BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, January 20, 2012

တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်


   
တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်
တစ်ပါတ် ပေါင်သုံးသောင်း တောင်းပြန်တဲ့ နောက်ထပ် မန်ယူလူငယ်ကစားသမား မောရစ်ဆင်
မန်ယူအသင်းရဲ့ နောက်ထပ် လူငယ်ကစားသမား တစ်ဦးဖြစ်တဲ့ မောရစ်ဆင်က မန်ယူအသင်းမှာ ဆက်နေစေချင်တယ်ဆိုရင် တစ်ပါတ်လုပ်ခ လစာ ပေါင်သုံးသောင်းပေးချေရမယ်လို့ တောင်းဆိုလိုက်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေအပေါ် သွေးတိုး စမ်းလိုက်ပါတယ်... မန်ယူအသင်းနည်းပြကြီး ဖာဂူဆန်က မောရစ်ဆင်ကို လက်လွှတ်လိုတဲ့ ဆန္ဒ မရှိတာကြောင့် စာချုပ်သစ် ဆက်လက်ချုပ်ဆိုဖို့ အသင်းတာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူတွေက မောရစ်ဆင်အား တစ်ပါတ်လုပ်ခ လစာ ပေါင် တစ်သောင်းနှစ်ထောင်နဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် မောရစ်ဆင်က ငြင်းဆန် ပယ်ချလိုက်ကာ ပေါင် သုံးသောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်....

ယင်းကိစ္စနဲ့ ပါတ်သက်လို့ ဖာဂူဆန်ကတော့ "ဒီဟာနဲ့ ပါတ်သက်ပြီး ကျွန်တော် ဘာမှ ပြောစရာ မရှိဘူး.. အာဆင်နယ်နဲ့ ပွဲကို အာရုံစိုက်ဖို့ကလွဲပြီး ကျွန်တော် လုပ်စရာ ဘာမှ မရှိဘူး" ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။ မောရစ်ဆင်သည် မန်ယူ လူငယ်အသင်းနှင့်အတူ အက်ဖ်အေလူငယ်ဖလားအား ပြီးခဲ့သည့် ရာသီက ဆွတ်ခူးထားနိုင်ခဲ့ပြီး ပေါလ်စခိုးလ် လက်သစ်ဟု အမည်တွင်နေသည့် အရည်အချင်းရှိ လူငယ်ကစားသမား တစ်ဦးဖြစ်သည်။ မောရစ်ဆင်အနေဖြင့် အရည်အချင်းရှိ ကစားသမား တစ်ဦးဖြစ်သော်လည်း အသင်းတွင် ပြဿနာများ ဖြစ်လေ့ရှိသော ကစားသမား တစ်ဦးဖြစ်ပြီး စည်းကမ်းပိုင်းဆိုင်ရာတွင် ကောင်းမွန်မှု မရှိပေ။ အရန်သင်းပွဲစဉ် တစ်ပွဲတွင် အရန်ခုံတန်းလျားအထိ သူ၏ မိုဘိုင်းလ်ဖုန်းကို ယူဆောင်ခဲ့သော သာဓက ရှိခဲ့သလို ပြီးခဲ့သော ရက်ပိုင်းကလဲ အသင်း၏ နည်းပြအဖွဲ့ကို သူ၏ တွစ်တာစာမျက်နှာမှ တစ်ဆင့် အရိုအသေတန်သော စကားများဖြင့် ရေးသားခဲ့သေးသည်။
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed