BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, August 30, 2012

$300 တန် Off-the-Shelf Brain Scanner နဲ့ သူများဦးနှောက်ထဲက အချက်အလက်တွေခိုးမယ်။



-- နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လုပ်ကိုင်ရတာ ပိုမိုလွယ်ကူလာသလို ပိုမိုလဲကြောက်စရာ
ကောင်းလာပါတယ်။ အခုလဲ သိပ္ပံပညာရှင်တွေက တကိုယ်လုံးလေဖြတ်သွားတဲ့ လူတွေ၊စကားမပြောနိုင်၊
ဦးနှောက်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ လူတွေအတွက် ဒီ Off-the-Shelf Brain Scanner နဲ့
အဆက်အသွယ်လုပ်ဖို့၊ သူ့တို့ရဲ့ အခြေအနေတွေကို စမ်းသပ်ဖို့လုပ်တဲ့ နေရာကနေပြီးတော့ University of California and the University of Oxford in Geneva မှာရှိတဲ့ Scientist (သိပ္ပံပညာရှင်) တွေက လူကောင်းတွေ ဆီကနေလဲ ဒီ Off-the-Shelf Brain Scanner ကို ကိုယ့်ခေါင်းမှာတပ်စဉ်လိုက်ပြီး သူ့ရဲ့ ဦးနှောက်ထဲ မှာ မှတ်သားထားတဲ့ Bank account,PIN, Phone Number, Passwords, Home address အစရှိတဲ့အချက်အလက်တွေကို  Electrical signals နဲ့ ဖမ်းပြီးတော့ Computer နဲ့ ဘာသာပြန်ပြီး စမ်းသပ်ကြည့်ရာမှာ အောင်မြင်မှုရှိ ကြောင်းကိုသိရပါတယ်။
Ref:http://www.popsci.com.au/technology/how-to-steal-personal-data-from-someone-s-brain-using-a-300-off-the-shelf-brain-scanner
Hacker တွေအနေနဲ့ ဒီ Device ကိုအသုံးပြုပြီး Socially engineer နည်းပညာနဲ့ လိမ်ညာပြီး ကိုယ့်ကို
ဦးနှောက်မှာ တပ်ခိုင်းပြီး ကိုယ့်ရဲ့ ဦးနှောက်ထဲက အချက်အလက်တွေကို ခိုးသွားနိုင်ပါတယ်။ ဒီအတိုင်း
တော့ ဘယ်သူကမှတပ်ခိုင်းတိုင်း ဒီ Device ကိုတပ်မလဲလို့တော့ ထင်မယ် ဒါပေမဲ့ Socially engineer
နည်းပညာက လူတွေကို အယုံကြည်သွင်းပြီး ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့ နည်းပညာပါဘဲ။
Social engineering ပညာကတော့ တကယ်ကို တက်ထားသင့်ပြီး အလွန်းအသုံးဝင်ပါတယ်။

Social Engineering အကြောင်းကိုပိုမိုသိလို့လျှင်- http://en.wikipedia.org/wiki/Social_engineering_%28security%29


SBSangpi(စံပီး)
 
 

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, August 28, 2012

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်


(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သော ပြောင်းလဲပြင်ဆင် လိုက်သည့် ဝတ်စားဆင်ယင်မှု အသစ် ကာယအလှမယ်ပြိုင်ပွဲမှ ပထမဆုရ ပြိုင်ပွဲဝင်နှစ်ဦးသည် အာရှအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ "ပြီးခဲ့တဲ့ ပြိုင်ပွဲကနေ ပဏာမ လက်ရွေးစင်ငါးဦးရွေးချယ်လိုက် ပြီး အာရှအဆင့်ပြိုင်ပွဲအတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ထိုင်းနည်း ပြဆရာနှစ်ဦးလည်း နှစ်ပတ်ခန့် လာရောက်ပြီး လေ့ကျင့်အကြံပေး မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ခု တော့ လက်ရွေးစင်နှစ်ဦးကို ရွေး ချယ်လိုက်ပါပြီ" ဟု မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ ချုပ်အမှုဆောင် ဒေါ်ရီရီဝင်းက ပြောသည်။
အာရှအဆင့်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ ရသည့် ကာလအလှမယ်နှစ်ဦးမှာ ပြီးခဲ့သည့် အိုလံပစ်နေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ Model Physique ခေါင်းစဉ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် မဝတ်ရည်ဖြိုးနှင့် Fitness Physique ခေါင်းစဉ်ပြိုင် ပွဲတွင် ပထမရရှိခဲ့သည့် မအေး အေးစိုးတို့ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်နောက် ပိုင်း ပထမဆုံးအကြိမ် ဝတ်စား ဆင်ယင်မှုအသစ်ဖြစ်သည့် အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်ဖြင့် ယှဉ်ပြိုင်ရသည့် ကာယအလှမယ်ပြိုင်ပွဲကို ပြီးခဲ့ သည့် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ဗိုလ်ဗိုလ်ဝင်း
7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သုံးနှစ် အရစ်ကျသွင်းပါက မော်ဒယ်မြင့် တက္ကစီကားသစ်များ ရရှိမည် ဟုဆို

