BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 30, 2011

မြန်မာ့စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁ ၏ အောင်မြင်မှုများ

မြန်မာ့စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁ ၏ အောင်မြင်မှုများ
သနပ်ခါးပါးကွက်ကျားနှင့် လေးနှစ်အရွယ် ကလေးငယ်လေး တစ်ယောက်က 'မြန်မာမီနီဆလွန်း' ကား အဝါလေးရှေ့တွင် ဓာတ်ပုံ အရိုက်ခံနေသည်။ နေပြည်တော် လယ်ဝေးမှလာသော ကလေးဟု သိရ ၏။ နောက်ထပ် ငါးနှစ်အရွယ် ကောင်လေးတစ်ဦးကလည်း ချစ် စရာကားအနီလေးရှေ့မှာ သူ့ကို ဓာတ်ပုံ ရိုက်ပေးပါဟု သူ့မိဘတွေကို ပူဆာနေသံ ကြားရ၏။ ကလေးရော လူကြီးရော ဝိုင်းဝိုင်းလည် ကြည့်ရှု တပ်မက်နေကြသော 'မြန်မာမီနီ ဆလွန်း'သည် 'မြန်မာ့စက်မှုထုတ် ကုန်ပြပွဲ ၂ဝ၁၁' တွင် ရေပန်းအစား ဆုံး စူပါစတားဖြစ်နေသည်။ 'မြန်မာ့ စက်မှုထုတ်ကုန်ပြပွဲ ၂ဝ၁၁' ကို ၂၂-၇-၂ဝ၁၁ နေ့က နေပြည် တော်ရှိ 'မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန' (MICC) တွင် ၅ ရက်တိုင် ကျင်းပခဲ့၏။ ပြပွဲတွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက် အောက်ရှိ လုပ်ငန်းဌာနများမှ စက်မှု ထုတ်ကုန်ပစ္စည်း အမယ်ပေါင်း ၈၉၃ မျိုး၊ အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူစီးမော်တော် ယာဉ်များ၊ ကုန်တင်ယာဉ်ကြီး များ၊ လုပ်ငန်းသုံးစက်ယန္တရားကြီးများ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ အင်ဂျင်အမျိုးမျိုး၊ တာယာ အမျိုးမျိုး အပါအဝင် စက်မှုထုတ်ကုန် ၇၂ မျိုးကို ပြသထားသည်။ MICC ရှေ့ တွင် ကားတွေ တန်းစီရပ် ထားကာ ပြပွဲကြည့်လာသူ ပရိသတ် အုတ် အုတ်သဲသဲဖြင့် စည်ကားလှ၏။ နေ့စဉ် ပရိသတ်သုံးသောင်းကျော် လာရောက်ကြည့်ရှုကြသည်ဟု ဆို၏။ ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းများမှ စာနယ်ဇင်း သမားများကိုလည်း ၂၆-၇-၂ဝ၁၁ နေ့က အမှတ်(၂)စက်မှုဝန်ကြီးဌာန ဖိတ်ကြား၍ ပြပွဲသို့သွားရောက် ကြည့်ရှုခွင့်ရခဲ့ သည်။ ကျွန်တော်တို့ စာနယ်ဇင်းသမားများက စက်မှု(၂) ထုတ် MRL  မြန်မာရွိုင်ရယ် ၁၂ ယောက်စီးကားသစ် နှစ်စင်းဖြင့် နေပြည်တော်သို့ သွားကြရ၏။ "လူကြိုက် များနေတဲ့ မြန်မာ မီနီဆလွန်းတွေကို ဘယ်လောက် အရေအတွက် ရောင်းချပြီးပြီလဲ" ဆိုသော စာနယ်ဇင်းသမားတစ်ဦး၏ အမေးကို သက်ဆိုင်ရာတာ ဝန်ရှိသူ က "ခုထိ စီးရေ သုံးရာလောက် ရောင်းပြီးပါပြီ" ဟု ဖြေကြားသည်။ မြန်မာမီနီဆလွန်းကားသည် ပုံစံ လှပပြီး ရောင်းဈေးကလည်း ကျပ် ၅၅ သိန်းသာရှိသဖြင့် ဝယ်ယူလိုသူ များပြားလှ၏။ "ခုထိ လျှောက်လွှာပေါင်းက သုံးသောင်းကျော် ရှိနေပါပြီ။ ဝယ် ချင်သူများနေတဲ့အတွက် စိစစ်ပြီး ရောင်းနေရပါတယ်။ အငြိမ်းစားဝန် ထမ်းရော၊ အနုပညာရှင်ရော၊ နိုင်ငံ ရေးနယ်ပယ်က ပုဂ္ဂိုလ်ရော၊ ကုန် သည်ရော လူတန်းစားအလွှာအသီး သီးကို ရောင်းပေးနေပါတယ်။ လျှောက်ထားသူအားလုံး တစ်ချိန် ချိန်မှာ အကုန်ရသွားနိုင်ကြပါလိမ့် မယ်" ဟူသော အဖြေစကားကို လည်း ကြားရ၏။ မကြာမီ ရောင်းချရန်စီစဉ်ထား သည့် 'မြို့တော်ဘတ်စ်ကား' (City Bus) ကလည်း ခရီးသည် ၃၅ ယောက်စီးဖြစ်ကာ မော်ဒယ်ပုံစံက ဆန်းသစ်လှပနေသည်။ မြန်မာပြည် လမ်းများတစ်လျှောက် စက်မှု(၂)၏ စီးတီးဘတ်စ်များဖြင့် တင့်တယ် ခန့်ထည်တော့မည့် မြင်ကွင်းကို မှန်းမျှော်စိတ်ကူးရင်း ကြည်နူးမိ၏။ ဟဲဗီးဂျူတီတာတာ (၆ ထ ၂)နှင့် (၆ ထ ၄) ကားကြီးများလည်း ပြသ ထားသည်ကို တွေ့ရသည်။ တီအီး -၂၁ မီးသတ်ယာဉ်များလည်း စက်မှု(၂)၏ လက်စွမ်းပြထုတ်လုပ် ထားမှုပင်ဖြစ်သည်။ အမှတ်(၂) အထွေထွေအကြီးစား စက်မှုလုပ် ငန်းမှ ထုတ်လုပ်သော တာဘိုင် အင်ဂျင်များ၊ ဒီဇယ်အင်ဂျင် မီးစက် များကိုလည်း တောင်သူလယ် သမားတွေ ဝိုင်းအုံငေးမောနေကြ၏။ အိမ်ရှင်မအများစုကမူ 'မောင်မြန်မာ အပ်ချုပ်စက်' များနားတွင် တရစ်ဝဲဝဲ ရှိနေကြ၏။ စက်ခေါင်းသပ်သပ် ကျပ်နှစ်သောင်းကျော်တန် စက်ခြေ ထောက်အပါအဝင် ကျပ်ငါးသောင်း ကျော်မို့ ဈေးနှုန်း ကသက်သာလှ၏။
တကယ်တော့ 'မြန်မာ့စက်မှု ထုတ်ကုန်ပြပွဲ ၂ဝ၁၁' သည် နိုင်ငံ ပိုင်စက်ရုံထုတ်ကုန်များ၏ အရည် အသွေးအဆင့်အတန်း တိုးတက် ပံ့ပိုးမှုဖြစ်စေရုံမက ဈေးကွက်ချဲ့ထွင် တိုးတက်ရေးကိုပါ မျှော်မှန်းနိုင်သည့် ရည်ရွယ်ချက် အထမြောက်သည် ဟု ဆိုရပါသည်။
PN-999

