BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, March 6, 2012

ဖအေတူသား ဘရွတ်ကလင်း

ဖအေတူသား ဘရွတ်ကလင်း
ဖအေတူသား ဘရွတ်ကလင်း
ဒေးဗစ်ဘက်ခမ်း (၃၆)နှစ်သည် သူ၏အကြီးဆုံးသား ဘရွတ်ကလင်း၏ (၁၃)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ်၊ ဘရွတ်ကလင်းအား မီယာမီဟိထ်အသင်းနှင့် အယ်လ်အေလာကာစ်အသင်းတို့ကစားသည့် ဘက်စကတ်ဘောပြိုင်ပွဲသို့ခေါ်ဆောင်သွားခဲ့သည်။

အမေဖြစ်သူ ဗစ်တိုးရီးယားမှာလည်း သူ၏သားဖြစ်သူ ဘရွတ်ကလင်း အသက် (၁၃) နှစ်ပြည့်သွားသည့်အပေါ် အလွန်
စိတ်လှုပ်ရှားပျော်ရွှင်နေပြီး၊ သူတို့မွေးမြူထားသည့် " ကိုကို" အမည်ရှိ ခွေးလိမ္မာအား ပါတီဦးထုပ်ဆောင်းပေးပြီး၊ ဓါတ်ပုံ
ရိုက်ယူခဲ့သည်။

အဆိုပါဘတ်စကတ်ဘောပွဲတွင် ဘက်ခမ်းသည် သူ၏သားပခုံးအား ဖက်ထားပြီး၊ ပြိုင်ပွဲ တစ်ချိန်လုံး ဘရွတ်ကလင်းနှင့် နောက်ပြောင်ကျီစယ်နေခဲ့သည်။

အဆိုပါဘက်စကတ်ဘောပြိုင်ပွဲ ကြည့်နေစဉ်အတောအတွင်း၊ ဘရွတ်ကလင်းသည် သူ့ဖခင် ဒေးဗစ်ဘက်ခမ်းလုပ်သည့်
အမှုအရာမှန်သမျှ မရည်ရွယ်ပဲ အကုန်လိုက်လုပ်နေခဲ့မိသည်။

ဒေးဗစ်ဘက်ခမ်း လက်ပိုက်ထားသည့်အချိန်တွင်၊ ဘရွတ်ကလင်းကလည်း လက်ပိုက်ထားသလို၊ ဒေးဗစ်ဘက်ခမ်း ပါးစပ်အား လက်ဖြင့်ထောက်ထားသည့်အချိန်တွင်လည်း ဘရွတ်ကလင်းက သူ၏ပါးစပ်အား လက်ဖြင့် ထောက်ထားခဲ့သည်။ ဒေးဗစ်ဘက်ခမ်းတို့ သားအဖကိုယ်တိုင်ပင် အဆိုပါအချက်အား သတိမထားမိကြသဖြင့်၊ ဘရွတ်ကလင်းအနေဖြင့် သူ၏ဖခင်ဒေးဗစ်ဘက်ခမ်း၏အမူအရာများအား တမင်တကာ အတုခိုးနေခြင်းမျိုးမဟုတ်ပဲ၊ မရည်ရွယ်ပဲ သွားတူနေခြင်းဖြစ်ကြောင်း သိသာလှသည်။

အဆိုပါအချက်က ဒေးဗစ်ဘက်ခမ်းနှင့် ဘရွတ်ကလင်းတို့ သားအဖ၏ သံယောဇဉ်၊ သွေးကစကားပြောမှု ကို ဖော်ပြနေသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်