အငှားယာဉ် ဝယ်ယူ လိုသူများ အတွက် ကနဦး ကျပ်သိန်း ၄၀ ပေးချေကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ ဖြင့်သုံးနှစ် အရစ်ကျပေးချေ ပြီးပါကToyota Belta, Toyota Caldina အပါအဝင် မော်ဒယ်မြင့် တက္ကစီ ကားများ ရရှိမည်ဖြစ်ကြောင်း Best Auto Service ကားကုမ္ပဏီ ထံမှ သိရသည်။
"ဒါဟာ အများပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ ရောင်းချမယ့် ပုံစံက တော့ ခိုင်လုံတဲ့ Customer ၊တကယ်လိုချင်တဲ့ Customer နဲ့ ကြိုတင်ငွေ အများဆုံးတင်သွင်းနိုင် တဲ့ Customer တွေကို ဦးစားပေးရောင်းချမှာပါ။ ပိုင်ရှင်တစ်ဦးကို Driver သုံးဦးစာ Register တင်ခွင့် ရှိပါတယ်" ဟုBest Auto Service ကားကုမ္ပဏီမှ မန်နေဂျာ ဦးစိုး တင့်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။
အရစ်ကျရောင်းချသွားမည့် အငှားယာဉ်များမှာToyota Corolla Van၊ Toyota Caldina Van ကား မော်ဒယ် ၉၇ နှင့် ၂၀၁၀ အကြား အင်ဂျင်ပါဝါ (ဓာတ်ဆီ အင်ဂျင်) ၁၃၀ဝ စီစီ၊ ဒီဇယ်အင်ဂျင် ၂၅၀ဝ စီစီကားများ၊Toyota Probox၊ Toyota Belta ကားမော်ဒယ် ၂၀ဝ၆၊ ဝ၇၊ ဝ၉၊ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီကားများနှင့် ၂၀ဝ၇ မော်ဒယ်အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ၊ Nissan Ad-Van ကားများဖြစ်ပြီးမည်သည့်ကားမဆို ဈေးနှုန်းတစ်ခု တည်း ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။
"ဒီကိစ္စက အောက်ကားပိုင်ရှင် တက္ကစီ ဝယ်ယူချင်သူတွေ အတွက် အထောက်အကူ ပြုပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အောက်ကား ရောင်းပြီး ရတဲ့ငွေက တက္ကစီတစ်စီး ပြန်ဝယ်ဖို့ မလွယ်ကူပါဘူး"ဟု အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။
အများပိုင်ကုမ္ပဏီမှ တက္ကစီ များကို ကနဦးသိန်း ၄၀ ပေးသွင်း ကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ နှုန်း သုံးနှစ် အရစ်ကျပေးသွင်းကာဝယ်ယူနိုင်ပြီး ကားများကို စနစ် တကျ မောင်းနှင်မှု ရှိ မရှိ ၊Driver နှင့် ကားပိုင်ရှင်များ စည်းကမ်း လိုက်နာမှု ရှိ မရှိ ကုမ္ပဏီက စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ ယခု အခါ အငှားယာဉ်မောင်း များ၏ အုံနာကြေးမှာ ကျပ် ၁၅၀ဝ၀ ဝန်း ကျင်ရှိပြီး ကားစလစ် ဈေးများမှာ ကျပ်သိန်း ၇၀ ဝန်းကျင် အရောင်း အဝယ် ပြုလုပ်နေကြကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် ရန်ကုန် တိုင်းဒေသကြီးတစ်ခုသာ အငှား ယာဉ် အသုံးပြုကြကြောင်း သိရ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နာနီအား ပေါင်(၂၅)သန်းဖြင့် ကမ်းလှမ်းမည့် ဇင်းနစ်

ဇင်းနစ်အသင်းသည် မန်ယူ အသင်းနှင့် စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိခြင်း မရှိသေးသည့် တောင်ပံ ကစားသမား နာနီအား ပေါင် (၂၅)သန်းဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း သိရသည်။ နာနီ၏ အေးဂျင့်ဖြစ်သူသည် ဇင်းနစ်အသင်း တာဝန်ရှိသူများနှင့် အမ်စတာဒမ်မြို့တွင် တွေ့ဆုံခဲ့ပြီး ကစားသမား၏ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဇင်းနစ်အသင်း၏ နည်းပြဖြစ်သူ စပယ်လက်တီမှလည်း နာနီနှင့် ပတ်သက်သော သတင်းများမှာ မှန်ကန်ကြောင်း ယခုလ အစောပိုင်းက အတည်ပြု ပြောဆိုခဲ့ဖူး သော်လည်း ကစားသမား၏ အပြောင်းအရွှေ့ အတွက် ကုန်ကျမှုပေါ်မူတည်၍ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ကြောင်းနှင့် အသင်းမှ ငွေကြေးများစွာ သုံးစွဲနိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Soccer

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, August 26, 2012

ဘန်ကောက်မှာ ခွဲစိတ်မှုတစ်ခု ပြုလုပ်မယ့် မို့မို့မြင့်အောင်

မို့မို့မြင့်အောင် က သြဂုတ်လ ၁၈ရက်နေ့ မှာတော့ ဘန်ကောက်ကို ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးရေး အတွက်ရော၊ ကျန်းမာရေး အတွက် ပါဆေးစစ် မှုတွေ ပြု လုပ်ခဲ့ မှာဖြစ်သလို၊ ကျီးပေါင်းကြောင့် ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့မယ်လို့ ဆိုတာကြောင့်..''မမို့ ဘန်ကောက်မှာ ကြော်ငြာဓာတ်ပုံ ရိုက်မယ်။ ပြီးရင် ခွဲစိတ်မှုလုပ်ရမယ်။ မမို့ ခေါင်းအနောက်က အတက်က အာရုံကြောကို ဖိတော့ ညာဘက်လက်က နည်းနည်းလေး စသိမ်နေပြီ။ ခြေထောက် ကလည်း နည်းနည်းစလာပြီ။ ဒီထက်ပိုမဆိုးအောင်ပေါ့။ နောက်ဆုံးအဖြေက သူက ပြန်ကောင်း တာတော့ မရှိဘူး။ အောက်ပိုင်းသေ တာတွေဖြစ်နိုင်တယ်။ မမို့ အစ်မရဲ့ရုံးက ဝန်ထမ်းတစ်ယောက်ကလည်း ဒီလိုဖြစ်တော့ သွားလုပ်ပြီး သွားပြီ။ သူက မမို့လောက်တောင် မဆိုးပါဘူး။ အဲဒါ အစ်မက သွားလုပ်သင့် တယ်လို့ ပြောတာနဲ့ ဓာတ်ပုံ ရိုက်ပြီးရင်တော့ ခွဲစိတ်မှု လုပ်လိုက်တော့မယ်။ တစ်ပတ် ဆယ်ရက်လောက်တော့ ကြာမှာ ပေါ့။ ဒီလိုဖြစ်ခဲ့တာ က တော်တော်ကြာပြီ။
ဒါရိုက်တာမောင်ဝဏ္ဏနဲ့ မိုးမင်းစရိုက်တဲ့ကား မှာ ဖြစ်တာ အဲဒီကားမှာ ကျွမ်းထိုးလိုက်တာ။ အစတုန်းက ကိုယ်ကိုယ် တိုင်နှစ်တန်းခုန်၊ ကျွမ်းဘား တို့ကို လုပ်တာ။ ဘာမဟုတ်တဲ့ မြေညီမှာ ကျွမ်းဘား သွားထိုး လိုက်တာ ဇက်နည်းနည်း လေးလည်သွားတာ။ အဲဒီက စပြီး အုံးခဏ ခဏ လွဲတယ်ဆိုပြီး ဓာတ်မှန်ရိုက်လိုက်တာ အရိုး ၅နဲ့၆ကြားမှာ ကျီးပေါင်း တက်နေတယ်။ အဲဒီကျီးပေါင်းကလာပြီး ထောက်နေတာ။ ပြန် စဉ်းစားတော့ လည်း အနုပညာကို ချစ်တဲ့စိတ်နဲ့ဇွတ်တရွတ် လုပ်တာက ဒီဒဏ်တွေ ထွက်လာတာပါပဲ။ ခွဲစိတ်မှုကတော့ မိုင်နာလို့တော့ ပြောတယ်။ နောက်ပြီး မမို့ရဲ့ နှလုံးလို့ အဖြေ ထွက်ထားတာကိုလည်း အဖြေရှာ ရမယ်။ နောက် အပျိုကြီးလိုဖြစ်ရတဲ့ရောဂါကိုလည်း အဲဒီမှာ အကုန် လုံးပြန်ဆေးစစ်ခဲ့မယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့မိုက်မိုက်ကန်းကန်း စွန့် လုပ်ခဲ့တာတွေရှိတယ်။ဒါပေမဲ့ ဘယ်လောက် သတ္တိကောင်းတဲ့ လူဖြစ်ဖြစ် တကယ် ခွဲစိတ်ခန်း ဝင်ရတော့မယ် ဆိုရင်တော့ ငါ အောက်ပိုင်းသေသွားရင် ဘယ်လို လုပ်မလဲလို့ တွေးမိတယ်''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျန်းမာရေး အကောင်းဆုံး ၁၀ နိုင်ငံ

