By Soccer
မန်ယူ တိုက်စစ်မှူး မာချီဒါမှ လာမည့် နွေရာသီတွင် အပြောင်းအရွှေ့တွင် မည်သည့် အသင်းကိုမှ မပြောင်းရွှေ့ပဲ မန်ယူအသင်းတွင်သာ ဆက် လက် နေထိုင်းပြီး ပုံမှန်ပွဲထွက် ကစားနိုင်ကြောင်း သက်သေပြရန် ကြိုးစား မည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ မန်ယူအသင်းတွင် ပုံမှန်ပါဝင် ကစား ခွင့် ပျောက်ဆုံးနေသော မာချီဒါမှာ လက်ရှိအချိန်တွင် ကျူပီအာ အသင်း သို့ အငှားဖြင့် သွားရောက် ကစားနေသူ ဖြစ် သည်။ပြီးခဲ့သော ရာသီက လည်း ဆမ်ဒီုးရီးယာအသင်းသို့ အငှားဖြင့် သွားရောက် ကစားခဲ့ဖူးသည့် မာချီဒါမှာ ဂိုးပေါက် ပျောက်ဆုံးမှုကြောင့် အပြီး သတ် ပြောင်းရွှေ့ခွင့်ကို လက်လွှတ်ခဲ့ ရသော်လည်း သူ၏ ခြေစွမ်း အပေါ် ယုံကြည်မှု ရှိနေသေးကြောင်း သိရ သည်။ "ကျွန်တော့်ကို မန်ယူက ပိုင်နေ ဆဲ ပါပဲ။ နောက်လာမယ့် အနာဂတ်က ဘယ်လိုရှိ မလဲဆိုတာ မ သိပေမယ့် ဒီရာသီကုန်မှာ မန်ယူကို ပြန်မှာတော့ ကျိန်းသေပါတယ်။ ခက်ခဲ မယ် ဆိုတာကို သိနေပေမယ့် ကျွန်တော့်ရဲ့ အိပ်မက်က မန်ယူအသင်းရဲ့ အကျီင်္ကိုဝတ်ပြီး ကစားသမားကောင်း အဖြစ် တည်ဆောက်ဖို့ပါ။ ဒီလိုဖြစ်လာဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမှာပါ"ဟုမာချီဒါမှ သူ၏ အနာဂတ်နှင့် ပတ်သက်ပြီးဖွင့်ဟ ခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်