Leave a Reply

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၂၀၁၅ တွင် အင်တာနက်ချိတ်ဆက် သုံးစွဲသည့် ကိရိယာပေါင်း ၁၅ ဘီလျံရှိလာနိုင်


Science
၂၀၁၅ တွင် အင်တာနက်ချိတ်ဆက် သုံးစွဲသည့် ကိရိယာပေါင်း ၁၅ ဘီလျံရှိလာနိုင်
မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ် ......
(၂၀၁၅)ခုနှစ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာပေါင်း (၁၅)ဘီလျံမျှ ရှိလာနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းပြောကြားလိုက်သည်။ မိုဘိုင်းလ်ဖုန်းများ၊ Tabletကွန်ပျူတာများ သုံးစွဲမှု မြင့်တက်လာခြင်းကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် အင်တာနက် ချိတ်ဆက်သုံးစွဲနေသော ကိရိယာ (၅)ဘီလျံ ကျော်နေပြီဖြစ်သည်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းနေသလို အင်တာနက် တိုက်ရိုက်ချိတ်ဆက်နိုင်သည့် မော်တော်ကားများ၊ ရုပ်မြင်သံကြားလိုင်းများ ပေါ်ပေါက်လာခြင်းကြောင့်လည်း လာမည့်(၄)နှစ်အတွင်း အင်တာနက် ချိတ်ဆက်အသုံးပြုသည့် ကိရိယာများ ၀ယ်ယူအသုံးပြုမှု တစ်ဟုန်ထိုး တိုးတက်လာမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

mobile internet using

Cisco၏ Visual Networking Indexက (၂၀၁၅)ခုနှစ်တွင် တစ်ကမ္ဘာလုံး တစ်လ အင်တာနက်သုံးစွဲမှု Trafficသည် 80 exabyte ရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ (၂၀၀၄)ခုနှစ်က တစ်လလျင် 1 exabyteသာ ရှိသည်။ (1 exbyteသည် gigabyte တစ်ဘီလျံနှင့် ညီမျှသည်) "ဒါဟာ မျိုးဆက်တစ်ခု ပြောင်းသွားသလို ကိစ္စမျိုးပါ။ အင်တာနက်ကို တောက်လျှောက်ချိတ်ဆက်ထားတဲ့ လူနေမှုစနစ်နဲ့ မျိုးဆက်တစ်ခုပေါ့"ဟု Cisco၏ ဒုတိယ ဥက္ကဌတစ်ဦးဖြစ်သူ ဆာ့ဂ်ျရှက်တီက ပြောကြားခဲ့သည်။ (၂၀၁၅)ခုနှစ်တွင် ကမ္ဘာ့လူဦးရေ အများစုသည် အင်တာနက်ကို မည်သို့မည်ပုံ ချိတ်ဆက်ရမည်ကို အလွယ်တကူ သိရှိထားသော ဗဟုသုတမျိုး ရှိနှင့်ပြီး ဖြစ်လိမ့်မည်ဟုလည်း ရှက်တီက ခန့်မှန်းခဲ့သည်။ ထို့အပြင် Ciscoသည် အသစ်ဖန်တီးထားသော IPv6က အင်တာနက် သုံးစွဲမှု ပမာဏကို မြင့်တက်လာစေမည်ဟုလည်း ရှက်တီကဆိုသည်။ IPv6အတွက် Ciscoသည် Verizon၊ Yahoo၊ Google၊ Facebook၊ TimeWarnerနှင့် Comcastတို့ကို စုရုံးကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနည်းပညာသစ်သည် ၀က်ဘ်ဆိုက်များကို မြန်နှုန်းမြင့်မြင့် ချိတ်ဆက်နိုင်မှုနှင့် ကွန်ရက်အမျိုးမျိုးတို့ကို ထောက်ပံ့နိုင်မှု ရှိမရှိ စမ်းသပ်ရန် နည်းပညာ ကုမ္ပဏီများ စုရုံးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Source: DailyMail
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်

Facebook နှင့် Google+ အားပြိုင်မှု အလွန်ပြင်းထန်လာနိုင်
Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်

Facebookနှင့် Google+တို့၏ အားပြိုင်မှုသည် သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း LinkedIn၏ အမှုဆောင်ချုပ်က ပြောကြားလိုက်သည်။ ဂျက်ဖ်ဝီနာက Social Networking ၀န်ဆောင်မှု ကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော Facebookနှင့် Googleက အသစ်တင်ဆက်လိုက်သည့် Google+တို့သည် ယှဉ်ပြိုင်မှုသည် အလွန် ခါးသီး ပြင်းထန်လိမ့်မည်ဟု သုံးသပ်ခဲ့သည်။

Twitterသည်လည်း အောင်မြင်သော Social Networking မီဒီယာ တစ်ခုအဖြစ် ရပ်တည်နေသည့်တိုင် Facebookနှင့် Google+တို့သည် ရပ်တည်မှု တစ်ခုအတွက် ပိုမို အကြိတ်အနယ် ကြိုးပမ်းလိမ့်မည်ဟု ၀ီနာက ပြောဆိုသွားသည်။ "Google+ကို စသုံးပြီးတာနဲ့ သဘောကျ နှစ်သက်မိပါတယ်။ သူတို့ဟာ Facebookနဲ့ အပြိုင်အဆိုင် ဖြစ်လာမှာပါ။ Twitterဟာ အဓိက Platformအနေနဲ့ LinkedInကို သုံးနေသလို Facebook၊ Google+ နှစ်ခုလုံးနဲ့လည်း ၀န်ဆောင်မှု ကွဲပြားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ မကြာသေးမီက YouTube၊ Wikipedia၊ Twittrနှင့် MySpaceတို့ အပါအ၀င် လူအများ ဆက်သွယ်ချိတ်ဆက်နေသော ၀က်ဘ်ဆိုက်များနှင့် ပတ်သက်ပြီး ForeSeeက စစ်တမ်းတစ်ခု ကောက်ခံခဲ့ရာ Facebook၏ လုပ်ဆောင်ချက်များအပေါ် ပရိသတ်၏ စိတ်ကျေနပ်မှု အဆင့်တွင် Facbookက နောက်ဆုံးရောက်နေကြောင်း သိရှိရသည်။

