BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, October 11, 2011

မန်ယူနှင့် ပွဲစဉ်တွင် လီဗာပူးလ် အတွက် ပွဲထွက် ပါဝင်မည့် စတီဗင် ဂျရတ်


လီဗာပူးလ် အသင်း အတွက် (၇)လအတွင်း ပထမဆုံး အကြိမ်အဖြစ် စတီဗင် ဂျရတ် အနေနှင့် ပွဲထွက်ခွင့် ရရှိတော့မည် ဖြစ်သည်။

လီဗာပူးလ်၏ အသင်းခေါင်းဆောင် ကွင်းလယ်လူသည် အောက်တိုဘာ (၁၅)ရက်နေ့၊ မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမှုတွင် အသင်း၏ ပထမ(၁၁)ယောက် စာရင်း၌ ပါဝင် လာမည်ဟု သိရှိရသည်။ မတ်လ(၆)ရက်နေ့က
အန်းဖီးလ်တွင် မန်ယူအား (၃-၁)ဖြင့် အနိုင် ရခဲ့သော ပွဲစဉ် အပြီးကတည်းက အနား ယူနေရသော အင်္ဂလန် လက်ရွေးစင်သည် နိုင်ငံတကာ ပွဲစဉ် နားရက် ကာလများတွင် ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည် ရရှိ လာပြီးနောက် လီဗာပူးလ် အတွက် ပွဲထွက်ရန် အသင့်ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက်(၃၁)နှစ်ရှိ ဂျရတ်သည် ဘရိုက်တန်နှင့် ကားလင်းဖလား၊ ၀ုလ်ဗ်၊ အဲဗာတန်တို့နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လူစားလဲ ပါဝင် ခဲ့ပြီးနောက် မန်ယူနှင့် ပွဲတွင်မူ တာထွက် စာရင်း၌ ပါဝင် လာတော့မည် ဖြစ်သည်။
မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် ပွဲထွက်ခွင့် ရမည့် ဂျရတ်

ဂျရတ် ပြန်လည် ပါဝင် လာနိုင်ခြင်းသည် ဆန်းဒါးလန်း အသင်းမှ ပြောင်းရွှေ့လာသည့် လူငယ် ကွင်းလယ် ကစားသမား ဂျော်ဒန် ဟန်ဒါဆင် အတွက် ပွဲထွက်ခွင့် အကန့်အသတ်များ ဖြစ်လာစေနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသော်လည်း ဟန်ဒါဆင်က မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဟန်ဒါဆင်က ၎င်းသည် လီဗာပူးလ်တွင် ဂျရတ်နှင့် တွဲကစားခွင့် ရရန် မျှော်လင့်ထားကြောင်း ဆိုသည်။ “ဂျရတ် ပြန်ကစား လာနိုင်တာ အသင်းအတွက် သိပ်ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ လက်တလော ပွဲထွက်ခွင့် ဆုံးရှုံးရင်လည်း မစိုးရိမ်ပါဘူး။ အကောင်းဆုံး ကြိုးစားနိုင်ရင် မန်နေဂျာက နေရာ ပေးလာမှာပါပဲ။ ဂျရတ်လို အသင်းရဲ့ စံပြ ကစားသမား တစ်ယောက်နဲ့ ရေရှည်မှာ တွဲကစား သွားနိုင်ဖို့ မျှော်လင့် မိပါတယ်” ဟု ဟန်ဒါဆင်က ပြောဆိုသွားသည်။

ဟန်ဒါဆင်သည် အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းတွင် ရွေးချယ် ခံရပြီးနောက် အောက်တိုဘာ (၁၀)ရက်နေ့ ညက ဥရောပ ဖလား ခြေစစ်ပွဲ၊ နော်ဝေနှင့် ပွဲစဉ်တွင် (၁)ဂိုး သွင်းယူ ပေးနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်