BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, October 19, 2011

အီရန် လေကြောင်းလိုင်းကို အမေရိကန် စီးပွားရေး ပိတ်ဆို့

အီရန် လေကြောင်းလိုင်း Mahanအမေရိကန် ပြည်ထောင်စုက အီရန် လေကြောင်းလိုင်း Mahan ကို အမေရိက အတွင်း ရောက်ရှိလျက် ရှိသော ဆော်ဒီ ကိုယ်စားလှယ် အဖွဲ့ ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရာတွင် ပါဝင်သူများနှင့် ဆက်သွယ် ပတ်သက်မှုဖြင့် ပိတ်ဆို့ အရေးယူလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

အီရန် လေကြောင်းလိုင်း Mahan သည် အမေရိကသို့ ရောက်ရှိလျက် ရှိသော ဆော်ဒီ သံအမတ် Ade Al-Jubeir အား လုပ်ကြံသတ်ဖြတ်မည့်သူများကို သယ်ဆောင်မှုနှင့် အရှေ့အလယ်ပိုင်း ဒေသအတွင်း ဟစ်ဇ်ဘိုလာ စစ်သွေးကြွ များကို သယ်ယူ ပို့ဆောင်ပေးမှုများ ပြုလုပ်လျက် ရှိခြင်းကြောင့် အမေရိက အတွင်းရှိ အဆိုပါ လေကြောင်းလိုင်း ပိုင်ဆိုင်မှုများကို ထိန်းသိမ်းရန်နှင့် အမေရိကန် ကုမ္ပဏီများကို Mahan လေကြောင်းလိုင်းနှင့် စီးပွားရေး ပြုလုပ်မှု မရှိစေရန် ပိတ်ဆို့ အရေးယူ လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသွားသည်။

အဆိုပါ စီးပွားရေး ပိတ်ဆို့မှုကို အမေရိကသို့ ရောက်ရှိလျက် ရှိသော ဆော်ဒီသံအမတ်အား လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုကို ဖော်ထုတ် အရေးယူနိုင်ပြီး နောက်တစ်ရက်တွင် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ယင်းလုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုကို အီရန် နိုင်ငံ၏ အန္တရာယ်ကြီးမားသော လုပ်ရပ်အဖြစ် ပြစ်တင် ပြောကြားသွားသည်။

ဆော်ဒီ သံအမတ် Ade Al-Jubeir ကို လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်မှုတွင် အီရန်အစိုးရ အဖွဲ့ဝင်များနှင့် အီရန် တော်လှန်ရေး တပ်ဖွဲ့၏ အထူးတပ်ဖွဲ့ ဖြစ်သော Ouds တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်လျက် ရှိသည်ဟု အမေရိကန်က စွပ်စွဲပြောကြား သွားသည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပါကိစ္စနှင့် ပတ်သက်၍ အီရန် နိုင်ငံတွင်းရှိ အမေရိကန် အကျိုးစီးပွားများကို ကိုယ်စားပြုလျက် ရှိသော ဆွစ်ဇာလန် သံအမတ်ကို ခေါ်ယူ၍ အမေရိကန်နိုင်ငံ၏ အပြုအမူနှင့် ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက် ပြောကြားခဲ့ကြောင်း အီရန်အစိုးရ သတင်းဌာနက ထုတ်ပြန် ကြေညာသွားသည်။


--
ဖိုးခိုင်www.bsphoekhaing.blogspot.com
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်