Facebookသည် စုစုပေါင်း ရမှတ်(၁၀၀)အနက် (၆၆)မှတ်သာ ရရှိခဲ့သည်။ ယင်းရမှတ်သည် ဆိုးရွားသော အခြေအနေတွင် မရှိသော်လည်း အခြား နာမည်ကျော် ၀က်ဘ်ဆိုက်များအပေါ် လူအများ၏ စိတ်ကျေနပ်မှုမှာ Facebookထက် မြင့်မားလျက် ရှိသည်။ Foresee၏ အမှုဆောင်ချုပ် လယ်ရီဖရိဒ်က "Facebookဟာ Socialမီဒီယာ လောကမှာတော့ လက်ရှိမှာ ဘုရင်ပါပဲ။ ဒါပေမယ့် သူ့ကို နန်းချနိုင်မယ့်သူမျိုး ပေါ်လာပြီဆိုရင် သံသယ မရှိပါနဲ့၊ အဲဒါ Googleပဲ ဖြစ်မှာပါ"ဟု ပြောကြားသွားသည်။

Source: tgdaily
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ
Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုးရှိ

ဂျပန်နိုင်ငံရှိ စူပါကွန်ပျူတာ တစ်လုံးသည် ယခုအခါ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နိုင်လာပြီဖြစ်သည်။ Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုး ရှိနေကြောင်း သိရသည်။ Kသည် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ တစ်လုံး၏ (၆)လကြာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ကွန်ပျူတာအဖြစ် ရပ်တည်ခဲ့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယင်းကွန်ပျူတာသည် တစ်စက္ကန့်လျင် (၈) ကွာဒရာလီယန် အရေအတွက်ထိ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။

Japan Super Computer

(၁ ကွာဒရာလီယန် = ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကွန်ပျူတာ၏ မြန်နှုန်းယူနစ်မှာ (၈.၂) ပန်တာဖလော့ပ်ထိ ရှိကြောင်းလည်း သိရသည်။ တရုတ်သည် ယခုနှစ် အစောပိုင်းက Tianhe – 1A ကွန်ပျူတာဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် ရပ်တည်နိုင်ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ အများစုကိုမူ အမေရိကန်က ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်။ အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည့် ထိပ်ဆုံးကွန်ပျူတာ (၁၀)လုံးတွင် အမေရိကန် စူပါကွန်ပျူတာ (၄)လုံး ပါဝင်နေသည်။ ကျွမ်းကျင်သူများက Kကို ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ဒုတိယနေရာမှ ပြိုင်ဖက်ထက် (၅)ဆမျှ မြန်နှုန်းမြင့်နေအောင် စွမ်းဆောင်နိုင်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။

Japan Super Computer

"အထင်ကြီးလောက်စရာ နည်းပညာ မြှင့်တင်မှုပါ။ သူဟာ တခြားကွန်ပျူတာတွေထက် အများကြီး ပိုပြီးတော့ မြန်နှုန်းမြင့်နေပါတယ်"ဟု ဂျပန်နိုင်ငံ၊ ကိုဘေးရှိ ကွန်ပျူတာ သိပ္ပံဌာနမှ ပါမောက္ခ ဂျက်ဒွန်ဂါရာက ပြောကြားခဲ့သည်။ Kသည် ဆားကစ်လမ်းကြောင်း (၆၇၂)ခုဖြင့် ချိတ်ဆက်ထားသည့် Processorပေါင်း (၇၀၀၀၀)ကျော် ပါဝင်ဖွဲ့စည်းထားသည်။ Kအတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင် ပမာဏသည် လူနေအိမ် တစ်သောင်းကို ထောက်ပံ့ပေးနိုင်သည်။ Kကို မောင်းနှင်ထားရသည့်အတွက် တစ်နှစ်လျင် ကုန်ကျစရိတ် ပေါင်စတာလင် (၆)သန်းထိ ရှိကြောင်းလည်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, July 29, 2011

ဂျူးတွေ ပြန်ဝင်လာလိမ့်လို့ အိပ်မက်သူ မိုးဆက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများအတွက် `ရွှေခေတ်´ တခေတ် ရောက်လာလိမ့်ဦးမည်ဟု မိုးဆက်ဆင်မြူရယ် အိပ်မက်မက်နေသည်။

အမိုးမြင့် Musmeah Yushua ဂျူးဘုရားကျောင်းထဲတွင်ရပ်နေရင်း ဤဘုရားကျောင်း စောင့်ကြီးသည် တချိန်က ရန်ကုန်မြို့တော်ကြီးတွင် ထွန်းကားခဲ့ဖူးသော ဂျူးအသိုင်း အဝိုင်းကြီးကို တမ်းတနေမိသည်။ ဖြစ်နိုင်ခြေ မရှိပေမယ့် သူတို့ ဂျူးအသိုင်းအဝိုင်းကြီး ပြန်လည်တိုးတက် စည်ပင်လာဦးမလား ဆိုသည်ကို မျှော်လင့်နေမိသည်။

မာတင်လူသာကင်းလိုပင် ဆင်မြူရယ်တွင်လဲ အိမ်မက်တခုရှိပါသည်။ လက်ရှိတရွေ့ရွေ့ ကျဆင်းလျက်ရှိသော
 မြန်မာနိုင်ငံ ဂျူးအသိုင်းအဝိုင်းသည် ပြန်လည်တိုးတက်လာပြီး တဖန်ပြန်၍ စည်ကားလာဦးမည်ဟု သူမျှော်လင့်
 နေသည်။
godschool
ရန်ကုန်မြို့ Musmeah Yushua ဘုရားရှိခိုးကျောင်း အတွင်းပိုင်း (Photo: Esme Vos)
လောလောဆယ်တွင်တော့ ဝတ်ပြုဆုတောင်းပွဲ လာရောက်သူ ဂျူးဦးရေမှာ ၄၅ ဦးသာရှိသည်။ "ကျနော်တို့မှာ ဝတ်ပြုဆုတောင်းပွဲ အထမြောက်ဖို့ လူပြည့်တာတောင် အတော်ရှားတယ်" ဟု သူက ပြောသည်။ သူဆိုလိုသည်မှာ ဥပုသ်နေ့တွင် ဝတ်ပြုဆုတောင်းပွဲ အထမြောက်ရန် လိုအပ်သည့် ယောက်ျားကြီး ဦးရေ ၁ဝ ဦးကို ရည်ညွှန်းပြောဆို
ခြင်းဖြစ်သည်။

လမ်းမအပြင်ဘက်ရှိ မူစလင်ဆိုင် အိန္ဒိယလူမျိုးများ ရောင်းချနေသည့် ဆိုင်တန်းများလို မဟုတ်ဘဲ ၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဤဘုရားကျောင်းမှာမူ တိတ်ဆိတ် ငြိမ်သက်နေသည်။

