ်" ဟု ၎င်းက ဆိုသည်။ Arizona University က ကြားဝင် ကူညီထားသည့် ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၌ ၂၀၁၅ အာဆီယံ အသိုင်း အဝိုင်းတွင် ပါဝင်နိုင်ရန်အတွက် အထောက် အပံ့ကောင်း တစ်ခုဖြစ်လာ နိုင်ကြောင်း ရေထွက်ကုန် ပစ္စည်းပြည်ပသို့တင်ပို့နေ သူတစ်ဦးက သုံးသပ်ပြော ကြားသည်။ ယင်းစီမံကိန်း ကာလမှာ သုံးနှစ်သက်တမ်း ရှိမည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် လုပ်ဆောင်ရန်ရည်ရွယ်ထားကြောင်း ဦးနှင်းဦးက ရှင်းပြသည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်