ဘလွန်းဘာ့ဂ်သုတေသန ဆာဗေးအရ စင်္ကာပူမှာ ကမ္ဘာ့ပေါ်တွင် ကျန်းမာရေး အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။ လူ့သက်တမ်း၊ ဆေးလိပ်သောက်ခြင်း နှုန်းထား၊  သေဆုံးနှုန်းတို့မှာ ပါဝင်သော စစ်တမ်းအရ လေ့လာခဲ့သည်။
၁၄၅ နိုင်ငံစစ်တမ်းတွင် စင်္ကာပူက ရမှတ် ၈၉ ဒသမ ၄၅ ရရှိခဲ့သည်။
အီတလီနှင့် သြစတြေးလျတို့က ဒုတိယနှင့် တတိယ နေရာများတွင် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူသားခန္ဓာကိုယ် ဆေးသိပ္ပံပြတိုက် အာရှတွင် ပထမဆုံး ဖွင့်လှစ် (ဗီဒီယို)

သက်မဲ့ ဆေးစိမ် လူသား ခန္ဓာကိုယ်ပုံစံအစစ် ၃၁ မျိုးတို့ကို ပကတိ တွေ့မြင်ရသည်။ လူသားကိုယ်ခန္ဓာ အစိတ်အပိုင်း အစစ်များကို အသုံးပြုသည့် ပြတိုက်ကို အာရှ၏ ပထမဆုံးအနေဖြင့် ချုလာလောင်ကွန်းတက္ကသိုလ်က ဖွင့်လှစ်လိုက်သည်။
အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများ၊ ကြွက်သားများ၊ ခြေလက်အင်္ဂါများ၊ ကလေးမွေးဖွားပုံ၊ သန္ဓေသား ဖွံ့ဖြိုးပုံ အဆင့်ဆင့်တို့ကို plastination technique နည်းပညာ အသုံးပြုလျက် ပြသထားခြင်းဖြစ်သည်။
ဘန်ကောက်ရောက်လျှင် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကလေးများကွန်ပျူတာကို တစ်ရက် တစ်နာရီသာ အသုံးပြုသင့်

အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း ကလေးငယ်များသည် ကွန်ပျူတာ အလွန်အကျွံ သုံးစွဲနေမှုကြောင့် ကွန်ပျူတာ အမြင်အာရုံချို့တဲ့မှုရောဂါ ဝေဒနာကို ခံစားနိုင်ရကြောင်း သိရပါသည်။ ရောဂါလက္ခဏာများအနေဖြင့် သတိလစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့အပြင် အခြားသော လည်ပင်းနှင့် ကျောရိုးဝေဒနာ များကိုလည်း ခံစားနိုင်ရကြောင်း ထိုင်း မျက်စိပညာအထူးကုသမားတော်က သတိပေးထားသည်။
ဖရာ့နန်ကလောင် ဆေးရုံမှ ဒေါက်တာ သပန်န၀န်တန်ဂုရိုင်ဝန်က ကလေးများကွန်ပျူတာပေါ်တွင် အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် အခြားသော စမာ့ဖုန်းများ၊ တက်ဘ်လပ်များဖြင့် အင်တာနက် အသုံးပြုခြင်းတို့ကို အလွန်အကျွံ ပြုလုပ်နေ ကြကြောင်း ဆိုပါသည်။

ကွန်ပျူတာ အလွန်အကျွံ အသုံးပြုခြင်းကြောင့် ခါးဝေဒနာ၊ လည်ပင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပိုမို ဖြစ်ပွားစေ သည်ဟု ဆိုပါသည်။ ကွန်ပျူတာနှင့် စမာ့ဖုန်း စခရင်တို့ကို အနီးကပ်ကြည့်ရှုခြင်းကြောင့် အနီးမှုန်ခြင်း၊ မျက်လုံးအိမ် နာကျင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းတို့ ခံစားရနိုင်သည်။
ထို့အပြင် လူမှုဆက်ဆံရေးနှင့် မိသားစုနှင့် ဆွေးနွေးပြောဆိုချိန် နည်းပါးလှသည့်အတွက် အမျက်ဒေါသ ထွက်လွယ်ပြီး၊ အဖျက်အနှောက် လုပ်လိုသော အပြုအမူတို့လည်း တိုးပွားစေနိုင် သည်။
ကလေးများသည် ကွန်ပျူတာကို တစ်ရက်လျှင် တစ်နာရီသာ အသုံးချခွင့် ပြုသင့်သည်ဟု သမားတော်ကြီးက ဆိုပါသည်။ မှောင်သော အခန်းတွင်းတွင် အသုံးမပြုသင့်ပါ။ စခရင် အလင်းအမှောင်ချိန်ထားသင်ပြီး တစ်မီတာ အကွာမှ ကြည့်ရှု သင့်သည်ဟု အကြံပြုထားသည်။
မောက္ခသတင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, August 5, 2012