ဂျူးအသိုင်းအဝိုင်းတွင် ကျမ်းစာနှင့် ညီညွတ်သော အစားအစာ မရနိုင်သည်မှာလည်း ၁၉၆၉ ခုနှစ်ကတည်းကပင်
 ဖြစ်သည်။ ဂျူးတို့၏ ကိုရှာ (kosher) အစားအစာ မရနိုင်တော့ပါ။ (သို့သော် အစားထိုးအနေဖြင့် မူဆလင်တို့၏ ဟာလာ လည်လှီးသားကိုမူ ရနိုင်ပါသည်) ဝတ်ပြု ဆုတောင်းရာတွင်လည်း မူရင်းဟေဗြဲ (ဟီးဘရူး) ဘာသာကို
ဖတ်နိုင်သူပြောနိုင် သူမရှိတော့ပါ။ ဂျူးကျမ်းစာ (Torah) ရွတ်ဖတ်သံကို ရန်ကုန်ရှိ အစ္စရေးသံရုံးမှ သံအရာရှိများ
ဥပုသ် ဆုတောင်းဝတ်ပြုပွဲများလာမှ ကြားရပါတော့သည်။

ထိုသို့ အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အတွက် တစုံတယောက်က ဆယ်မြူရယ်ကို ဘော့ဆွဲ (Boswell) မယုံသင်္ကာစိတ်ဖြင့် ပြောခဲ့သလို "အတွေ့အကြုံကို မျှော်လင့်ခြင်း ကအောင်နိုင်ခြင်း" ဟု ပြောဆို ပြစ်တင်လာဖွယ် ရှိပါသည်။

တခါတရံတော့ အကောင်းမြင် အယူအဆရှိသူ ဆင်မြူရယ်သည်ပင် သူချစ်သောသူတို့ ဘုရားကျောင်းလေးနှင့်  သူတို့ဂျူး (ရေဝတီ) လူ့အဖွဲ့အစည်းလေး ပျောက်ကွယ်လု ဖြစ်သွားကာ ယဉ်ကျေးမှုဆိုင်ရာ အထူးအဆန်းအဖြစ် လာရောက် ကြည့်ရှုရန်ထက် မပိုသည့် အနေအထားသို့များ ရောက်သွားမလားဟု စိုးရိမ်ပူပန်စိတ်များ ပေါ်လာ တတ်သည်။
godschool1
ယနေ့အချိန်တွင် ရန်ကုန်မြို့ရှိ ရဟူဒီ ဘုရားရှိခိုးကျောင်းသို့ လာရောက်လည်ပတ်သူ နည်းပါးသွားပြီ ဖြစ်သည် (Photo: Esme Vos)

ထိုသို့သောအဖြစ်မျိုး အိမ်နီးချင်း အိန္ဒိယနိုင်ငံ "ကိုချင်" တွင်လည်း ဖြစ်ပေါ်နေပါသည်။ ၁၉ ရာစု အလယ်ပိုင်း
 လောက်မှစ၍ ကျွန်းသစ်၊ ဆန်စပါး၊ ကော်ဖီ၊ ကျောက်စိမ်း၊ ရွှေ တို့ကို ရောင်းဝယ် ဖောက်ကားကြသည့် အီရတ်
 ရေဝတီလူမျိုးများ ဗြိတိသျှ ကိုလိုနီအာဏာပိုင်များ၏ အားပေး တိုက်တွန်းချက်နှင့် မြန်မာပြည်တွင် လာရောက် အခြေချ နေထိုင်ခဲ့ကြသည်။ 

သူတို့ရောက်ပြီး မကြာမီမှာပင် အစိုးရအဖွဲ့တွင်း မြန်မာ လူ့အဖွဲ့အစည်းအတွင်း သူတို့၏သြဇာမှာ အလွန် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ သူတို့သြဇာ မြန်မာနိုင်ငံတွင် မည်မျှကြီးမားသလဲ ဆိုလျှင် ၂ဝ ရာစုဆန်းသောအခါ ရန်ကုန်နှင့် ပုသိမ်မြို့ဝန်များသည် ရေဝတီလူမျိုးများ ဖြစ်နေကြသည်။

ရေဝတီ လူမျိုးတို့၏ အပြောအရ ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးအချို့ဆိုလျှင် ထင်ရှားသော ရေဝတီလူမျိုးများ၏ အမည်များဖြင့် မှည့်ခေါ်ထားသည် အထိ ဖြစ်ခဲ့သည်ဟုဆိုသည်။

ရေဝတီလူမျိုး အသိုင်းအဝိုင်းအများဆုံး အချိန်က လူဦးရေ ၂,၅ဝဝ ခန့်အထိ ရှိခဲ့သည်။

သို့သော် မြန်မာနိုင်ငံရောက် ရေဝတီလူမျိုး အများစုသည် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်များ ကျူးကျော်ဝင်ရောက် လာသောအခါ ပြည်တွင်းမှ ထွက်ခွါ သွားခဲ့ကြသည်။

ဆက်လက် နေထိုင်သူ အချို့မှာလည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ စစ်အစိုးရ တက်လာသော အခါ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့သွားကြသည်။ ထိုအထဲမှ ကျန်ခဲ့သူ အနည်းစုလေးမှာလည်း ၁၉၆၉ ခုနှစ်တွင် သူတို့၏ စီးပွါးရေး လုပ်ငန်းများ ပြည်သူပိုင် အသိမ်းခံရသည့်အခါ ထပ်မံ ထွက်ခွာ သွားကြပြန်သဖြင့်
 မြန်မာပြည်တွင်းရှိ ရေဝတီလူမျိုး ဦးရေမှာ နည်းသထက် နည်းသွားခဲ့သည်ဟု ရေဝတီ လူမျိုးများ၏ အပြောအရ သိရသည်။

မြန်မာနိုင်ငံတွင်မွေး မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့သော ဆင်မြူရယ်ကမူ ဤပြဿနာကို ဖြေရှင်းရန် ဖြေရှင်းနည်းတခု အဖြစ် သူ့ကလေးများအပေါ် မျှော်လင့်ထားသည်။ ထို ကလေးငယ်များ လက်ထပ်ရန်အတွက် လူလွတ်အဖြစ် ကျန်နေသူများမှာလည်း ဆွေမျိုးသားချင်းများသာ ဖြစ်နေသည်။

ထို့ကြောင့် ဆင်မြူရယ်က သူ့သမီးများ ဖြစ်ကြသော ဒိုင်ယာနာ (၂၁ နှစ်)၊ ကာဇ်နာ (၁၉ နှစ်) နှင့် သား ဆမ်မီ (၁၆ နှစ်) တို့ကို အစ္စရေး၊ ဗြိတိန်၊ သို့မဟုတ် အမေရိကန် ပြည်ထောင်စုရောက် ဆွေမျိုးများနှင့် သွားရောက်
 နေထိုင်နိုင်ရန် စေလွှတ်မည်ဟု ဆိုသည်။

ထိုနေရာများတွင် အိမ်ထောင်ကျပြီး မျိုးဆက်ပွားများ နိုင်လိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ပြီးတော့မှ သူတို့နှင့် မိသားတစုလုံး ပြန်လာနိုင်ကြလိမ့် မည်ဟုလည်း သူမျှော်လင့်ထားသည်။

မြန်မာပြည်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးခဲ့လျှင်လည်း အထောက်အကူ ဖြစ်နိုင်သည်။

အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများသည် ယခုလောလောဆယ် အသက်ဝင်လျက် ရှိသော်လည်း အစိုးရဘက်က တိုးတက်ပြောင်းလဲမှု များရှိလာလျှင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ တဖန်ပြန်လည် စိတ်ဝင်စားလာမည် ဖြစ်သည်။
godschool2
မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ၏ "ရွှေခေတ်" ကုန်ဆုံးသွားပြီ ဖြစ်သည် (Photo: Esme Vos)

လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံမှုများ မလုပ်ပါရန် တိုက်တွန်း
 တောင်းဆိုနေကြသော်လည်း မြန်မာပြည်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်းလျက် ရှိသည်ကို မြို့တော်တွင် နိုင်ငံခြားဟိုတယ် ၁၈ ခု တည်ဆောက်နေသည်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

သို့သော် ယခုလောလောဆယ်တွင်တော့ မြန်မာလုံချည်နှင့် ပါတိတ်လက်တို အင်္ကျီကို ဝတ်ဆင်ထားသည့် ဆင်မြူရယ် အဖို့မူ လာရောက် လည်ပတ်ကြသည့် ဧည့်သည်များ၏ စေတနာ မေတ္တာအပေါ်သာ အားထားနေရသည်။

လာရောက် လည်ပတ်ကြသည့် ရေဝတီလူမျိုးများက အလှူခံပုံးထဲသို့ ဒေါ်လာငွေ အနည်းငယ်စီ ထည့်ကြသည်။ ချမ်းသာသည့် စေတနာရှင်များကမူ ဂျူးကျမ်းစာ တိုရာ ကိုထားရှိသည့် အမိုးဖြူ ဘုရားကျောင်းကို ပြန်လည် ပြင်ဆင်
 နိုင်ရန် အလှူငွေများ ထည့်ဝင်ကြသည်။

၁၉၇၈ ခုနှစ်ကကွယ်လွန်သွားသော သူ့အဖေ အိုင်ဆက်ထံမှ ဤဘုရားကျောင်းစောင့် တာဝန်ကို အမွေဆက်ခံ ခဲ့သော ဆင်မြူရယ်အတွက် လတ်တလော ပူပန်စရာ ပြဿနာမှာ လူပေါင်း ၇၀၀ မြှုပ်နှံထားသည့် ဂျူးသင်္ချိုင်းကို အစိုးရက ဖြိုဖျက်မည့် အန္တရာယ်ရှိ နေခြင်းပင် ဖြစ်သည်။

အနားရှိ တရုတ်၊ ဘဟားအီ၊ မူဆလင်၊ ဖာရစီ၊ အာမေးနီးယန်း သင်္ချိုင်းများလိုပင် ရေဝတီသင်္ချိုင်းသည်လည်း အလျင်အမြန် ကြီးထွားလာနေသော ရန်ကုန်မြို့ကြီး၏ ဈေးကောင်းရ အထင်ကရ နေရာတွင် ရှိနေသည်။ အစိုးရက သင်္ချိုင်းမြေကို ပိုင်သည်၊ ထို့အတူ ဂျူးဘုရားကျောင်း ဆောက်လုပ်ထားရာ မြေကိုလည်း ပိုင်သည်။

မကြာသေးခင်က မိတ္ထီလာရှိ သက်တမ်း နှစ်တရာရှိ မူဆလင်သင်္ချိုင်းကို မြေထိုးစက်များဖြင့် ဖယ်ရှား ဖြိုဖျက်ခဲ့သည်
ကို သိလျှင် မြေရရန်အတွက် ဆိုလျှင် အစိုးရအဖို့ အထွဋ်အမြတ်ထားစရာ ဘာမျှမရှိဆိုသည်ကို သိနိုင်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိန္ဒိယက ချင်းပြည်နယ် အတွက် ဒေါ်လာ ၆ သန်း ကူညီမည်


 

အိန္ဒိယက ချင်းပြည်နယ် အတွက် ဒေါ်လာ ၆ သန်း ကူညီမည်

July 28th, 2011 | Add a Comment | 106 views
မြန်မာ့အိမ်နီးချင်းနိုင်ငံ အိန္ဒိယအစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟု သိရသည်။
မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် (Consul General ) Dr. Madan Mohan Sethi သည် ယမန်နေ့က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိလာပြီး ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၆ သန်း အကူအညီ ပေး မည်ဟုပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းငွေကြေးပမာဏကို ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် အကူအညီပေးခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
အိန္ဒိယကောင်စစ်ဝန်သည် ချင်းပြည်နယ်ဝန်ကြီးအဖွဲ့များ ၊ မြို့မိမြို့ဖ တချို့တို့နှင့် ဟားခါးမြို့ ပြည်နယ်ဝန်ကြီးချူပ်ရုံးတွင် တွေ့ဆုံပြီး နောက် ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၆ သန်းအကူအညီပေးမည်ဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ အကူအညီ ပေးမည့် ကာလ သတ်မှတ်ချက် မည်မျှ ရှိသည်ကိုမူ မသိရှိရသေးပေ။
ကောင်စစ်ဝန် Dr. Madan Mohan Sethi သည် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး အိန္ဒိယ အစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည့်အစီစဉ်သည်လည်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိုးကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုးဇမ် က အိန္ဒိယအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် အကူအညီပေးမည်ဟုကြားသိရသည့်အတွက် ၀မ်းသာကြိုဆိုကြောင်း ခိုနူမ်းထုန်ကိုပြောသည်။
"ချင်းပြည်နယ်က မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်တယ်။ ဒီလိုမျိုးအခြေအနေကြုံနေတဲ့အချိန်မှာ ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် အိန္ဒိယအစိုးရက အကူအညီပေးမယ်ဆိုတာ ကျနော်တို့ အများကြီးဝမ်းသာကြိုဆိုပါတယ်''ဟု သူကပြောသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အဖွဲ့၏ ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်သော စစ်တမ်းကောက်ယူချက်တွင် မြန်မာနိုင်ငံပြည်နယ် နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ဖော်ပြထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

WinMend Registry Cleaner 1.5.8



WinMend Registry Cleaner 1.5.8 | 6.86 MB

ဒီစော့ဝဲကတော့ Registry Cleaner, Registry Optimizer, Registry Backup, Scheduler အစရှိသည်တို့ကို ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်.....စိတ်ကြိုက်အသုံးပြုလိုသူများအတွက် စိတ်ကြိုက် အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Registry Clean Expert 4.84 |


Registry Clean Expert 4.84


Registry Clean Expert 4.84 | 7.13 MB

ဒီစော့ဝဲကတော့ Registry မှာ ဖြစ်တတ်တဲ့ Error တွေနဲ့ Registry မှာ မလိုအပ်တော့တဲ့ File တွေကို ဖယ်ရှင်းပေးနိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်...ဒီစော့ဝဲရဲ့ လုပ်ဆောင်နိုင်မှု အသေးစိတ်ကို မူရင်း Website မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်.....


