BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, March 6, 2012

ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)



ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)
ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)
အေဗရာဂရန့်ကချယ်လ်ဆီးအသင်း၏မန်နေဂျာသစ်ဖြစ်လာမည့်သူသည်ဘောလုံးလောက၏အလွယ်ဆုံးအလုပ်တွေထဲက တစ်ခုဖြစ်သည့်ချယ်လ်ဆီးမန်နေဂျာအလုပ်တွင် အေးဆေးသက်သာစွာ ရှိနေလိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား
လိုက်သည်။

လွန်ခဲ့သည့်လေးနှစ်က မော်ရင်ညိုအစားဝင်ရောက်ခဲ့သည့်အေဗရာဂရန့်သည် ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်း၏ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဖိုင်နယ်သို့ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အေဗရာမိုဗစ်ခ်ျ၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ကဘိုအက်ရှ်အားထုတ်ပယ်ပြီးနောက်ပိုင်းလက်ရှိတွင်ချယ်လ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ခ်ျသည်
ရှစ်နှစ်အတွင်း အသင်း၏ရှစ်ယောက်မြောက် မန်နေဂျာအား ရှာဖွေလျှက်ရှိနေသည်။

" မန်ယူအသင်းက ဖာဂူဆန်ရဲ့နေရာကို ဘယ်သူပဲ အစားဝင်ဝင် ခက်ခဲမှာ အမှန်ပါပဲ၊ အခုလိုအချိန်ဆို ပိုတောင် မဖြစ်နိုင်ပါသေးတယ်၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ ဒီလိုမဟုတ်ပါဘူး၊ လက်ရှိချယ်လ်ဆီးနည်းပြအလုပ်ဟာ ကျွန်တော် လုပ်ခဲ့စဉ်ကထက် ပိုလို့တောင် လွယ်ကူနေပါတယ်၊"

" ကျွန်တော်ဟာ မော်ရင်ညိုရဲ့အစား ၀င်ရောက်ခဲ့ရသူပါ၊ မော်ရင်ညိုရဲ့နာမည်ဟာ အခုချိန်အထိ ချယ်လ်ဆီးအသင်းမှာ ထင်ကျန်နေဆဲပါပဲ၊ ဘိုအက်ရှ်နာမည်ကတော့ နံရံပေါ်မှာပဲ ရှိပါတော့တယ်၊ လက်ရှိ ဘောလုံးလောကဟာ ရလဒ်တွေ
အပေါ်မှာပဲ မူတည်နေပါတယ်၊ ကျွန်တော်အနေနဲ့ မန်နေဂျာတွေကို အနည်းဆုံးအသင်းတစ်သင်းမှာ တစ်နှစ်လောက်
နည်းပြတာမျိုးမြင်ချင်ပါတယ်၊ အခုကတော့ သုံး၊ လေးလလောက်နေတာနဲ့ အထုတ်ခံရတာမျိုးတွေပဲ မြင်နေရပါတယ်၊" ဟု အေဗရာဂရန့်  ကပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းအား သူ့လက်ထက်တွင် အိမ်ကွင်းရှုံးပွဲ မရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အေဗရာဂရန့်က အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာတိုင်း၏အိပ်မက်ဖြစ်ကြောင်း၊ မန်နေဂျာတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးသည့် ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း၊ သို့ပါသော်လည်း ချယ်လ်ဆီးအသင်းတွင် စီနီယာကစားသမားတွေ၏ ပိုင်ရှင်အပေါ် လွှမ်းမိုးခြယ်လှယ်နိုင်မှုက စိတ်ပျက်စရာကောင်းကြောင်း  ထုတ်ဖော်ပြောကြားလိုက်သည်။

" အသင်းပိုင်ရှင်အနေနဲ့ ကစားသမားတွေရဲ့စကားကိုနားထောင်တာ အရမ်းအန္တရာယ်များပါတယ်၊ ကျွန်တော့်တုန်းကလည်း ကျွန်တော့်ကို မကျေနပ်တဲ့ ချယ်လ်ဆီးကစားသမားနှစ်ယောက်ဟာ ကျွန်တော့်ကို ထုတ်ပစ်ဖို့ အေဗရာမိုဗစ်ခ်ျကို တောင်းဆိုခဲ့တာပါ၊ သူတို့ဟာ နည်းပြကိုမကြိုက်တာနဲ့ ဆန့်ကျင်ပုန်ကန်တော့တာပါပဲ၊ ချယ်လ်ဆီး
လို နိုင်ငံစုံက ဘောလုံးသမားတွေ (၂၇) ယောက်လောက်ရှိတဲ့ အသင်းမှာ၊ နည်းပြက ဘယ်လိုလို့ အားလုံးကို စိတ်ကျေနပ်အောင်စွမ်းဆောင်နိုင်မှာလဲ " ဟု အေဗရာဂရန့် ကပြောကြားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်