![]()
အင်္ဂလန်မန်နေဂျာရာထူးနှင့်ပတ်သက်ပြီး ၀မ်းနည်းပါတယ်... မစ္စတာ မော်ရင်ညို
အက်ဖ်အေတာဝန်ရှိသူများသည် သူတို့အနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် မော်ရင်ညိုအား ရွေးချယ်သွားမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါပြောကြားချက်က အက်ဖ်အေအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် စပါးစ်နည်းပြဟယ်ရီရက်နက်ပ်ကိုသာ ရွေးချယ်သွားမည်ဆိုသည့်ယုံကြည်ချက်ကို ပိုမိုမြှင့်တက်စေခဲ့သည်။ အက်ဖ်အေတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများနှင့် ဆက်ဆံရေးအဆင်မပြေသည့် မော်ရင်ညို၏ အနေအထားကြောင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် မော်ရင်ညိုအားစိတ်ဝင်စားပါက လာမည့်နွေတွင် ခေါ်ယူနိုင်သည်ဆိုသည့်အချက်ကိုလည်း သိနားလည်ထားပြီးဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း the sun သတင်းစာသည် မော်ရင်ညို၏ လန်ဒန်တွင် အိမ်ရှာနေသည့်သတင်းအား အကျယ်တ၀င့်ဖော်ပြခဲ့ခြင်းကြောင့် မော်ရင်ညိုအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအား ရယူတော့မည်လောဆိုသည့် ကောလဟာလသတင်းများထွက်ပေါ်လာခဲ့သည်။ သို့ပါသော်လည်း အက်ဖ်အေတာဝန်ရှိသူများက အဆိုပါ သတင်းများအား ငြင်းဆိုသွားခဲ့ပြီး၊ အက်ဖ်အေအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် အင်္ဂလိပ်လူမျိုးကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ "အင်္ဂလန်မန်နေဂျာရာထူးအတွက် အင်္ဂလိပ်လူမျိုးကပိုပြီးပြည့်စုံပါလိမ့်မယ်၊ကျွန်တော်တို့မှာ အင်္ဂလန်မန်နေဂျာရာထူး အတွက် အင်္ဂလိပ်ကစားသမားတွေကို စီမံအုပ်ချုပ်နိုင်တဲ့အတွေ့အကြုံရှိပြီး၊ အင်္ဂလိပ်ဘာသာစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆက်သွယ်နိုင်တဲ့လူတစ်ယောက် ရှိပြီးသားပါ " ဟု အက်ဖ်အေက ပြောကြားသွားခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်