
"ငွေအကြွေ ပြဿနာရယ်၊ ခရီးသည်နဲ့ ယာဉ်နောက်လိုက်တွေ ကြားက ယုံကြည်မှု ပြဿနာရပ် တွေကို ဖြေရှင်းပြီးသား ဖြစ်သွား လိမ့်မယ်"ဟု ကစ္ဆပနဒီ ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ကိုအောင်ကျော် i pay ကတ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။ i pay ကတ်များကို ကနဦး၌ ဆူးလေမှ အင်းစိန်သို့ ပြေးဆွဲနေ သော ယာဉ်လိုင်းများနှင့် အဓိပတိ (အပြာ)ယာဉ်လိုင်းတို့တွင်တပ်ဆင် အသုံးပြုမည်ဖြစ်ပြီး တဖြည်းဖြည်း ရန်ကုန်တစ်မြို့လုံးမှ ခရီးသည် တင်ယာဉ်လိုင်းအားလုံး တပ်ဆင် ပေးသွားမည်ဟု ၄င်းက ပြောဆို သည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (ပါရမီ)မှ ဌာနမှူးတစ်ဦး ကလည်း i pay ကတ်ကို ၄င်းတို့ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း အောက်ခြေမှ ဖြစ်လာ နိုင်သော အခြေအနေများကို အထက်သို့ တင်ပြပြီးဖြစ်ကြောင်း ပြောကြားသည်။ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ဗဟို) အတွင်းရေးမှူး ဦးတင်မောင်ဇော် က
"လာပြီးညှိနှိုင်းတာတော့ ခုထိ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော် တို့ဌာနက မော်တော်ယာဉ်တွေက တစ်စီးကို ပိုင်ရှင်တစ်ယောက်စီ ဖြစ် နေတာမို့ ဌာနနဲ့ မညှိရင်တောင်မှ ပိုင်ရှင်တွေနဲ့တော့ ညှိနှိုင်းဖို့လိုပါ တယ်"ဟုပြောသည်။ ၄င်းက မြန်မာနိုင်ငံတွင် ဤ ကဲ့သို့ ကတ်စနစ်ဖြင့် ကားခပေးချေ ခြင်းသည် လုပ်ရန် မလွယ်သေး ကြောင်း၊ ခရီးသည်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် အခက်အခဲများစွာ ရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။
i pay ကတ်သည် ဘတ်စ် ကားခကို ယာဉ်နောက်လိုက်သို့ ငွေ စက္ကူပေးချေရမည့်အစား ကတ်ကို ယာဉ်စီးခ ကောက်ခံသည့်စက်ဖြင့် ဖတ်ပြီး ကာခပေးချေရသည့်စနစ် ဖြစ်ပြီး ယာဉ်စီးခ ကောက်ခံသည့် စက်ကိုမှု ယာဉ်နောက်လိုက်ကာ ကွယ်ထားရမည်ဖြစ်သည်ဟု i pay လုပ်ငန်း အကောင်အထည်ဖော် နေသည့် ကစ္ဆပနဒီ အိတ်ပရက်စ် လီမိတက်မှ စီမံကိန်း မန်နေဂျာ ကိုအောင်ကျော် က ပြောသည်။ ကျောက်မြောင်း တွင် နေထိုင် သော နေ့စဉ်ဘတ်စ်ကား စီးနင်း သည့် လူငယ်တစ်ဦးက "ကတ်နဲ့ ငွေချေရတာတော့ကောင်း ပါတယ်။ ဒါပေမယ့် ရုံးတက်ရုံးဆင်းချိန်တွေ မှာ လူတွေ တအားကြပ်တဲ့အခါ ကိုယ့်ကတ်သူ့ကတ် မှားနိုင်တယ်" ဟုပြောသည်။ ၄င်းက မိမိကိုယ်ပိုင် ကတ်ပျောက်ရှခဲ့လျှင်လည်း အခက် အခဲဖြစ်နိုင်သည်ဟု ဆိုသည်။
i pay ကတ်များကို ယခုလက် ရှိ ဖွင့်လှစ်ထားသော င စပေ ကတ် အရောင်းဆိုင် ၁၂ ခုတွင် ဝယ်ယူရ ရှိနိုင်ပြီး အဆိုပါအရောင်းဆိုင်များ တွင်သာမက ယာဉ်နောက်လိုက် များထံတွင်ပါ ဝယ်ယူနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ကိုအောင် ကျော်က ပြောသည်။ i pay ကတ်ကို ဝယ်ယူလျှင် ကျပ် တစ်ထောင်ကျသင့်မည်ဖြစ်ပြီး သုံးရာကျပ်မှာ ကတ်ဖိုးဖြစ်ကာ ခုနစ်ရာ ကျပ်မှာ ယာဉ်စီးခပေးချေ ရန်ဖြစ်ပြီး အနည်းဆုံးကျပ်တစ် ထောင်မှ အများဆုံး ကျပ်တစ်သိန်း အထိ ထည့်သွင်းနိုင်မည်ဖြစ်သည် ဟုလည်း ကိုအောင်ကျော်က ရှင်း ပြသည်။
i payကတ် ပျောက်ဆုံးခဲ့ လျှင် ကုမ္ပဏီမှ ယင်းပျောက်ဆုံး သည့်ကတ်ကို အခြားသူက သုံးစွဲ နေခြင်း ရှိ မရှိ စောင့်ကြည့် ရှာဖွေ ပေးသည့် ဝန်ဆောင်မှု ကိုပါ ဆောင် ရွက်ပေးထားသည်ဟု ကစ္ဆပနဒီ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။ အသုံးပြုမည်ဖြစ်ပြီး တဖြည်းဖြည်း ရန်ကုန်တစ်မြို့လုံးမှ ခရီးသည် တင်ယာဉ်လိုင်းအားလုံး တပ်ဆင် ပေးသွားမည်ဟု ၄င်းက ပြောဆို သည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (ပါရမီ)မှ ဌာနမှူးတစ်ဦး ကလည်း i pay ကတ်ကို ၄င်းတို့ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း ဖြစ်ကြောင်း အောက်ခြေမှ ဖြစ်လာ နိုင်သော အခြေအနေများကို အထက်သို့ တင်ပြပြီးဖြစ်ကြောင်း ပြောကြားသည်။
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(ဗဟို) အတွင်းရေးမှူး ဦးတင်မောင်ဇော် က "လာပြီးညှိနှိုင်းတာတော့ ခုထိ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော် တို့ဌာနက မော်တော်ယာဉ်တွေက တစ်စီးကို ပိုင်ရှင်တစ်ယောက်စီ ဖြစ် နေတာမို့ ဌာနနဲ့ မညှိရင်တောင်မှ ပိုင်ရှင်တွေနဲ့တော့ ညှိနှိုင်းဖို့လိုပါ တယ်"ဟုပြောသည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်