Photobucket
Ifile | Mediafire

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

explorer.exe မတက်သည့်ပြသနာ

Virus ကြောင့်ပဲဖြစ်ဖြစ်၊Window အသုံးပြုတာကြာလို့ပဲဖြစ်ဖြစ် ဒီလို explorer.exe မတက်သည့်ပြသနာဖြစ်တတ်ပါတယ်။ explorer.exe မတက်တော့ဘူးဆိုရင်တော့ desktop တခုလုံးပျောက်နေပါတယ်။ taskbar ရော start menu ပါပျောက်နေမှတော့ သုံးရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ အကြောင်းမသိရင် တော်တော်ဒုက္ခရောက်ပါတယ်။ Reg file ရေးရတာနဲ့ explorer ကို replace ပြန်လုပ်ရတာနဲ့ တော်တော့်ကိုစားပါတယ်။ အခုပြောမယ့်နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc key တွေကိုတွဲနှိပ်ပြီး task manager ကိုခေါ်ပါ။
task manager ပေါ်လာရင် file => New Task (run) ကိုခေါ်လိုက်ပြီး c:\windows လို့ရိုက်လိုက်ရင် windows file ပေါ်လာပါမယ်။ window file ထဲက explorer.exe ကိုရှာပြီး copy လုပ်လိုက်ပါ။ ပြီးရင်အဲဒီ window file ထဲမှာပဲပြန် paste လုပ်ပြီး rename နဲ့ နာမည်တခုပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အားလုံးပြီးရင် window file ကိုပိတ်လိုက်ပြီး file => New Task (run) ကနေ regedit လို့ရိုက်ပြီး Registry Editor ကိုခေါ်ပါ။ registry ထဲမှာဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHINE / SOFTWARE / Microsoft / Windows NT / Current Version / Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ subkey တွေထဲမှာ Shell ကိုရှာလိုက်ပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ explorer.exe ကိုဖျက်ပြီး အပေါ်က copy/paste လုပ်ပြီး rename ပေးထားတဲ့ အတိုင်းထည့်လိုက်ပါ။ (ဥပမာ) newexplorer.exe ။ အားလုံးပြီးရင် registry editor ကိုပိတ်ပြီး စက်ကို restart ချလိုက်ပါ။ ပြန်တက်လာရင် အိုကေ ပါပြီ။

လုပ်ကြည့်လိုက်ပါ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 28, 2011

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့




Frame Photo Creator 5.3.1 | 25.15 MB

ဓါတ်ပုံတွေကို Frame ပုံစံအမျိုးမျိုးမှာ ထည့်ပြီးတော့ အလှဆင်ချင်တဲ့ သူတွေအတွက် အလွန်အသုံးဝင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်....စိတ်ကြိုက် အသုံးပြုလိုသူတွေအတွက် အဆင်ပြေအောင် Serial Key ပါ တပါတည်း ထည့်သွင်းပေးထားပါတယ်.....ဓါတ်ပုံအလှဆင်တာကို ၀ါသနာပါသူတွေအတွက် အသုံးဝင်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

window မတင် တတ်သူများအတွက်




window မတင်တတ်သူများအတွက် (မြန်မာလို)

ကျွန်တော် window မတင် တတ်သူများအတွက် ရည်ရွယ်ပြီး စာအုပ်လေး တစ်အုပ် တင်ပေးလိုက်ပါတယ် . ကျွန်တော် လုပ်ထားတာတော့ မဟုတ်ပါဘူး . ညီလေး တစ်ယောက် မေးလ်နဲ့ ပို့ပေးလိုက်လို့ပါ .

Download ifile.itDownload mediafireDownload multiupload




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော



တရုတ်ကိုယ်စားလှယ်တဦးက တလကျပ်ငွေ နှစ်သိန်းဖြင့် အလုပ်လုပ်လိုသော ချင်းလူငယ်တွေစုဆောင်းနေ

July 27th, 2011 | Add a Comment | 276 views
တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ သုံးထပ်သား နှင့် ဖိနပ်ထုတ်လုပ်သည့် ကုပဏီတခုမှ ကိုယ်စားလှယ်တဦးက ယခုလ ၁၆ ရက်နေ့က စပြီး တလ ကျပ်ငွေ နှစ်သိန်းနှုန်းဖြင့် အလုပ်လုပ်နိုင်မည့် ချင်းလူငယ်တွေကို ခေါ်ယူ စု ဆောင်းနေကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်သည် ချင်းအမျိုးသားဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေး၊ ခမ်းပတ် မြို့နယ်နှင့် တမူး မြို့နယ်အတွင်း အဓိက ချင်းလူငယ်များကို ခေါ်ယူစုဆောင်းနေခြင်းဖြစ်သည်။
" ကိုယ်စားလှယ်က ကိုယ့်ချင်းအမျိုးသားဆိုတော့ ယုံကြည်ရတယ်၊ ချင်းလူငယ် ၁၇ ဦး လိုက်သွားတယ်၊ စားစ ရိတ်ငြိမ်းလို့ ပြောတာပဲ" ဟု ခမ်းပတ်မြို့နယ် ကာနန်ရွာသား တဦး က ဆိုသည်။
အဆိုပါကုပဏီတွင် အလုပ်မလုပ်ခင် အနည်းဆုံး သုံးလ စာချုပ်နှင့် အလုပ်ဝင်ရမှာဖြစ်ကြောင်း၊ တချို့မိဘများ သည် ၄င်းအပေါ် သံသယ ၀င်မှူတွေ ရှိနေကြောင်းလည်း ပြောကြသည်။
" တရုတ်နိုင်ငံကို အလုပ်သွားလုပ်တာ အယင်က မရှိခဲ့ဘူးဆိုတော့ စိတ်ထဲက မလုံမလဲဖြစ်တာတော့ အမှန်ပဲ၊ အစိုးရ ပါမစ်လည်း မဟုတ်ဘူးလေ"  ဟု ဒေသခံတဦးက ပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကလေးမြို့၊ ခမ်းပတ်၊ တာဟန်းဒေသခံများသည် ဒေသတွင်း အလုပ်အကိုင် ရှား ပါးခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းတို့ကြောင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လည်း သွားရောက် အလုပ်နေ ကြ ကြောင်းလည်း သိရသည်။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 27, 2011

လူ့ မစင်မှ အသားတုထုတ်လုပ်နိုင်ပါပြီ




shit-meat.jpg

စားကြဦးမလား ဂျပန်ပဲပုတ်ခြောက်ကျော် ..အဲလေ...မစင်အသားတု တဲ့ ခင်ဗျာ...



ကမ္ဘာ့ စားနပ်ရိက္ခာရှားပါးမှုဟာ အရေးတစ်ကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်လာနေပါတယ်...
သို့ သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရဲ့ နောက်ဆုံးပေါ် ကြံဆတီထွင်မှုဖြစ်သည့် လူ့ မစင်မှနေ
ပရိုတိန်းဓါတ်ပါသည့် အသားတုတစ်မျိုးတီထွင်ထုတ်လုပ်နိုင်မှုဟာ ထိုအခက်အခဲပြဿနာကြီးကို အရေးပါ
သည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆနေခဲ့ ပါတယ်...
အိုကာယာမ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿ
နာများ မနိုင်မနင်းဖြစ်နေခဲ့ သဖြင့် တိုကျို မိလ္လာဌာနအနေဖြင့် ထိုအခက်အခဲကိုအကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်...
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမှုဟာ လူသိများတာကြောင့် ယခုလို ရွံရှာဖွယ်
မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည် ဟူသောစိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တော့ အထူးအ
ဆန်းမဟုတ်လှပါဘူး...
၎င်းရဲ့ သုတေသနပြုမှုကာလအတွင်းမှာ ပညာရှင်အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတိန်း
ဓါတ်များ အမြောက်အများပါဝင်နေသည်ကိုတွေ့ ရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား စစ်ယူပြီး အသားတု
တစ်မျိုးအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့ တာဖြစ်ပါတယ်...

လူ့ မစင်များ အဓိကပါဝင်သည့် မိလ္လာအညစ်အကြေးများတွင် ဘက်တီးရီးယားများအပြည့် ရှိနေတာကြောင့် 
ပရိုတိန်းဓါတ်များ ရာနှုံးမြင့် ပါဝင်နေတာဖြစ်ပါတယ်...
ပြုပြင်ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံးကုန်မှာမို့ ထိုဘက်တီးရီးယားများဟာ အန္တရယ်
မရှိတော့ မှာလည်းဖြစ်ပါတယ်...
အစဦးစမ်းသပ်လေ့ လာချက်များအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်သည့် ပဲပိစပ်ပရိုတိန်းကြောင့် အ
မဲသား နှင့် အတူတူပင် အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစားအစာစပ်ဆေးကို
ပင် ထပ်မံထည့် သွင်းလိုက်ပါသေးတယ်...

ထိုလူ့ မစင် တစ်ဖြစ်လည်း အသားတုတွင် ပါဝင်သည့် အဟာရဓါတ်များကား ပရိုတိန်းဓါတ် ၆၃ ရာခိုင်နှုံး၊
ကာဘိုဟိုက်ဒရိတ် ၂၅ ရာခိုင်နှုံး၊ လီပဒ် ၃ ရာခိုင်နှုံး နှင့် သဘာဝဓါတ် ၉ ရာခိုင်နှုံးတို့ ပါဝင်တာကြောင့် ထို
အသားအစားထိုးပစ္စည်းဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ်ပါတယ်...
သို့ သော်လည်း ဤအသားတုဟာ မိလ္လာအညစ်အကြေးမှသန့် စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့ မစင်မှ ပရိုတိန်း
ဓါတ်များပါဝင်တယ်ဆိုတာ သိလျှင်ဖြင့် စားသုံမည့် သူအနည်းငယ်သာရှိလိမ့် မည်ဟု ပါမောက္ခ အီကီဒါ က
ဝန်ခံပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် အစားအစားရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ လျှင်တော့ လူတွေဟာ ထိုအသားတုကို
ပင် အလုအယက်တောင်းဆိုကြမှာ ဖြစ်ပါတယ်...

ယခုလောလောဆယ်အားဖြင့် အီကီဒါဟာ ၎င်းရဲ့ တီထွင်မှုကို လူအများတတ်နိုင်သည့် ဈေးနှုံးဖြင့် အမြောက်
အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့် နေပါတယ်...
လက်ရှိအနေအထားမှာတော့ " မစင်အသား " ဟာ သာမန်အသားထက် ၁၀ ဆ မျှပိုမိုဈေးကြီးနေပေမယ့် 
သုတေသနပြုမှုအတွက် ကုန်ကျစားရိတ်ကို ထုတ်လုပ်မှုကုန်ကျစားရိတ်ထဲမှ ဖယ်နိုင်သည်နှင့် တစ်ပြိုင်နက်
ထိုအသားတုဈေးနှုံးဟာ သဘာဝအသားဈေးနှုံးနှင့် ယှဉ်ပြိုင် ( လျော့ နည်း ) နိုင်လိမ့် မည်ဟု ဂျပန်သိပ္ပံပ
ညာရှင်က မျှော်လင့် နေပါတယ်...

ငတ်လာယင်တော့ လည်း စားကြရမှာပါပဲ...
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 26, 2011

Kaspersky Anti-Virus 2010 free


  • အရင်ဆုံး လိုအပ်မယ့် Software လေးတွေကို Download လုပ်ကြရအောင်၊
Kaspersky Anti-Virus 2010 တွင်  Kaspersky Antivirus 2010 (9.0.0.736) Version ကို download လုပ်ပါ။
Crack and Keys.rar ကို Download လုပ်ပြီး စက်ထဲတွင် Extract လုပ်ပါ။
password က 555 ပါ။

(မှတ်ချက် - ဆက်လက် ရေးသားရင်တွင် Kaspersky Antivirus 2010 ကို KAV 2010 ဟု သုံးနှုန်းပါမည်။)
အားလုံး Download လုပ်ပြီးသွားပြီဆိုရင် -

ပထမအဆင့် (KAV 2010 ကို Install လုပ်ခြင်း)
1-1 - KAV 2010 ကို Install လုပ်ပါ။
1-2 - License ထည့်ရန် လာတောင်းပါက Active Later – Next – Finish ပေး၍ Installation ကို အဆုံးသတ်ပါ။
1-3 - (ပထမအဆင့်)  ပြီးသွားပါပြီ။

ဒုတိယအဆင့် (Anti-Blacklist Crack - Run ခြင်း)
2-1 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။










2-2 - Settings – Options – Enable Self Defense တွင် အမှတ်ဖြုတ်၍ OK ပေးပါ။

2-3 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ပေါ်တွင် Right-Click – Exit ပေး၍ KAV 2010 ကို ပိတ်လုပ်ပါ။

2-4 - Blacklist Crack Folder ထဲမှ  Anti-Blacklist Crack ကို Right-Click – Run as administrator ဖြင့် ဖွင့်လိုက်ပါ။

2-5 - Annehmen ကို Click ၍ - Installieren ကို ဆက် Click ခြင်းဖြင့် install လုပ်ပါ။

2-6 - ဒါဆိုရင် ဒုတိယအဆင့် ပြီးသွားပါပြီ။

တတိယအဆင့် (Kaspersky Blacklist Crack - Run ခြင်း)
3-1 - Start – All Programs တွင် KAV 2010 ကို ပြန်ဖွင့်လိုက်ပါ။
3-2 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-1) နှင့် အတူတူဖြစ်သည်။)

3-3 - Settings – Options – Enable Self Defense တွင် အမှတ်ပြန်ဖြုတ်၍ OK ပေးပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-2) နှင့် အတူတူဖြစ်သည်။)

3-4 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ပေါ်တွင် Right-Click – Exit ပေး၍ KAV 2010 ကို ပိတ်လုပ်ပါ။
(မှတ်ချက် - ဒုတိယအဆင့် (2-3) နှင့် အတူတူဖြစ်သည်။)