ဆုတောင်း ဝတ်ပြုခြင်း က အယ်လ်ဇိုင်းမား ရောဂါ လျော့ကျစေနိုင်

နေ့စဉ် ဆုတောင်း ဝတ်ပြုခြင်း က အယ်လ် ဇိုင်းမား ရောဂါ ဖြစ်ပေါ် နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် ကြောင်း အစ္စရေးနှင့် အမေရိကန်တို့၏ ပူးတွဲလေ့လာချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေးဌာန၏ လေ့လာချက်အရ နေ့စဉ် ဆုတောင်းဝတ်ပြုမှုပြုလုပ်သော အမျိုးသမီးများသည် အယ်လ်ဇိုင်းမား သို့မဟုတ် ဦးနှောက်ဆဲလ်များ ပျက်စီးယို ယွင်းခြင်းဖြစ်ပေါ်မှု ၅၀ ရာခိုင်နှုန်း လျော့ နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ လွန်ခဲ့သည့်လအတွင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ပြုလုပ်သော ညီလာခံ တစ်ရပ်တွင်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ဖော်ပြကာ ဆွေးနွေးခဲ့သည်။ ယင်း၌ နေ့ စဉ်ဆုတောင်းဝတ်ပြုခြင်းဖြင့် အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာ ကွယ်နိုင်ကြောင်း တဲလ်အဗစ်တက္ကသိုလ် မှ သုတေသနပညာရှင် ပါမောက္ခ ရစ်ဗ် ကာအင်ဇယ်ဘက်က ပြောကြားခဲ့သည်။ ゞင်းအပြင် အစ္စရေးသုတေသနအဖွဲ့သည် အာရှတိုက်၌ လေ့လာမှုများ ပြုလုပ်ခဲ့ ရာတွင် မွေးကင်းစအရွယ်ကလေးငယ် များ သေဆုံးမှုနှင့် ရောဂါရမှုသည် ဘာ သာရေး ကိုင်းရှိုင်းသော လူမှုအသိုက် အဝန်း၌ လွန်စွာလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

NYM (Xinhua, 26.7.12)
Good Health
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒိန်းမတ် ဂိုးသမား လင်ဒီဂတ် ကို နောက်ထပ် လေးနှစ်စာချူပ်သက်တမ်း တိုးလိုက်တဲ့ မန်ချက်စတာ


လင်ဒီဂတ် မှာ ဖါဂူဆန်၏ နံပတ် ၁ အိပ်မက် ဂိုးသမား တစ်ယောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ဇန်န၀ါရီလတုန်းက ခြေကျင်းဝတ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နားနေခဲ့ရသည်။ ယခုအခါ ပြန်လည် ကျန်းမာလာမည့် အချိန်မတိုင်ခင်မှာပင် ဖါဂူဆန်က ယခုကဲ့သို့ စာချူပ်သက်တမ်း တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ယူနိုက်တက်ဘော့စ် က "အန်ဒရီးစ် ဟာ အတော်လေးငယ်ပြီး ကောင်းမွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းကို ပြောင်းရွှေ့လာပြီး ကတည်းက အရမ်းကို တိုးတက်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ဂိုးသမား ဌါနခွဲမှာ ကျန်းမာရေး ပိုမိုတိုးတက်လာဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အကောင်းဆုံး ဂိုးသမား ဖြစ်လာမယ့် အနေအထား တစ်ရပ်ဖြစ်ပါတယ်။ ဟုတ်ပါတယ် အခုသူ့ကို ကျွန်တော်တို့ စာချူပ်သက်တမ်း တိုးလိုက်ပါတယ်။ ဒဏ်ရာတွေကနေပြန်လည် သက်သာလာတဲ့ အခုနွေရာသီ ခြေစမ်းပွဲစဉ်တွေမှာ သူ့လက်စွမ်းကို အကောင်းဆုံး မြင်တွေ့ရပါလိမ့်မယ်  " ဟုပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

်တရားမျှတမှုကိုအလိုရှိတဲ့ ခရစ္စတီယာနိုင်ရော်နယ်ဒို

ခရစ္စတီယာနိုင်ရော်နယ်ဒိုသည် ပြီးခဲ့သည် ရီးရဲမက်ဒရစ်တွင် သုံးရာသီအတွင်း ဂိုးပေါင်း ၁၅၀ သွင်းယူနိုင်ခဲ့သည်။ ထို့အပြင်ပြီးခဲ့သည့် ယူရို တွင်လည်း ပေါ်တူဂီအသင်းအတွက် ခြေစွမ်းအပြနိုင်ဆုံး အခြေအနေဖြစ်ခဲ့သည်။
espn နှင့်တွေ့ဆုံရာတွင် ရော်နယ်ဒိုမှ စပိန်ကို ပယ်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ရသော ယူရိုအကြောင်းပြန်ပြောင်းပြောကြားရာတွင် " လူတွေက ကျနော် စောစောစီးစီးပယ်နယ်တီ ဘာလို့မကန်လဲဆိုပြီး အပြစ်တင်ချင်ကြတယ်။ ကျနော်ဘာမှသိပ်မပြောချင်ဘူး။ ကျနော် ပထမဆုံးပယ်နယ်တီကိုကန်မယ်ဆိုရင်လည်း ကျနော် လွဲချော်နိုင်တာပါပဲ။ ဘေယန်နဲ့ပွဲစဉ်တုန်းကလိုပေါ့ဗျာ ကျနော် ပထမဆုံးပယ်နယ်တီကို ကန်ခဲ့တယ် ကျနော်လွဲချော်ခဲ့တယ်။ စပိန်နဲ့ပွဲစဉ်မှာဖြစ်ခဲ့တာက  ကျနော်အနိုင်ဂိုးကို သွင်းမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပါ။ ကျနော့်ရဲ့ စိတ်ခံစားချက်ပါ။ ကျနော်မှားယွင်းခဲ့ပါတယ် ကျနော် ဘောလုံးသမားအဖြစ် အသက်မွေးလာတာ ဆယ်နှစ်ရှိပါပြီ ဒီလိုခံစားချက်တွေကို ကျနော်ခံနိုင်ရည်ရှိပါတယ်" ဟုပြောကြားခဲ့သည်။
ရော်နယ်ဒိုသည် ရီးရဲအတွက် နှစ်စဉ်ခြေစွမ်းပြခဲ့သော်လည်း မန်ယူအတွက်ကစားစဉ် ၂၀၀၈ ခုနှစ်တွင် အကောင်းဆုံးတစ်ကြိမ်ရခဲ့ပြိးနောက် နောင်နှစ်များတွင် ဘာစီလိုနာစတားမက်ဆီကြောင့် အကောင်းဆုံးဆုကို အကြိမ်ကြိမ်လွဲချော်ခဲ့ရသူဖြစ်သည်။
ဆက်လက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d'Or နှင့်ပတ်သက်ကာ ရော်နယ်ဒိုမှ ဆက်လက်ပြောကြားရာတွင်မူ " ကျနော်တရားမျှတမှုကိုအလိုရှိပါတယ်။ တရားမျှတမှုသာရှိမယ်ဆိုရင်ပေါ့ဗျာ ခင်ဗျားသိပါတယ် ဘယ်သူဒီဆုကိုရမလဲ ဘယ်သူကပိုထိုက်တန်လဲဆိုတာကိုပေါ့။ ကျနော်သိပ်တော့မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်မလိမ်ပါဘူး။ ကျနော် ဒီဆုကို ရချင်ပါတယ်။ ဒီလိုပဲ မော်ရင်ဟိုလည်း အကောင်းဆုံးနည်းပြဆုကိုရစေချင်ပါတယ်။ သူဟာ ကမ္ဘာမှာအကောင်းဆုံးနည်းပြဆိုတာ ပြသားပြီးသားပါ။ တရားမျှတမှုပါပဲ။ တရားမျှတမှုကလွဲပြီး ကျန်တာတွေကျနော်မတောင်းဆိုပါဘူး " ဟုပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမယ့်ရာသီသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ (မန်ယူတောင်ပံကစားသမား အန်တိုနီယို ဗလန်စီယာ)

