BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, September 8, 2011

အား ပြန်သွင်း ပေးနိုင်တဲ့ နှလုံး

ဩစတြေးလျနိုင်ငံ၏ ပထမဦးဆုံး နှလုံးအတု အစားထိုး ကုသမှု (Total Artificial Heart Implant) သော အသက် ၅၀ နှစ်ရှိ အန်ဂျလို တီဂန်နိုသည် နှလုံးအစားထိုး ကုသမှု ခံယူရန် စောင့်ဆိုင်းလျက်ရှိ တဲ့ လူနာ ၅၆ ဦးအတွက် မျှော်လင့်ချက် အသစ် ပေးနိုင်ခဲ့ပါတယ်။
ဆစ်ဒနီမြို့နေ တီဂန်နိုသည် ပြီးခဲ့သည့်ဩဂုတ်လ အတွင်းက သူ၏နှလုံးအား ဖယ်ရှားခံခဲ့ရပြီး ဘယ် ဘက်နှင့် ညာဘက် နှလုံးသွေး ညှစ်ခန်းများကို ပစ္စည်း ကိရိယာတစ်ခုဖြင့် အစားထိုး ထည့်သွင်း ခဲ့ရပါ တယ်။ အဲဒီနှလုံးအတုဟာ တစ်မိနစ်လျှင် သွေးပမာဏ ၉.၅ လီတာ ညှစ်ထုတ်ပေးနိုင် ခဲ့ပါတယ်။
တီဂန်နိုဟာ နှလုံးအစားထိုးမှု မပြု လုပ်ခင်က ခြေလှမ်းအနည်းငယ်ထက် ပို၍ မလှမ်းနိုင်ခဲ့ပါဘူး။ အိပ်လည်း မအိပ် နိုင်၊ စားလည်း မစားနိုင်ခဲ့ပါဘူး။ အဲဒီ ပုံစံအတိုင်းဆိုရင် နှစ်ပတ် ထက် ပိုကြာအောင် အသက်ရှင်နိုင်မှာမဟုတ်ကြောင်း သူ့ရဲ့နှလုံးခွဲစိတ်ကုဆရာဝန် က ပြောပြခဲ့ပါတယ်။ ဒီအောင်မြင်မှု ကြောင့် တစ်နှစ်လျှင် နှလုံးအစားထိုး ကုသမှု ၅ ခုခန့် ပြုလုပ် ပေးနိုင်မှာ ဖြစ်ကြောင်း၊ နှလုံးအတုကို ပိုမို၍ သေးငယ်အောင်ပြုလုပ်ပြီး ခန္ဓာကိုယ် သေးငယ်သူများအတွက် အစားထိုး ပေးနိုင်မှာဖြစ် ကြောင်း၊ နှလုံးအဆို့ရှင် များကိုလည်း ပြုပြင်ပေး ခြင်းဖြင့် နှလုံးတု အစားထိုးသည့် လူနာများအနေဖြင့် သွေးကျဲဆေးများ သောက်နေရတဲ့ အဖြစ်မှ ကင်းဝေးစေမှာဖြစ်ကြောင်း ယင်းဆရာဝန်က ပြောပြခဲ့ ပါတယ်။ နှလုံးအတု အစားထိုး ကုသခြင်းဟာ အသစ်အဆန်းမဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု နှင့် ဥရောပရှိ လူနာ ၉၀ဝ ကျော်အား နှလုံး အစားထိုးတပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။
အာရှတိုက်ရဲ့ ပထမဆုံး နှလုံးအတု အစားထိုးခံခဲ့ရတဲ့ လူနာက ဘန်ဂလိုမြို့က ၅၄ နှစ်အရွယ် ဆီးချို သွေးချိုရောဂါရှင် အိန္ဒိယအမျိုးသား တစ်ဦးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ လည်း Heartmade II ဟု အမည်ပေးထားသော နှလုံးအတု ကို လူနာတစ်ဦးအား တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ အတိတ်ကာလတုန်းကတော့ ယာယီ နှလုံးအတု တပ်ထားတဲ့ လူနာများဟာ နှလုံးအစစ်နဲ့ အစားထိုးခံယူရန် စောင့်ဆိုင်းဖို့အတွက် ဆေးရုံမှာပဲ နေခဲ့ကြရပါတယ်။ ယခုတော့ နှလုံးအတုကို အစားထိုး အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက် စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။ Total Artificial Heart နဲ့ Heartmade II နှစ်ခုစလုံးကို ဈေးကွက်မှာ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်