
ကျန်တဲ့ အုပ်စု အသီးသီး မှာတော့ မပြတ်သားတဲ့ ရမှတ်တွေကြောင့် အသင်းကြီးတွေအပါအဝင် ပြိုင်ပွဲဝင် အသင်း တချို့မှာ ရုန်းကန် နေရဆဲပဲ ဆိုတာ မျိုးကို တွေ့ရပါတယ်။ အခုတော့ စက်တင်ဘာ ၂ ရက်နေ့မှာ ကစားပြီး သွားတဲ့ ပွဲစဉ်တွေကြောင့် ခြေစစ်ပွဲ အောင်သွားကြတဲ့ အသင်း တချို့နဲ့အတူ အုပ်စု အသီးသီးမှာ ခြေစစ်ပွဲ အောင်မြင်ခွင့်တွေ လမ်းပွင့်သွားပြီး အသင်း အသီးသီးမှာလည်း အခွင့် အရေး တွေ ပေါ်လာကြ ပါပြီ။
အုပ်စုတစ်ခုချင်းစီကို ပြန်ကြည့် မယ်ဆိုရင် အုပ်စု A မှာ ဂျာမနီက စောစောစီးစီး ခြေစစ်ပွဲ အောင်သွား ပေမယ့် ဒုတိယနေရာ အတွက် ကို တူရကီနဲ့ ဘယ်လ်ဂျီယံဟာ ဩစတြီးယားနဲ့ အတူ လုနေရဆဲ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ ၆ ရက်၊ ၇ ရက်မှာ ကစားဖို့ ရှိနေတဲ့ ဩစတြီးယားနဲ့ တူရကီပွဲ စဉ်ဟာ သူတို့လိုချင်တဲ့ ရပ်တည် မှုနေရာအတွက် အဖြေထုတ်ပေးနိုင်တဲ့ အဆုံးအဖြတ် အနေ အထားလို တောင် ဖြစ်လာ နိုင်သေးတယ်။ အုပ်စု B ကိုကြည့်ရင် အိုင်ယာလန်နဲ့ ဆလိုဗက်ကီးယား သရေကျသွားလို့ ရမှတ် ၁၄ မှတ်စီနဲ့ရှိနေချိန်မှာ ရုရှားဟာ မက်ဆီဒိုးနီးယားကို ဆမ်ရှော့ဗ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ၃ မှတ်ယူပြီး အုပ်စု ဗိုလ်နေရာ မှာ ပြန်လည် သိမ်းပိုက် ခဲ့တယ်။ ကွာဟချက် အရ ရုရှားနဲ့ အောက် နှစ်သင်းကြား ခြားနားချက်ဟာ ၂ မှတ်ပဲရှိတော့ မပြတ်သား ဘူးလို့ ပြောရမှာပါ။ ဒါကြောင့် ရုရှားနဲ့ အိုင်ယာ လန်ပွဲစဉ်ဟာ ဆလိုဗက် ကီးယားနဲ့ အာမေးနီးယား ရင်ဆိုင်မယ့်ပွဲလို အသက်ဝင်နေသေး တယ်။
ရုရှားအဖို့ ခြေစစ်ပွဲအောင်ခွင့်ကိုလွတ်လွတ်လပ်လပ် လိုချင် တယ်ဆိုရင် အိမ်ကွင်းမှာကစားမယ့် အိုင်ယာလန်အပေါ် အနိုင်ယူ ဖို့လိုနေပြီ။ အုပ်စု ဃ မှာ နာမည်ကြီးအသင်း အီတလီ အစောပိုင်း ကလောက် ကမောက်ကမ ဖြစ်တည်မှုမျိုးရှိမလာတော့ဘဲ နည်းပြ သစ် ပရင်ဒယ်လီလက်ထဲမှာ သိသိသာသာတိုးတက်မှုရှိလာတယ်။ နောက်ပြီး လူငယ်ကစားသမား တစ်စု ဟာ ပရင်ဒယ်လီ လက်ထဲမှာ ခြေစွမ်းပြလာပြီး ကာဆာနိုလို ဘောလုံးလူဆိုးလည်း အီတလီ ခြေစစ်ပွဲ အောင်ဖို့ ဆက်တိုက်ဂိုးတွေ သွင်းပေးနိုင်တဲ့အထိ ဖြစ်လာ တယ်။
