BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, October 19, 2011

သရုပ်ဆောင် ထက်ထက်မိုးဦး အမှု ပုံမှန်ရုံးဖွင့်ချိန် ထက်စော၍ ကြားနာ

ထက်ထက်မိုးဦးမြန်မာနိုင်ငံတွင် စောင်ရေ အများဆုံး ထုတ်ဝေ ဖြန့်ချိနေသည့် 7 Day သတင်း ဂျာနယ်မှ သတင်းထောက် မအေးသူစံ၏ အင်တာဗျူးတွေ့ ဆုံမေးမြန်းမှုကိုပြောကြား နေစဉ် ကိုယ်ထိ လက်ရောက် တုံ့ပြန်ခဲ့ သောကြောင့် တရားစွဲဆိုခြင်း ခံထား ရသော ထက်ထက်မိုးဦး၏ အမှုအား အောက်တိုဘာ ၁၈ရက်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးက ပုံမှန် ရုံးချိန်ထက် စောပြီး နံနက် ၉နာရီခန့် တွင် စတင်စစ်ဆေးခဲ့သည်ကို တွေ.ရှိရသည်။

ခရမ်းရောင် အထက်အောက် ၀တ်ဆင်ထားသော ထက်ထက်မိုးဦးသည် နှစ်ဖက် သဘောတူညှီနှိုင်း ထားသည်. ရုံးချိန် နံနက်၈ နာရီခွဲအား ကျော်ပြီး မိနစ်၄၀ခန်.နောက်ကျပြီးမှ အမျိုးသား ဖြစ်သူနှင့်အတူ Super Custom ယာဉ်အမှတ် ၈ဈ/၂၄၃၅နှင့် အတူရောက် ရှိလာခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ တရားခွင် စစ်ဆေးမှု မစတင်မိ ရန်ကင်းမြို့နယ် တရားသူကြီးက သတင်းထောက် မအေးသူစံအား သတင်း မီဒီယာများသို. ဖြေကြားမှုနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း မှုပြုလုပ်ခဲ့ ပြီးနောက် ၉နာရီ၂၅ မိနစ်ခန်.တွင် တရားခံ အဖြစ် စွပ်စွဲခြင်း ခံထားရသူ ထက်ထက်မိုးဦးအား စစ်ဆေးကြား နာမှုပြု လုပ်ခဲ့သည်။၂၀၁၀ပြည့် နှစ်မေလ ၁၉ ရက်နေ.ညတွင် စတင်ခဲ့သော ယင်းအမှုသည် တစ်နှစ်ကျော် ကာလ ထိတိုင် ရောက်ရှိခဲ့ခြင်း နှင့်အပြိုင် ရုံးချိန်ပေါင်း (၅၃) ကြိမ်တွင် သရုပ်ဆောင်ထက်ထက်မိုးဦးမှ နှစ်ပတ် ဆက်တိုက် နှစ်ကြိမ် လာရောက်စစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။
တစ်နာရီ၁၅ မိနစ်အကြား စစ်ဆေးသော တရားခွင်ပြီး ဆုံးပြီးနောက် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် အမျိုးသားတို့မှာ တရားရုံးပြင်ပတွင် စောင့်ဆိုင်း နေသူ ပရိသတ်များနှင့် သတင်း မီဒီယာများကို တွေ.ဆုံခြင်း မရှိဘဲ တရားသူကြီး ရုံးခန်းတွင် ၅မိနစ်ခန့် မျှကြာအောင် စောင့်ဆိုင်း ခဲ့ပြီးနောက် လူရှင်းသွား သည့်အခါမှ တရားရုံးခန်း အတွင်းမှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် အမျိုးသားဖြစ်သူ မော်တော်ယာဉ် ပေါ်သို့မတက်ခင် ဓာတ်ပုံ သတင်းထောက်များက ဓာတ်ပုံ သတင်းရိုက် ယူခြင်း မပြုနိင်ရန် ထက်ထက်မိုးဦး၏ ရှေ့နေ့များက ခန္ဓာကိုယ်ဖြင့် ၀ိုင်းကာခဲ့ကြပြီး ၄င်း၏ လက်ရှိ အမျိုးသား ဖြစ်သူဇူးမြတ်ထက်က အမျိုးသမီး သတင်းထောက်များ အပါအ၀င် သတင်းထောက်များကို ကြမ်းတမ်း ရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ ခြေဖြင့် လှမ်းကန်ခြင်း၊ မော်တော်ယာဉ် မောင်းနှင် ထွက်ခွာရာတွင် လက်ခ လယ်ထောင်ပြခြင်းများ စသည့် မယဉ်ကျေးသည့် အမူအရာ ပြုမူခဲ့ ကြောင်း မျက်မြင်တွေ့ ကြုံခဲ့ သူများက ပြောကြားသည်။
