ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် ၏ ၂၀၁၁ အစီရင် ခံစာ အရ ကမ္ဘာ ပေါ်တွင် နှစ်စဉ်လူ (၂ ဒသမ ၅) သန်းသည် အရက်သောက်ခြင်းကြောင့် ရသော ရောဂါများဖြင့် သေဆုံးသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ တစ်နှစ်အတွက် ကမ္ဘာပေါ်တွင်သေဆုံးသူအရေအတွက် ၏ ၄ ရာခိုင်နှုန်းဖြစ်သည်။ ထို့အပြင် HIV/AIDS ကြောင့်သေဆုံးသည့်နှုန်း ထက်များသည်။ ကမ္ဘာပေါ်တွင် အရက် အများဆုံးသောက်သည့်နိုင်ငံများမှာ ဖွံ့ ဖြိုးပြီးနိုင်ငံများဖြစ်နေပြီး မူဆလင်ဘာ သာဝင်များနေထိုင်သည့်တိုင်းပြည်များ တွင် အရက်သောက်နှုန်းအနိမ့်ဆုံးဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အဖွဲ့ဝင် (၁၉၈) နိုင်ငံတွင် စစ်တမ်း ကောက်ပြီးဖော်ပြခဲ့သည်။ အရက် သောက်နှုန်းတွက်ချက်ရာတွင် ဘီယာ နှင့် ဝိုင်ကိုပါထည့်သွင်းတွက်ချက်ထား သည်။
အရက်အများဆုံးသောက်သုံးသည့် နိုင်ငံများမှာ
၁။ မော်လ်ဒိုဗာ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၈၁ ဂါလံ)
၂။ ချက် (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ၃၅ ဂါလံ)
၃။ ဟန်ဂေရီ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၃၀ ဂါလံ)
၎။ ရုရှား (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၁၆ ဂါလံ)
၅။ ယူကရိန်း (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၁၂ ဂါလံ)
၆။ အက်စ်တိုးနီးယား (လူတစ်ဦး လျှင် တစ်နှစ် ၄ ဒသမ ၁၁ ဂါလံ)
၇။ အန်ဒိုရာ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ၉ ဂါလံ)
၈။ ရိုမေးနီးယား (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ၄ ဂါလံ)
၉။ ဆလိုဗေးနီးယား (လူတစ်ဦး လျှင် တစ်နှစ် ၄ ဒသမ ၁ ဂါလံ)
၁၀။ ဘီလာရုစ် (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ ဂါလံ)
အရက်အနည်းဆုံးသောက်သုံး သည့်နိုင်ငံမှာ
ယီမင်နိုင်ငံဖြစ်ပြီး (လူတစ်ဦး လျှင် တစ်နှစ် ဝ ဒသမ ဝ၁ ဂါလံ) သာသောက်သုံးသည့်နှုန်းရှိသည်။ အမေရိ ကန်သည် အရက်အသောက်ဆုံးအဆင့် (၅၆) တွင်ရှိပြီး လူတစ်ဦးလျှင် တစ် နှစ် (၂ ဒသမ ၄၉) ဂါလံသောက် သည်။ ပြင်သစ်သည် (၃ဒသမ၆၁ ဂါလံ) ဖြင့် အဆင့် (၁၆) ချိတ်သည်။ အာရှတိုက်မှ တောက်ကိုရီးသည် (၃ ဒသမ ၉၁) ဂါလံဖြင့် အဆင့် (၁၃) တွင်ရှိသည်။
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်