ဇူလိုင်လဆန်းပိုင်းမှာ မန်ယူအသင်းအနေနဲ့ ရာသီအသစ်မှာ ဗလင်စီယာအနေနဲ့ နံပါတ် ၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ကာဂါဝါကတော့ နံပါတ် ၂၆ ကိုဝတ်ဆင်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကျောနံပါတ် ၇ ဟာ သမိုင်းဝင် နံပါတ်တစ်ခုဖြစ်ပြီး ဂျော့ခ်ျဘက်စ် ကန်တိုနာ ဒေးဗစ်ဘက်ခမ်း ရော်နယ်ဒို အစရှိသူတွေဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး မိုက်ကယ်အိုဝင် အသင်းက ထွက်ခွါသွားပြီးတဲ့နောက် လှစ်လပ်နေခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဗလင်စီယာကပြောကြားခဲ့ရမှာတော့ " လာမယ့်ရာသီအသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီနံပါတ်ကိုကျနော်လေးစားပါတယ်။ မန်ယူအသင်းမှာ အထင်ကရတွေအများအပြားဒီနံပါတ်ကိုဝတ်ဆင်ပြီး အသင်းရဲ့သမိုင်းကိုရေးထိုးသွားပေးခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သမိုင်းသစ်ကိုရေးထိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။ " ဟုဆိုပါတယ်။
ရာသီသစ်မှာ မန်စီးတီးဆီက ပရီးမီးယားလိဂ်သရဖူးကိုပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း သူကယုံကြည်နေပါတယ်။
မန်ယူနိုက်တတ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးနောက်မှာ ဥရောပကိုပြန်လာပြီး ဗယ်လာရမ်ဂါ ဘာစီလိုနာ ဟန်နိုဗာ အသင်းတွေနဲ့ ခြေစမ်းပွဲတွေကစားဦးမယ်လို့သိရပါတယ်။
မန်ယူအသင်းအနေနဲ့ ရာသီဖွင့်ပွဲအနေနဲ့တော့ အဲဗာတန်အသင်းနဲ့ သြဂုတ် ၂၀ ရက်နေ့မှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, August 2, 2012

တမင်ရှုံးအောင် ကစားခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲဝင် ကြက်တောင်အသင်း ကို ပြိုင်ပွဲမှ ထုတ်ပယ်။

အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၂ ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်း က စုစုပေါင်း အားကစား သမား ၈ ဉီး ကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက် ပါတယ်။

၂ သင်းလုံး ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်တက်ဖို့ သေချာပြီ ဖြစ်နေတဲ့ တရုတ်အသင်းနဲ့ တောင်ကိုရီးယားအသင်း ကစားနေကြတုန်းမှာ တဖက်နဲ့ တဖက် ရေကုန် ရေခမ်း ကစားတာ မရှိပဲ မရှုံး ရှုံးအောင် ကစားခဲ့တာပါ။

အဲဒီလို လုပ်တဲ့ အကြောင်းရင်းက လည်း ပွဲစဉ် ဇယားအရ အနိုင်ရတဲ့ အသင်းက ကွာတားဖိုင်နယ်မှာ သူတို့ထက် အရည်အချင်း ပိုသာတဲ့ အသင်းနဲ့ တွေ့ရမှာဖြစ်ပြီး ရှုံးခဲ့ရင် အရည်အချင်းအရ အခုန အသင်းထက် နိမ့်တဲ့ အသင်းနဲ့ တွေ့ရမှာမို့ အခုလို တမင်အလျှော့ ပေး ကစား ခဲ့ကြတာပါ။

ဘယ်လောက်အထိ တောင်ဖြစ်သလည်း ဆိုတော့ နှစ်ဖက် အပြန်အလှန် ရိုက်ကြတာ အများဆုံးက ၄ ချက် လောက်ပဲ ရှိတာတို့၊ ဆာဗင်ပေးတော့လည်း ပိုက်တိုး အောင်ထိုးတာတို့၊ ဆာဗင် ပေးရင် ပေးရတဲ့ အကွက်ကို ကျော်အောင် ထိုးတာလို့တွေ ကို နှစ်ဖက်စလုံး က လုပ်ကြပါတယ်။

ပွဲကစားချိန်မှာပဲ ဒိုင်လူကြီး Thorsten Berg က ပွဲရပ်ပြီး သတိပေးခဲ့ရပါပြီး၊  ပွဲကြည့်ပရိသတ်တွေကလည်း လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ်။


ပွဲအပြီးမှာတော့ ရှုံးနိမ့် ခဲ့တဲ့ တရုတ် အသင်းက yu yang က သူတို့ဟာ နောက်တဆင့် တက်ဖို့ သေချာနေတာ ဖြစ်လို့ အလဟဿ အားကုန်အောင် မကစားတာ ပါလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အားကစားစိတ်ဓာတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