ပြီးခဲ့တဲ့ပွဲမှာ ဖာရိုးကို အီတလီဟာ ကာဆာနိုရဲ့ သွင်းဂိုး ကြောင့် အနိုင်ရပြီးတဲ့နောက်မှာ သူတို့တွေ ခြေစစ်ပွဲအောင်မြင်ခွင့် ကို ရသွားခဲ့တယ်။ ဒုတိယနေရာအတွက် ရမှတ်တွေ မပြတ်သား သေးတော့ မြောက်အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ဆားဘီးယား၊ ဆလိုဗက်ကီးယားတို့ လုရတော့မှာ ဖြစ်နေတယ်။ ပြင်သစ်က လည်း ဘယ်လာရုစ်နဲ့အပြိုင် ထိပ်ဆုံး နေရာကို အပြီးသတ်လုရမယ့် အနေအထားမျိုးဖြစ်လာတာကြောင့် နည်းပြဘလန့်ဟာ ဒဏ်ရာရ ကစားသမားတွေကို မရွေးချယ်ဘဲ ကလပ်အသင်းတွေမှာ တကယ် ခြေစွမ်းပြတဲ့ ကစားသမား မျိုးတွေကိုသာ ရွေးချယ်ခေါ်ယူပြီးပုံစံ သစ်နဲ့ ကစားစေသလိုဘန်ဇီမာလိုရီးယဲလ်မှာ ခြေစွမ်းပျောက်နေတဲ့ ကစားသမားကိုလည်း အဓိကတိုက်စစ်မှူးအဖြစ် ထုတ်သုံးတယ်။
စိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ပေး တဲ့အပိုင်းမှာ ဘလန့်ဟာ ဆရာဟောင်း အေမီဂျက်ကေးလို အရည်အသွေးရှိလို့ ဘန်ဇီမာဟာ ပြင်သစ်ကိုအဖွင့်ဂိုးရအောင် အယ်လ် ဘေးနီးယားနဲ့ ပွဲမှာ စွမ်းဆောင် နိုင်တဲ့အထိကိုထိရောက်မှုရှိတယ်။ ဒါကြောင့် သူတို့တွေလွတ်လွတ် ကျွတ်ကျွတ် ခြေစစ်ပွဲအောင်ဖို့ ဖြစ်လာနိုင်သလို ရိုမေးနီးယားနဲ့ အဝေးကွင်းမှာ ကစားရမယ့် ပွဲကိုသာ နိုင်သွားရင် အောက်အသင်း တွေကို ငဲ့စရာမလိုဘဲ သူတို့အတွက် လေယာဉ်လက်မှတ်ရဖို့အဆင် ပြေသွားပြီ။ အမှားခံလို့တော့ မဖြစ်သေးဘူး။ ရုန်းတော့ ရုန်းရဦး မယ့် ပုံစံလေး နည်းနည်း ကျန်နေသေးတယ်။ ဘော့စ်နီးယားနဲ့ဘယ် လာရုစ်တို့ပွဲဟာ ပြင်သစ်ကို ထိခိုက်နိုင်မလား။ လတ်တလောပုံစံနဲ့ ဆိုရင်တော့ မလွယ်ဘူး။ ပြင်သစ်ပါပဲ။ နယ်သာလန် အုပ်စုကတော့ ဟန်ဂေရီက ဆွီဒင်ကို အနိုင်ယူ ကစားသွားလို့ ရမှတ်တူ ၁၅ မှတ်နဲ့ တူညီသွားတာကြောင့် မပြတ် သားဘဲ ဆက်ဖြစ်နေတယ်။ ဒါပေမယ့် နယ်သာလန်ဟာ ဆမ်မာ ရီနိုကို ၁၁ ဂိုးတိတိ သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသွင်းစံချိန်တင်ခဲ့ ပြီး အမှတ်ဖြတ်ကာ ထိပ်ဆုံးမှာဦးဆောင်တယ်။ နောက်တစ်ပွဲမှာ နယ်သာလန်ဟာ ဖင်လန်နဲ့ အဝေးကွင်း ကစားရမယ် ဆိုပေမယ့် လည်းလတ်တလောထက်မြက်နေတဲ့ တိုက်စစ်ကြောင့်နယ်သာလန် ခြေစစ်ပွဲအောင်ဖို့ သေချာသလောက် ရှိနေပါပြီ။
ဒီတော့ ဆွီဒင်ကိုပဲ ကြည့်ရပါလိမ့်မယ်။ ဆွီဒင်ကစားသမားတွေ အသင်းအပေါ် အာရုံ စိုက်မှု လျော့ကျကောင်း လျော့ကျခဲ့ရင် ဘာမှမဟုတ်တဲ့ပွဲမှာအရှုံး တွေနဲ့ ထပ်ရင်ဆိုင်ရတဲ့အထိ ဖြစ်နိုင် သေးတာကြောင့် စိုးရိမ်စရာ တော့ ရှိသေးတာပဲ။ ဟန်ဂေရီဟာ အုပ်စုတွင်းမှာ ဖျက်မြင်းဖြစ်နေ လို့ ဆွီဒင်ကို အခက်တွေ့စေနိုင်တဲ့အသင်းလို့တောင် ခေါင်းစဉ်တပ် ထားရမှာပါ။ ဆွီဒင်အနေနဲ့ ဆမ်မာရီနိုနဲ့တွေ့လို့ ပွဲချောင်နေသလို ဟန်ဂေရီကလည်း မော်လ်ဒိုဗာနဲ့ ကစားရမှာဆိုတော့ သူတို့လည်း ပွဲချောင်နေသေးတာပဲ။ ဒီနေရာမှာ ဂိုးအပြိုင်သွင်းကြရမယ့် အဆုံး အဖြတ်ကို ရယူရမယ့် ပုံစံရှိနေလို့ ဆွီဒင်နဲ့ ဟန်ဂေရီ နှစ်သင်း ကြားမှာ ဘယ်အသင်းက ဂိုးပိုရအောင်သွင်းယူကြမလဲလို့ ပြောရ တော့မှာပါ။ ဂရိအုပ်စုလည်း အတူတူပဲ။
ထိပ်သီး ၃ သင်းဖြစ်တဲ့ ဂရိ၊ ခရိုအေးရှားနဲ့ အစ္စရေးဟာ အခုထိ ရမှတ်တွေမပြတ်သားကြ တော့ နောက်ဆုံးလက်ကျန်ပွဲတွေအထိတောင် သွားကြမလား ဆိုတာ စိတ်ဝင်စား ဖို့ကောင်းတယ်။ ခရိုအေးရှားနဲ့ အစ္စရေးဆုံတဲ့ပွဲ မှာ အိမ်ရှင် ခရိုအက်ဟာ အနိုင် ၃ မှတ်ကို အရယူသွားမယ်ဆိုရင် တစ်ဖက်က လတ်ဗီးယားမြေမှာကစားမယ့် ဂရိအဖို့ အစ္စရေးကို နိုင်ခဲ့သ လိုမျိုး မရှိခဲ့ရင် ထိပ်ဆုံးနေရာကို ဖယ်ပေးရဖို့များသွားမယ်။ ခရိုအေးရှားကလည်း ဒါကိုချောင်းနေတာကြာပြီ။ ဒီတော့ ထိပ်ဆုံး နေရာ အပြောင်းအလဲကို မြင်တွေ့ ရဖို့ရှိတဲ့ အုပ်စုလို့ ပြောချင်တယ်။ ဒီလိုပြောတဲ့နေရာမှာ အင်္ဂလန်ပါဝင် ကစားနေတဲ့ အုပ်စုကို ချန်ထားလို့ မကောင်းဘူး။ အင်္ဂလန်ကလည်း အစောပိုင်းမှာသာ ယိုင်တိုင် တိုင်ရှိပေမယ့် နောက် ပိုင်းမှာ ပြည်တွင်း လိဂ်ပွဲတွေ လျော့ သွားသလို ကစားသမား တွေလည်း ဖိအားနည်း သွားလို့နိုင်ငံအသင်း အပေါ်ပြန်အာရုံစိုက်နိုင်လာကြပြီ။ နိုင်ပွဲတွေ ပြန်ရအောင်ကစား လာနိုင် တယ်။ ကာပယ် လိုလည်း အသက် ရှူချောင်ပြီး သူ့ ကစား သမားတွေ စွမ်းဆောင်မှုနဲ့ အင်္ဂလန်ကို ခြေစစ်ပွဲအောင်မယ့် လမ်း ကြောင်းအပေါ်ရောက်ဖို့ ပြန်တည့် မှတ်ပေးနိုင် ခဲ့တယ်။
ပြီးခဲ့တဲ့ပွဲမှာ ဘူလ်ဂေးရီးယားကို ဖိအားအများကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ပြော ဆိုသုံးသပ်မှုတွေ ရှိခဲ့ပေမယ့်လည်း တကယ်တမ်းမှာ လူငယ်ခြေ တက်အများကြီးနဲ့ခြံရံကစားတဲ့ အင်္ဂလန် အတွက် အနိုင် ၃ မှတ် ဟာ လွယ်လွယ်လေးနဲ့ရခဲ့ရတယ်။ ဒီပုံအတိုင်းဆိုရင် အခုကစားရ မယ့် ဝင်ဘာလေကွင်းထဲက ဝေးလ်စ်နဲ့ဆုံမယ့်ပွဲမှာတောင် အနိုင် ၃ မှတ်ရယူဖို့ သေချာနေ တယ်။ ဝေးလ်စ်ဟာ မွန်တီနီဂရိုးကိုအနိုင် ကစားပေးသွားရုံနဲ့ အင်္ဂလန် ဒီတစ်ကြိမ်မှာ အဲဒီကျေးဇူးကို ပြန် ဆပ်ဖို့လုပ်ပေးမှာမဟုတ်ဘူး။ အရေးကြီးတဲ့ယူရိုခြေစစ်ပွဲအောင်မြင် ခွင့်ကို ပြည်တွင်းလိဂ်ပွဲတွေ အကြိတ်အနယ် ဖြစ်မလာခင်မှာ စောစောစီးစီး ဇာတ်လမ်းတစ်ခုပြီးအောင် ကာပယ်လိုဖြတ်ထားဖို့ လုပ်ရမှာဖြစ်နေတယ်။
ဒီတော့ ဝေးလ်စ်အနေနဲ့ အင်္ဂလန်ကို ခြေစစ် ပွဲအောင်ဖို့ ကူညီပေးရတဲ့ တံတားတစ်စင်းလိုသာ ရှိနေမှာပါ။ အဲဒီအပြင် ပေါ်တူဂီ အုပ်စုဗိုလ်အဖြစ် ဦးဆောင်နေတဲ့ အုပ်စု H မှာ နော်ဝေနဲ့ ရမှတ်တူ နေသေးတာကြောင့် ခြေစစ်ပွဲအောင်ခွင့်ကို ရုန်းကန်ရဦးမယ့် အနေအထားရှိနေသေးတယ်။ ၆ ရက်၊ ၇ ရက်နေ့ မှာ လက်ကျန်ခြေစစ်ပွဲ ပေါ်တူဂီယှဉ်ပြိုင်ရမယ့်ပွဲစဉ် မရှိသေး ဘူး။ ဒါပေမယ့် ဒိန်းမတ်မြေ မှာနော်ဝေသွားကစားရဖို့ရှိနေလို့ တကယ် လို့များ နော်ဝေသာ အရှုံးနဲ့ရင်ဆိုင်ရမယ်ဆို ရင် ထိပ်ဆုံးနေရာရယူဖို့ ခက်သွားနိုင်သေး တယ်။ တစ်ပွဲ ကစားပြီး တိုင်း သွင်းဂိုးနဲ့ပေး ဂိုးတွေ စကားပြောမယ့် ဒီအုပ်စုမှာ ဘာ တွေဆက်ဖြစ်ဦးမလဲ။ စပိန်ပါဝင်နေတဲ့ အုပ်စု I မှာ တော့ စပိန်က စောစောစီးစီး ခြေစစ်ပွဲ အောင်သွားတာကြောင့် အကြိတ် အနယ်ရှိ စရာမျိုး မတွေ့ရပေမယ့် ဒုတိယနေရာကို ဘယ်သူရသွားမလဲဆိုတာကတော့မျှော်လင့် စရာရှိသေးတယ်။
လတ်တလောမှာ ချက် ဟာ စပိန်နောက် ကပ်လိုက်နေပေမယ့် မပြတ်သားသေးတဲ့ရမှတ်တွေ ရှိနေသေးလို့ ရုန်းကန်ရဖို့ အနေ အထားတွေ ကျန်နေတယ်။ ၆ ရက်၊ ၇ ရက်နေ့မှာ ကစားမယ့် ပွဲတွေ ပြီးသွားတဲ့အခါမှာ နောက်ထပ်ခြေစစ်ပွဲအောင်မယ့် အသင်း တွေ ပေါ်လာဖို့ ရှိနေတယ်။ မျှော်လင့်ထားသလို ဖြစ်လာဦးမလား၊ ဒါမှမဟုတ် အောက်အသင်းတွေရဲ့ ခံကန် အားကို မယှဉ်နိုင်ဘဲခရီး ပန်းတဲ့ဒဏ်ကြောင့် အသင်းကြီးတချို့ ကမောက်ကမနဲ့ ဖြစ်လာ မလားဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာလို ဖြစ်နေပါတော့ တယ်။ အဲဒါအပြင် ဂိုးသွင်း ဘုရင် ဟန်တယ်လာရဲ့သွင်းဂိုးတွေဟာ ၁၀ ဂိုးနဲ့အထက် ဆက်ဖြစ်ခွင့်ရှိမရှိဆိုတာကလည်း နယ်သာလန် ပရိသတ်တွေအဖို့ မျှော်လင့်ရင်ခုန်နေတယ်လို့ ပြောရမှာပါ။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်