" အရှေ့ဆုံးမှာ ရပ်နေတာ ပြည်မြန်မာက မိန်းကလေး သတင်းထောက်နဲ. Messenger ကအမျိုးသား သတင်းထောက် တစ်ယောက်ပါ။ ခြေနဲ့ကန်တာ ထိလို့ကတော့ သေချာ ပေါက်ထပ်ပြီး တရားစွဲ ရမှာပါ"ဟု နိုင်ငံရေး သတင်းများကို ဦးစားပေး ဖော်ပြနေသည့် ပြည်တွင်းထုတ် သတင်းဂျာနယ် တစ်စောင်မှ အယ်ဒီတာအဖွဲ့ ၀င် တစ်ဦးက ဆိုသည်။
ကိုယ်ထိလက် ရောက်ပြုမူခဲ့ သောကြောင့် တရားစွဲခံရသူ ထက်ထက်မိုးဦးနှင့် သတင်းထောက်များအား ကြမ်းတမ်း ရိုင်းစိုင်းစွာပြုမူခဲ့သူ ဇူးမြတ်ထက်တို.အား ယင်းကဲ့သို.ပြုမူရ လောက်သည့် အဓိက အကြောင်းရင်းကို သိရှိလိုသောကြောင့် ထက်ထက်မိုးဦး၏ ဖုန်းအား The Voice Weekly က ဆက်သွယ်ခဲ့ရာ ဖုန်းခေါ်ဆိုမှု ရရှိခဲ့ သော်လည်း လက်ခံဖြေကြား ခြင်းမရှိပေ။
သတင်းမီဒီယာများ အနေဖြင့် တရားခွင်အတွင်း ဓာတ်ပုံရိုက်ကူးခွင့်နှင့် အသံဖမ်း ယူခွင့်မရှိသော်လည်း တရား ရုံးပြင်ပတွင် လွတ်လပ်စွာ ဓာတ်ပုံရိုက်ကူးပိုင်ခွင့်ရှိပြီး မိမိ၏ အခွင့်အရေး အားထိပါး နှောင့်ယှက် ခံရပါက ပြန်လှန်တရားစွဲ ဆိုပိုင်ခွင့်ရှိကြောင်း တရားလွှတ်တော်ချုပ်ရှေ.နေ.တစ်ဦးက ပြောကြားသည်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာနယ်ဇင်းကျင့် ၀တ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် လူငယ် သတင်းထောက်များ အတွက် ဆောင်းပါး ရေးသားနေသူ လူထုစိန်ဝင်းက ယင်းအပြု အမူကြောင့် မိကောင်း ဖခင်သား သမီးမပီသရာ ကျပြီး Celebrityများ အနေဖြင့် မကောင်းသော အပြုအမူနှင့် အပြော အဆိုဆင်ခြင်ရ မည်ဖြစ်ကြောင်း၊ မီဒီယာ သမားများ အနေဖြင့် လည်း တုံ့ ပြန်ရိုင်းစိုင်း မှုများ မပြုလုပ်ရန် အရေးကြီးပြီး ယဉ်ကျေးစွာ ပြုမူရမည်ဖြစ်ကြောင်း သုံးသပ် ပြောကြား သည်။
နိုင်ငံရေး သတင်းများကို ဦးစားပေး ဖော်ပြနေသည်. ပြည်သူ ခေတ်ဂျာနယ်မှ ဆရာမောင်ဝံသကမူ " ကိုယ့်မှာ သက်သေရှိနေတာ တရားစွဲဖို့ ကောင်းတယ်။ သတင်းသမား ဆိုတာ Professional လုပ်နေတာ၊ ဥပဒေကြောင်း အရ တရားစွဲဖို့ လိုသလို ထိထိရောက်ရောက် အရေးယူပေးရမယ် " ဟု The Voice Weekly၏ မေးမြန်းမှုကို ဖြေကြားသည်။ ဆရာမောင်ဝံသကို ဆက်သွယ် မေးမြန်းချိန်တွင် ၄င်း၏ နေအိမ်သို.ရောက်ရှိနေသူ စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုထံမှ ဆရာမောင်ဝံသ၏ ထပ်မံ ဆက်သွယ် ပေးမှုအရ ထင်မြင်ချက် ရယူခဲ့ရာ အကြောင်းမဲ့ စော်ကားနေ မှုများကို ဥပမာ ဖြစ်သွား နိုင်သဖြင့် သည်းခံရန် မသင့်ကြောင်း၊ ပညာ ခေတ်ဖြစ်သည်.အတွက် ပညာနဲ.အလုပ်လုပ် လုပ်ကြရန် လိုကြောင်း ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေကို The Voice Weekly က ညနေ၄နာရီမိနစ်၅၀ ခန့်တွင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ အကြောင်းရင်း တစုံတစ်ရာကို မသိရှိရ သေးကြောင်း ပြန်လည် ဖြေကြား သည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်