တရုတ်အစိုးရ သတင်းစာဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနကတော့ ရွှေတံဆိပ် ရဖို့ထက် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်နဲ့ ကစားဖို့က ပိုပြီးအရေးကြီးတယ်လို့ ဝေဖန် ရေးသားပြီး အခု အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တရုတ် အိုလံပစ် အသင်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။ အလားတူပဲ တခြား တောင်ကိုရီးယားအသင်း နဲ့ အင်ဒိုနီးရှား အသင်း တို့ကလည်း အားကောင်းတဲ့ တရုတ်အသင်း ကို ရှောင်ဖို့ တမင် တကာ မရှုံး ရှုံးအောင် ကစား ခဲ့တာကြောင့် အရေးယူခံရပါတယ်။

ကွားတား ဖိုင်နယ်ပွဲစဉ်တွေ ကတော့ မကြာမှီ အချိန်အတွင်းမှာ စတင်ကစား ကြတော့မှာ ဖြစ်ပါတယ်။
နှစ်ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်းကတော့ တောင်ကိုးရီးယား က ၂ သင်း၊ တရုတ်အသင်း ၁ သင်း နဲ့ အင်ဒိုနီးရှား ၁ သင်း စုစုပေါင်း ၄ သင်းဖြစ်ကြပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ညီဖြစ်သူ သော်ဂန်အား ချယ်လ်ဆီး အသင်းမှ ခေါ်ယူခဲ့သည့် အတွက် ကျေနပ်နေသည့် ဟတ်ဇာတ်ဒ်

ချယ်လ်ဆီး အသင်း၏ တိုက်စစ်ကစားသမား ဟတ်ဇာတ်ဒ်မှ သူ၏ညီဖြစ်သူ သော်ဂန် ဟတ်ဇာတ်ဒ်အား ချယ်လ်ဆီး အသင်းမှ လက်မှတ်ထိုး ခေါ်ယူခဲ့သည့် အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ချယ်လ်ဆီး အသင်းသည် လိုင်လီမှ ဟတ်ဇာတ်ဒ်အား ပေါင် (၃၂)သန်းဖြင့် ခေါ်ယူပြီး တစ်ပတ်အကြာ ပြီးခဲ့သော အင်္ဂါနေ့က အသက် (၁၉)နှစ် အရွယ်ရှိ သော်ဂန်အား ခေါ်ယူခဲ့ခြင်း ဖြစ်ကာ ဟတ်ဇာတ်ဒ် ယခုလို ခေါ်ယူခဲ့ခြင်း အတွက် သူ၏ ပျော်ရွှင်မှုများကို ထုတ်ဖော် ပြောဆိုခဲ့သည်။ “ဟတ်ဇာတ်ဒ် နှစ်ယောက်က ချယ်လ်ဆီး အသင်းမှာ ရှိနေပါတယ် အဲဒီအတွက် ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”ဟု ဟတ်ဇာတ်ဒ်မှ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ သို့သော်လည်း ဟတ်ဇာတ်ဒ်တို့ ညီအစ်ကို နှစ်ဦးမှာ ယခုနှစ် ဘောလုံးရာသီတွင် အတူတကွ ကစားခွင့် ရဖွယ်မရှိပဲ သော်ဂန် အငှားဖြင့် ပြောင်းရွှေ့ ကစားရဖွယ် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အကြမ်းဖက် ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှု စိုးရိမ်ပူပန်ရန် မလိုဟုဆို

ပါကစ္စတန် နိုင်ငံ အခြေစိုက် တာလီဘန် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreeke-Taliban (TTP) အဖွဲ့က ရခိုင် ပြည်နယ် ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို တိုက်ခိုက်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ရာ ယင်းထုတ်ပြန်ချက်ကို ပြည်တွင်း အစ္စလာမ်ဘာသာဝင်များက လက်မခံဘဲ ပယ်ချလိုက်ပြီး နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ပြောဆိုလိုက်သည်။
တာလီဘန်အဖွဲ့၏ ခြိမ်း ခြောက်မှုနှင့်ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက “လုံခြုံရေး အပြည့်ရှိပါတယ်”ဟု ဇူလိုင်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပ သော ရခိုင်အရေး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုသည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင် တစ်ဦးဖြစ်သော ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုအပေါ် လက်မခံကြောင်း ပြောဆိုသည်။ “အကြမ်းဖက်ဝါဒနဲ့ ပတ် သက်ပြီးတော့ လက်မခံဘူး။ တစ် ကမ္ဘာလုံးလည်း လက်မခံဘူး။ ဒီ နိုင်ငံမှာ အကြမ်းဖက်မှု ပေါ်ထွန်း လာမှာမလိုလားဘူး”ဟု ကိုမြအေး က ပြောဆိုသည်။
ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်များ ဦးဆောင်ဖွဲ့စည်းထားသောအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင် ဦးအဘူလ်တာဟေရ်(ခေါ်) ဦးသာအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်သည်ဆိုသော သတင်း အပါအဝင် သတင်းအများစုသည် နိုင်ငံတွင်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးပျက်ပြားအောင် လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။
“အဲဒီ သတင်းတွေက ကျွန်တော်တို့နိုင်ငံ မတည်မငြိမ် ဖြစ် အောင် လုပ်နေတာ”ဟု ၄င်းက ဆို သည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်အချို့ကလည်း တာလီဘန်အဖွဲ့ ၏ ခြိမ်းခြောက်မှုကို လက်မခံဟုပြောဆိုကြသည်။ အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်အရTTP တာလီ ဘန်အဖွဲ့သည် ၂၀၁၀ ခုနှစ်၊ နယူး ယောက် မြို့လယ်ကောင် Time Square ဗုံးခွဲရန် ကြိုးစားမှု၊ ၂၀ဝ၉ခုနှစ် အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် စီအိုအေအဖွဲ့ဝင် ခုနစ်ဦးသေဆုံးမှု အတွက် တာဝန်ရှိသော အကြမ်း ဖက် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိ ရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

The Lady ရုပ်ရှင်အပြီး ထပ်ပေါ်လာမယ့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒုတိယမြောက် မှတ်တမ်း ရုပ်ရှင်

