![]() ပြီးခဲ့သည့် ဘောလုံး ရာသီက ၀ီဂန်တွင် အငှားသွား ကစားခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည် ရောက်ရှိ လာချိန်တွင် ခြေစွမ်း ပြနိုင်ခဲ့သော အသက်(၂၂)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အား ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀)တန် စာချုပ်သစ် တစ်ရပ် ချီးမြှင့်ခဲ့သည်။ ယင်းလုပ်ခ လစာ ပမာဏသည် လက်ရှိတွင် မန်ယူ၏ အင်္ဂလန် လက်ရွေးစင် လူငယ်များ ဖြစ်သော ဖီးလ်ဂျုံးစ်၊ ခရစ်စမောလင်းတို့ ရရှိ ခံစားနေမှုနှင့် တူညီသည်။ လက်ရှိတွင် ကလီဗာလေသည် ဒဏ်ရာကြောင့် အနား ယူနေရသော်လည်း အသင်းက ၎င်းအပေါ် အပြည့်အ၀ ယုံကြည်မှု ထားကာ ယခုလို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာကြောင့် အနားယူနေရသည့် ကလီဗာလေ အခြားသော သတင်းများ အရ မန်ယူ အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အသင်းမှ အင်္ဂလန် လက်ရွေးစင် လူငယ် တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘက်ခ်အား အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းအတွက် စေလွှတ်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ အင်္ဂလန် လူငယ် အသင်းသည် နော်ဝေးနှင့် တနင်္လာနေ့ ညတွင် ဥရောပ အသက်(၂၁)နှစ်အောက် လူငယ်ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ ကစားရန် ရှိနေသည်။ အင်္ဂလန် နည်းပြ စတူး ၀ပ်ပီယာ့စ်က ၀ဲလ်ဘက်ခ်အား ခေါ်ယူရန် တောင်းဆို ခဲ့သော်လည်း ဖာဂူဆန်က အင်္ဂလန် လက်ရွေးစင် ပထမ အသင်းအတွက် ပါဝင်ထားသည့် ၀ဲလ်ဘက်ခ်ကို အနား ယူစေလိုသည့် အတွက် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ နသန်ဒယ်လ် ဖွန်ဆိုနှင့် မာတင် ၀က်ဟွန်းတို့ ဒဏ်ရာရ နေပြီးနောက် တိုက်စစ်အတွက် လူရွေးရန် အခက် ကြုံနေသည့် ပီယာ့စ်က “ကျွန်တော် ဆာအဲလက်စ်နဲ့ စကားပြော ပြီးပါပြီ။ သူက ၀ဲလ်ဘက်ခ်ဟာ မွန်တီ နီဂရိုးက ပြန်လာပြီး နောက်ထပ်တစ်ပွဲ ချက်ချင်း ကစားနိုင်ပါ့ မလားလို့ စိုးရိမ် နေပါတယ်။ ကျွန်တော် ဒါကို နားလည်ပေမယ့် ၀ဲလ်ဘက်ခ်ကို ခေါ်ချင်တယ်လို့ တောင်းဆို ခဲ့ရတာက လက်ရှိ အသင်းမှာ တိုက်စစ်မှူး တစ်ယောက်ပဲ ရှိနေလို့ပါ။ ဘာပဲဖြစ်ဖြစ် ဆာအဲလက်စ်ရဲ့ စိုးရိမ်မှုကို ကျွန်တော် စာနာ ပေးနိုင်ပါတယ်” ဟု ပြောကြား သွားခဲ့သည်။ ပီယာ့စ် အနေနှင့် ယခု ရာသီတွင် မန်ယူအတွက် (၈)ပွဲကစားကာ (၅)ဂိုးသွင်း ထားသည့် အသက်(၂၀) အရွယ် ၀ဲလ်ဘက်ခ်ကို ခေါ်ယူရန် အဆင် မပြေသည့် အတွက် တိုက်စစ်တွင် အာဆင်နယ် သွေးသစ် အဲလက်စ် အိုလိဒ် ချိန်ဘာလိန်ကို ပိုမိုအားပြု လာဖွယ် ရှိနေသည်။ ၎င်းသည် အိုက်စ်လန်နှင့် ပွဲတွင် Hat-Trick သွင်းကာ အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းကို အုပ်စု ထိပ်ဆုံးတွင် ရပ်တည် စေနိုင်ခဲ့သည်။ ပီယာ့စ်က တော့တင်ဟမ် ဟော့စပါး နောက်ခံလူ ကိုင်လီဝေါ့ကား သည်လည်း နော်ဝေး နှင့်ပွဲတွင် ပါဝင်မည် မဟုတ်ဟု အတည်ပြုခဲ့သည်။ “ကိုင်လီရဲ့ ရည်းစားက နောက်တစ်ပတ်မှာ ကလေး မွေးမှာဆိုတော့ သူက ခပ်ဝေးဝေး မသွားချင် ပါဘူး” ဟု ပီယာ့စ်က ပြောကြား သွားခဲ့သည်။ |
Tuesday, October 11, 2011
မန်ယူနှင့် ကလီဗာလေ စာချုပ် သက်တမ်းတိုး ~ အင်္ဂလန် U-21 အတွက် ၀ဲလ်ဘက်ခ်အား စေလွှတ်ရန် ဖာဂူဆန် ငြင်းပယ်
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်