BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, October 19, 2011

နိုင်ငံခြားသား တစ်သောင်းကို ဂျပန်သို့ အခမဲ့ လည်ပတ်ခွင့်ပြုရန် စီစဉ်

newsဂျပန် ခရီးသွားလုပ်ငန်း အေ ဂျင်စီသည် နိုင်ငံခြားသား တစ် သောင်းကို ဂျပန်နိုင်ငံသို့ အခမဲ့ လာရောက် လည်ပတ်ခွင့်ပြုမည် ဖြစ်သည်။ ယင်း အစီအစဉ်အရ နိုင်ငံခြားသားများသည် အခမဲ့ လေယာဉ်လက်မှတ်များအတွက် တိုင်းပြည်၏ မည်သည့်နေရာများ သို့ လည်ပတ်လိုကြောင်း အသေး စိတ်အချက်အလက်များကို အွန် လိုင်းမှတစ်ဆင့် ဖော်ပြလျှောက် ထားရမည်ဖြစ်သည်။ ခရီးသွား လုပ်ငန်းအေဂျင်စီက လျှောက်ထား သူများအနက်မှ ကံထူးသူများကို ရွေးချယ်မည်။ ၄င်းတို့သည် ခရီး စဉ်အကြောင်း အစီရင်ခံစာ တစ်ရပ် ရေးသားကြရမည်။ ၄င်းရေးသား ချက်များကို အင်တာနက်ပေါ်၌ ဖော်ပြမည်ဟု ယူမီယူရီရှင်ဘွန်း သတင်းစာကဖော်ပြသည်။ ခရီးသွားလုပ်ငန်း အာဏာပိုင် များက ဂျပန်တွင် ၄င်းတို့အတွေ့ အကြုံအကြောင်းနှင့်ပတ်သက်ပြီး ခရီးသွားများထံမှ အပြုသဘော အစီရင်ခံစာများသည် ဂျပန်သို့ အလည်အပတ်လာဖို့ နိုင်ငံတကာ စိုးရိမ်ပူပန်မှုများကို လျော့ပါးရေး အထောက်အကူပြုမည်ဟု မျှော် လင့်ထားသည်။ အထက်ပါ အစီ အစဉ်ကို ဧပြီလတွင် စတင်မည်ဖြစ် သည်။ မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီ အပြီး သုံးလအတွင်း ဂျပန် ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်လည်ပတ်မှုသည် ၅၀ ရာခိုင် နှုန်းကျော် ကျဆင်းခဲ့သည်။ ဇွန်လ နှင့် ဇူလိုင်လတွင် ကမ္ဘာလှည့်ခရီး ခရီးသွားအရေအတွက်သည် လွန်ခဲ့ သောနှစ်ကထက် ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့သော် ဩဂုတ် လတွင် ၃၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဂျပန်အစိုးရက ငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးခဲ့ရသည့် ဖူကူရှီးမား စက်ရုံအနီးအနား တစ်ဝိုက်မှလွဲပြီး ဂျပန်နိုင်ငံသည် လုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ ဖူကူရှီးမား စက်ရုံတွင် အဖွဲ့သားများသည် စက်ရုံအေးပြီး ရပ်ဆိုင်းသွားစေရန် ထိန်းချုပ်ဖို့ ကြိုးပမ်းနေဆဲရှိသည်။ Ref: Internet  
--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်