အသက် ၆၇ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေပြီ ဖြစ်တာမို့လို့ သူဟာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲ နိုင်ငံခြားသားတွေပြီးရင် ပထမဆုံးမြန်မာလူမျိုးအဖြစ် စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။
ပြသချိန် ၁ နာရီခွဲကြာမယ့် သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ရိုက်ကူးရေးအနေနဲ့ အခုမှ အစပဲ ရှိသေးတဲ့အကြောင်းကို မင်းထင်ကိုကိုကြီးက “၂၁ ရက်နေ့ကမှ အမေ့ ခြံထဲမှာ စရိုက်ဖြစ်တာပါ။ အမေစုနဲ့အင်တာဗျူးအခန်းတွေ ရိုက်ဖြစ် ခဲ့ပါတယ်”လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ် ပြီး တစ်လအကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို အသိပေးခွင့်တောင်းခဲ့တယ်လို့ ၂၀၁၀ အာဆီယံ ရုပ်ရှင် ပွဲတော်မှာ“အင်းသီး”မှတ်တမ်းရုင်ရှင်နဲ့ ဒုတိယအကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုရခဲ့တဲ့ မင်းထင်ကိုကိုကြီးက ပြောပြပါတယ်။
“အဲဒီတုန်းကတော့ အမေစုက ရိုက်ပေါ့။ အခုတော့ ခဏနေပါ ဦးလို့ပြောတယ်။ ၂၀၁၁ ဇူလိုင်မှာ ကျွန်တော်က နောက်တစ်ခါထပ် ပြောတော့ အမေစုကရိုက်ခွင့်ပေးလိုက်ပါတယ်”လို့ သူကပြောတယ်။ အဲဒီလို ခွင့်ပြုချက်ရတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်း စုကြည် နော်ဝေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုသွားယူတော့ အဲဒီအခမ်းအနားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းမို့လို့ သူ့ရဲ့ဇာတ်ကားထဲမှာထည့်ဖို့အတွက် မင်းထင်ကိုကိုကြီးဟာ နော်ဝေကိုလိုက်သွားပြီး ဆုယူတဲ့အခမ်းအနားကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ “အမေစုအနားမှာ အဲဒီလိုမျိုးရိုက်ချင်လို့ စောင့်နေတဲ့နိုင်ငံခြားသားတွေလည်း အများကြီး။ ကျွန်တော့်ကို ရိုက်ခွင့် ပေးလိုက်တယ်ဆိုတာ ကိုယ့်မြန်မာအချင်းချင်း ရိုက်စေချင်လို့ပေးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။
ဇာတ်ကားလုံးဝပြီးစီးဖို့ဆိုရင်တော့ အချိန်နှစ်နှစ်လောက်ကြာဦးမယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကြိမ်ကြိမ် အသေးစိတ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်ထဲမှာ ဘယ် အချိန်ကာလကနေ ဘယ်အချိန်အထိပါမယ်ဆိုတဲ့Timeline တစ်ခုကို ဆွဲနိုင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံထားတဲ့ Luc Besson ရဲ့The Lady ဇာတ်ကားနဲ့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့် မှတ်တမ်းရှင်ရှင်တို့ရဲ့ မတူညီတဲ့အချက်က တော့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့်အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝကနေ အခု လွှတ်တော်ထဲရောက် နေတဲ့အကြောင်းတွေ ပါတာပဲဖြစ်ပါတယ်။
“အခု အဓိကပြဿနာက အချိန်။ အမေစုက အခု လွှတ်တော်ထဲမှာပဲဆိုတော့ အလုပ်အရမ်းရှုပ်နေတယ်။ ကျွန်တော် တို့လိုချင်သလို အချိန်ကိုမပေးနိုင်ဘူး။ ဒီတော့ ပြီးဖို့နှစ်နှစ်လောက်ကြာမယ်ဆိုတာ မဆန်းဘူး”လို့ မင်းထင်ကိုကိုကြီး က ပြောတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မှတ်တမ်းရှင်ရှင်ရိုက်ဖို့ စိတ်ကူးဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်လာပြီးတော့ ရတာဖြစ်ပြီး အရင်ကတော့ ရိုက်ဖို့စိတ်ကူးမရခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဇာတ်ကားလုံးဝ ပြီးစီးသွားရင်တော့ အဲဒီကားကို နိုင်ငံတကာမှာဖွင့်ပွဲလုပ်မယ်လို့ မင်းထင်ကိုကိုကြီးကပြောတယ်။
“ဘယ်နိုင်ငံမှာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူးဗျာ။ အဝေးကြီးလည်းလိုသေးတာကိုး။ လုပ်တာကတော့လုပ်မှာ။ ကျွန်တော့်မှာ အခု ဇာတ်ကားကို နာမည်တောင် မစဉ်းစားရ သေးဘူး” လို့ သူက ပြောပါတယ်။ “ပြည်တွင်းမှာတော့ အဲဒီကားကို အလကားဖြန့်မယ်။ ပရိသတ် တွေဆီ ပိုရောက်ဖို့အတွက်တော့ ရုံတွေမှာ ပြမလား၊ တီဗွီ ချန်နယ် တစ်ခုခုက လွှင့်မလားဆိုတာကိုတော့ စဉ်းစားရမယ်”လို့ သူက ဆက် ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ပြင်သစ် ဒါရိုက်တာ Luc Besson ရဲ့ The Lady ဇာတ်ကားဟာ မနှစ်က ထွက်ရှိခဲ့ပါတယ်။ ရုံတင်ပြသခြင်းမရှိခဲ့တဲ့ အဲဒီဇာတ်ကားဟာ ခိုးကူး ခွေအနေနဲ့ အင်မတန်ရောင်းကောင်းခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေပေါ်မှာ လွဲမှားမှု တွေရှိတယ်ဆိုပြီး အငြင်းပွားစရာဖြစ်ခဲ့ပါသေးတယ်။ “အချစ်ဇာတ်လမ်း ဆန်ဆန်ပါပဲ။ ဇာတ်လမ်းက အစကတည်း က အချက်အလက်တွေမှားနေတာကတော့ စိတ်ပျက်စရာကြီး”လို့ The Lady ကို ခိုးကူးခွေအနေနဲ့ကြည့်ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ရန်ကုန်သူ မေနှင်းက ဆိုပါတယ်။
မင်းထင်ကိုကိုကြီးကတော့Luc Besson ဟာ သူ့ဇာတ်ကားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတာဟာ ခင်ပွန်း ကွယ်လွန်သူ မိုက်ကယ်အဲရစ်ကြောင့်ရသလိုလို ပုံဖော်ထားတာ ကြောင့် ထိုဇာတ်ကားကိုThe Lady လို့မပေးဘဲThe Husband လို့ ပေးသင့်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ချုပ်ကိုလုပ်ကြံတဲ့အခန်းမှာလည်း ခြောက်လုံးပြူးက နားထင်ကို လာတေ့ရာမှာ ဗိုလ်ချုပ်က လုပ်ချင်ရာ လုပ်ကြပါတော့ဆိုတဲ့ ပုံစံမျိုးရိုက်ပြထားတယ်။ သူအဲဒီလို ရိုက်ပြလိုက်တာက ဘယ်တော့မှ လွယ်လွယ် အရှုံးမပေး တတ်တဲ့ ဗိုလ်ချုပ်ရဲ့သိက္ခာကို စော်ကားသလိုဖြစ်နေတယ်။
သမိုင်းအချက်အလက်တွေမှားနေတာလည်းပါတော့The Lady ဟာ သေသေချာချာ ပြင်ဆင်မှုမရှိဘဲ ချက်ချင်းထရိုက်တဲ့ ဇာတ်ကားလို့ပဲ ပြောရမှာပေါ့” လို့ သူက ပြောတယ်။ အဲဒီအကြောင်းတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းတာပေါ့။ သားတို့ သင်ခန်းစာယူလို့ရတာပေါ့”လို့ ပြောပါတယ်။ွှ့The Wall Street Journal သတင်းစာနဲ့ ဒီနှစ်အစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့Luc Besson ဟာ သူ့အနေနဲ့ The Lady ဇာတ်ကားကို ရိုက်တုန်းက အချက်အလက်မှန်မှန်ကန်ကန်ရခွင့်မကြုံခဲ့ဘူးလို့ ဆိုပါတယ်။
“ရတဲ့အချက်အလက်တွေက အများကြီးပဲ။ အဲဒါတွေကို နည်းနည်းပဲကျန်တဲ့အထိ စစ်ထုတ်ပစ်ရပါတယ်။ အဲဒီအခါမှာ တော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှန်တရားဆိုတာ ဒီအချက်အလက်တွေထဲမှာရှိတယ်” ဆိုတာမျိုး ရလာတယ်။ သေတော့မသေချာဘူး ဒါပေမယ့် အနည်းဆုံးတော့ နီးစပ်မှုတော့ ရှိတယ်”လို့Luc Besson က အဲဒီ အင်တာဗျူးမှာ ဖြေထားပါတယ်။ အခု မှတ်တမ်းရုပ်ရှင်ကို ရိုက်ဖြစ်သွားရတဲ့အကြောင်းနဲ့ပတ်သက်ပြီး မင်းထင်ကိုကိုကြီးက “အမေစုအပေါ် လေးစား တဲ့ စိတ်ကြောင့်ပါ။ တခြားအကြောင်းမရှိပါဘူး”လို့ ဆိုပါတယ်။ “လူပုဂ္ဂိုလ်တစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်တာ ကျွန်တော့်အတွက် ဒါဟာပထမဆုံးပါပဲ။ ကျွန်တော် တို့ဆီမှာ ကမ္ဘာကသိတဲ့လူ သုံးယောက်ရှိတယ်။ ဗိုလ်ချုပ်၊ ဦးသန့်နဲ့ အမေစု။ အခုဆို အမေစုတစ်ယောက်ပဲ ကျန် တော့တယ်။ သူ့ဘဝအကြောင်းကို ကျွန်တော့်အနုပညာနဲ့ တတ်စွမ်းသလောက် မှတ်တမ်းတင်ချင်တာပါ”လို့ မင်းထင် ကိုကိုကြီးက ပြောပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တရားမဝင် မြန်မာ လုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရ

တရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် စတင် လိုက်သည်။ မဲဆောက်မြို့ပြင်ရှိ မဲ့ကဆာ ရွာအမှတ် ၂၆၁ ရပ်ကွက် ၁ဝတွင် တည်ရှိသည့် စိုင်းမွန်းအမှတ်တံဆိပ် ဖိနပ်စက်ရုံကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မဲဆောက်အာဏာပိုင် များက ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပြီး တရားမဝင်အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ၆၈ ဦးကို ထိုင်းရဲက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

ရှောင်တခင်ဖမ်းဆီးမှုတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်နှင်ဒဏ်ပေးမည်ဖြစ်ပြီး အလုပ်ရှင်ကို ဥပဒေအရ အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက သတင်း ထောက်များကို ပြောသည်။ အဖမ်းခံရသူများကို မဲဆောက် ရှိ ထိုင်းလဝကအချုပ်တွင် ချုပ်နှောင်ထားပြီး အမျိုးသမီး ၄၈ ဦးနှင့် အမျိုးသား ၂ဝ ဦးဖြစ်ကာ ၄င်းတို့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေး မည့် အဖွဲ့အစည်းများ မရှိသေးဟု အလုပ်သမား များက ပြောသည်။ အဆိုပါ ဖမ်းဆီးမှုသတင်း ကြောင့် မဲဆောက်ရှိ စက်ရုံ၊ အလုပ် ရုံများက ၄င်းတို့၏ အလုပ်သမား များကို ခေတ္တတိမ်းရှောင်မှုများ ပြု လုပ်စေပြီး အချို့စက်ရုံများ လုပ်ငန်းလည်ပတ်မှု ရပ်နားထားသည်ဟု မြန်မာအလုပ် သမားအရေး ဆောင် ရွက်နေကြသည့် အဖွဲ့များက ပြောသည်။

မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း မြန်မာအလုပ်သမား လေးသိန်းခန့် ရှိသည့်အနက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသည့် အရေ အတွက်မှာ လေးသောင်းခန့်သာရှိသည်ဟု ထိုင်းအလုပ်သမားရုံး၏ မှတ်တမ်းများအရ သိရှိရသည်။ မဲဆောက်ရှိ အလုပ်ရုံစက်ရုံများသည် လုပ်အားခဈေးပေါသည့် မြန်မာအလုပ် သမားများကို အဓိကအသုံးပြုနေကြခြင်းဖြစ်ပြီး တစ်နေ့လုပ်အားခကို ထိုင်း ဘတ်ငွေ ၁ဝဝ အောက်သာ ပေးသည်ဟု မြန်မာအလုပ်သမားများက ပြောသည်။ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ တရားဝင်သတ်မှတ်ထားသည့် တစ်နေ့တာ လုပ်အားခမှာ ၂၂၆ ဘတ်ဖြစ်ပြီး လက်ရှိ မဲဆောက်မြို့နယ်အတွင်း လုပ်ငန်းခွင်အသီးသီး၌ မြန်မာအလုပ် သမားနှစ်သိန်းခန့် လုပ်ကိုင်လျက်ရှိသည်။

ရဲရင့်မောင်

Popular News


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed