By Soccer
အနယ်လ်ကာမှာ ဒရော့ဘာနှင့် ပြန်လည် တွဲဖက် ကစားရန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ပြီး သူ၏ ချယ်လ်ဆီး အသင်းဖော်ဟောင်းမှာ တရုတ် သို့ ပြောင်းရွှေ့ က စားလိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ အ သက် (၃၂) နှစ် အရွယ်ရှိ အနယ်လ်ကာမှာ ပြီးခဲ့သော ဇန်န၀ါရီ အပြောင်း အရွှေ့ ဈေးကွက်တွင် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာသို့ ပြောင်းရွှေ့သွား ခဲ့သူ ဖြစ်ပြီး သူ၏ အသင်းသစ်မှာ ပရီးမီးယားလိဂ်မှ ကစားသမားများ ကို ခေါ်ယူလိုနေသော အသင်း ဖြစ်သည်။ရှန်ဟိုင်းရှင်ဟွာ အသင်းမှ အလိုရှိနေသော ကစားသမားများတွင် အနယ်လ် ကာ၏ အသင်းဖော်ဟောင်း ဒရော့ဘာလည်း ပါဝင်နေပြီး လာမည့်နွေရာသီ တွင် ရှန်ဟိုင်းရှင်ဟွာ အသင်းသို့ ဒရော့ဘာ ရောက်ရှိ လာ ရန် အနယ်လ်ကာ မှ မျှော်လင့်နေကြောင်း သိရသည်။ "အကယ်၍ ကျွန်တော့်ရဲ့ အ သင်းဖော်ဟောင်း တစ်ယောက်ယောက်ကို ရှင်ဟွာ အသင်း ကို ခေါ်ဖို့ရွေး ပါ ဆိုရင် ဒရော့ဘာ ကိုပဲ ရွေးမိမှာပါ။ ကျွန်တော် ချယ်လ်ဆီးက ထွက်ခွာတော့ သူကို့ ပြောခဲ့ပါတယ် မကြာခင် တူတူပြန်တွဲ ကစားမယ်လို့"ဟု အနယ်လ်ကာ မှ ပြောဆို ခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်