3-5 - Blacklist Crack Folder ထဲမှ Kaspersky Blacklist Crack ကို Right-Click – Run as administrator ဖြင့် ဖွင့်လိုက်ပါ။

3-6 – Next ပေး၍ I have read the instructions ကို ရွေးပြီး Install – Finish ကို Click ပါ။

3-7 - တတိယအဆင့် ပြီးသွားပါပြီ။

စတုတ္ထအဆင့် (License Key ထည့်ခြင်း)
4-1 - တတိယအဆင့် Kaspersky Blacklist Crack ကို Run ပြီးသွားသောအခါ KAV 2010 သည် Enable Self Defense အမှတ်ပြန်တပ်ပြီးလျက် ပြန်လည်ပွင့်လာမည် ဖြစ်သည်။
4-2 - Taskbar ၏ ညာဘက်တွင် ရှိသော KAV 2010 icon ကို Double Click လုပ်ခြင်းဖြင့် KAV 2010 ကို ဖွင့်လိုက်ပါ။
4-3 - License – Active New License ကို Click ပါ။

4-4 – Activate commercial license  -  Enter the activation code တွင် 11111-11111-11111-1111X ထည့်၍ Next ပေးပါ။

4-5 – Activation error – Server name cannot be resolved တက်လာပါမည်။ OK ပေးပါ။

4-6 – Browse ကို Click ပြီး Keys folder ထဲမှ KAV-2010 (05-04-2012) Key ကို ရွေး၍ open လုပ်ခြင်းဖြင့် Key ထည့်၍ Finish လုပ်ပေးပါ။
4-7 - စတုတ္ထအဆင့် (License Key ထည့်ခြင်း) ပြီးပါပြီ။

ပဉ္စမအဆင့် (Update လုပ်ခြင်း)
KAV 2010 – My Update Center တွင် Start Update ကို Click ၍ Update လုပ်နိုင်ပါပြီ။


မှတ်ချက် -  Update လုပ်ပြီး Computer Restart လုပ်သောအခါတွင် Key Block ဖြစ်သွားတတ်ပါသည်။
သို့သော် (လုံးဝ) စိတ်ပူစရာ မလိုပါ။

တတိယအဆင့် (Kaspersky Blacklist Crack - Run ခြင်း) အဆင့်ကို ပြန်လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။
Update လုပ်ပြီး Computer Restart လုပ်သည့် အချိန်တွင်သာ Key Block ဖြစ်သွားတတ်ခြင်း ဖြစ်ပါသည်။
အသုံးပြုနေသော တခြားအချိန်များတွင် Key Block လုံးဝ (လုံးဝ) မဖြစ်ပါ။

ထို့ကြောင့် Kaspersky Blacklist Crack ကို Update လုပ်ပြီး Computer Restart လုပ်သောအခါတိုင်းတွင် ပြန် Run ပေးရမည် ဖြစ်သည်။
(Free သုံးချင်တော့ အနည်းငယ်တော့ အပင်ပန်းခံရပါမည်ဟုသာ ခံယူရင်း အသုံးပြုနေပါသည်။ ဒီထက် အဆင်ပြေနိုင်သည့် နည်းလမ်းများ ရှိလျှင်လည်း ဆရာသမားများအား လမ်းညွှန်စေလိုပါသည်။)

အကျဉ်းချုပ်ဆိုရသော် -
- အရင်ဆုံး KAV 2010 ကို Install လုပ်ပြီး Key မထည့်ဘဲ Active later ဖြင့် Finish ရမည်။
- Anti-Blacklist Crack အရင် Run။
- ပြီးရင် Kaspersky Blacklist Crack ကို Run ရမည်။
- Black Crack များ Run သည့်အခါတိုင်း KAV 2010 - Settings – Options – Enable Self Defense တွင် အမှတ်ဖြုတ်၍ KAV 2010 ကို Exit လုပ်ထားရမည်။
- Key Block ဖြစ်သည့်အခါတိုင်း Kaspersky Blacklist Crack ကို ပြန် Run ပေးရမည်။
 -- ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

firefox ကိုအသုံးချပြီး mp3,mp4 သီချင်းများကို youtuble မှဒေါင်းပုံလေးပါ



အောက်မှာကြည့်လိုက်ပါနော်(post အောက်မှာပြောတာပါ:
ဒီမှာတစ်ခုပြောချင်တာက Enable နှင့် uninstall လို့ပေါ်လာရင် Enable ကိုနှိပ်ပြီး restart firefox ကိုနှိပ်ပါ..
restart လုပ်ပြီးတဲ့အခါ ဒေါင်းလို့ရပါပြီ..
mp3 ဒေါင်းနည်းလေးပါ..mp3 သီချင်းအဖြစ်ယူမယ်ဆိုလျှင် mp3 ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ
new tab အနေနဲ့စာမျက်နှာသစ်တစ်ခုပွင့်လာပြီးရင်အောက်ပါအတိုင်းဆက်လက်လုပ်ဆောင်ရုံပါပဲ..
ပြီးပါပြီ..၀ါသနာတူသူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ..




--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

GMail Drive

ကျွန်တော် ဆောပ်ဝဲလ်တစ်ခုလေးနဲ့ မိတ်ဆက်ပေးပါရစေ ။ GMail Drive မိုက်ပါတယ် ။ ဒီဟာလေးက ။ကြိုက်ကြမယ်ထင်ပါတယ် ။ ဘာရယ်လို့တော့ မဟုတ်ပါဘူးဗျာ ။ ကွန်ပျူတာ ကနေ ကိုယ်မေလ်း ထဲကို အလွယ်တကူ တင်လို့ရတာပါ ။ ဖိုင်အကြီးတွေကို ပို့တင်လို့ရတယ် ။ဒါကြောင့်မို့ပါ ။ စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းလိုက် ပါဗျာ ။
သုံးပုံ သုံးနည်းကိုတော့ အပုံတွေပဲပြပေးတော့မယ် ။ ဆောပ်ဝဲလ်ကို ဒေါင်းလုပ်ပြီးတော့ အင်စတောလိုက်ရင် သင့်ရဲ့ MY computer မှာ GMail Drive ဆိုတာ ပေါ်လာပါလိမ့်မယ် ။
အဲမှာ ကိုယ့်ရဲ့အကောင့်နာမည်နဲ့ ပစ်စ်ဝေါ့ကိုဖြည့်ပေးလိုက်ပေါ့ ။ Auto Login:မှာ အစက်လေးဖြည့်လိုက်ပေါ့ ။

ခဏလေးစောင့်လိုက်ပါ ။ ပြီးရင်တော့ အိုခေပြီ ။ပြီးရင် တော့ ဒီလိုပေါ်လာလိမ့်မယ် ။

ပြီးရင်တော့ ကိုယ့်မေလ်းကို သွားစစ်လိုက်ပါဦး ။

စမ်းကြည့်ကြပါဦး ။
အဆင်ပြေကြပါစေ ။
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed