BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, September 8, 2011

M ဆိုင်းလု နှင့် လတ်တလော စိတ်ကြိုက် ဖက်ရှင်

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက် ဖက်ရှင် ကဏ္ဍ ရိုက်ကူးရန် ရွေးချယ်ထားသည့် မော်ဒယ်လ် က ကချင် တိုင်းရင်းသူလေး Mဆိုင်းလုပင် ဖြစ်သည်။
ငယ်ရွယ်နုပျိုသည့် ဆယ်ကျော်သက် မော်ဒယ်လ် လေးဖြစ်သည်နှင့် အညီ သူရွေးချယ်သည့် ဖက်ရှင်စိတ်ကူးများကလည်း နုပျိုသွက်လက်သော ဖက်ရှင် စိတ်ကူးများသာ။ ရှိုးပွဲစင်မြင့် များထက် နှင့် ကြော်ငြာပုံရိပ်များထက်တွင် တွေ့မြင်နေကျဖက်ရှင်မျိုးနှင့် မတူဘဲ ပေါ့ပေါ့ပါးပါး ဖက်ရှင်များ ကိုသာ ပိုမိုနှစ်သက်သည်ဟုဆိုရင်း ပြောပြလာခဲ့သည့် Mဆိုင်းလု၏ ဖက်ရှင် စိတ်ကူးများကတော့ “ဆိုင်းလုက ဖက်ရှင်ဆိုရင် စိတ်ဝင်စားတယ်။ ဒါပေမယ့် အရမ်းကြီးရှုပ်နေတဲ့ ဖက်ရှင်မျိုးကို သိပ်မ ကြိုက်ဘူး။ ၀တ်လိုက်တဲ့အခါ ကိုယ့်အတွက် ပေါ့ပေါ့ပါးပါး ဖြစ်သလို မြင်လိုက်တဲ့ လူအတွက် လည်း ပေါ့ပေါ့ ပါးပါးဖြစ်စေတဲ့ ဖက်ရှင်မျိုးကိုကြိုက်တယ်။ ဒီကဏ္ဍအတွက်လည်း ဆိုင်းလု စိတ်ကြိုက် ဖက်ရှင်ကို ကိုယ်တိုင်ရွေးဖြစ်တာ။ ပထမ ၀တ်စုံကတော့ အပါးစ ဒီဇိုင်းဆန်းလေးကို ချုပ်ထားတဲ့ အင်္ကျီလေးပါ။ ရယ်ဒီမိတ်ပါပဲ။ အင်္ကျီဒီဇိုင်းလေးက အရမ်းရှုပ်နေတာမျိုးမ ဟုတ်ဘဲ လက်လေးတစ်ခု ကိုပဲ ပုံစံဆန်းထားတာ။ လက်မောင်းမှာ အပေါက်လေးလုပ်ထားပြီး လက်ကိုတော့ အ၀ိုင်းတွန့်လေး လုပ်ထားတဲ့အတွက် အမြင်ဆန်းသွားစေပါတယ်။ အောက်ကတော့ ဘောင်းဘီတို အစိမ်းရောင်လေး နဲ့  တွဲဝတ်ပြီး ခါးပတ် အမည်းရောင်လေးပတ်ထားပါတယ်။
ဖိနပ်ကိုတော့ အဖြူရောင် ဒေါက်အမြင့်လေး စီးထားဖြစ်ပါတယ်။ ဒီဝတ်စုံလေးက ပေါ့ပေါ့ပါးပါး ရှိသ လို ဆိုင်းလုတို့လို ဆယ်ကျော်သက် တွေနဲ့လည်း လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်း လေးလို့ ထင်ပါတယ်။ ဒုတိယ၀တ်စုံလေးကတော့ ပန်းရောင်အစင်း ဂါဝန်တိုလေးပါ။
ဖက်ရှင်ကဏ္ဍဆိုတော့ accessories အနေနဲ့ လက်ကောက်တွေ အများကြီးဝတ်ဖြစ်ပါတယ်။ ဒီဝတ်စုံလေးကတော့ ရှော့ပင်းထွက်ရင်ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ မုန့်သွားစားတဲ့အခါ မျိုးဖြစ်ဖြစ် ၀တ်ဆင်နိုင်တဲ့ ဒီဇိုင်းလေးပေါ့။ မိတ်ကပ်ကတော့ ကိုယ်တိုင်ပဲ လိမ်းထားတယ်။ ဆိုင်းလုက မိတ်ကပ်တွေအများကြီး လိမ်းတာမျိုး မကြိုက်တာကြောင့် မိတ်ကပ်ပါးပါး လေးပဲ လိမ်းထားတယ်။ ဒီကဏ္ဍလေးမှာ အခုလို ပေါ့ပေါ့ပါးပါးပုံစံလေးနဲ့ ပါဝင်ခွင့်ရတဲ့အတွက်ကျေနပ်ပါတယ်”ဟု Mဆိုင်းလုက ရှင်းပြခဲ့သည်။
အနုပညာရှင်တို့နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်ကဏ္ဍတွင် ကချင်တိုင်းရင်းသူ ဆယ်ကျော်သက် မော်ဒယ်လ်လေး Mဆိုင်းလုက တက်ကြွသွက်လက်သည့် ဖက်ရှင် စိတ်ကူးများ နှင့် တင်ပြပေးရင်း နောက်တစ်ပတ်တွင်တော့ မည်သည့် သရုပ်ဆောင်မော်ဒယ်လ်က ပါဝင်ပေးမည်ကို စောင့်မျှော်ပါဟု . . .
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်