အင်္ဂလန် နည်းပြ ကာပယ်လိုက ဝိန်းရူနီ၏ ဆံပင်များ ပြန် ပေါက်လာ ခြင်းသည် အင်္ဂလန်ကို ကံကောင်း စေသည်ဟု ပျော်ရွှင် စွာဖြင့် နောက်ပြောင် ပြောဆိုလိုက်သည်။ ရူနီသည် ပြီးခဲ့သည့်လ အနည်း ငယ်က သူ၏ ဆံပင် မပေါက်ဘဲ ပြောင်နေ သော ငယ်ထိပ် နေရာအား ငွေကြေးများစွာ အကုန် အကျခံ ကာ ဆံပင်များပြန်စိုက် ခဲ့ခြင်းဖြစ် သည်။ ယူရို ၂၀၁၂ ခြေစစ်ပွဲအဖြစ် ဆိုဖီယာမြို့ တွင် သွား ရောက် ယှဉ်ပြိုင်ခဲ့ရာ ဘူဂေးရီးယား အသင်း ကို ၃-ဝ ဖြင့်အနိုင်ရခဲ့ပြီးနောက် ကာပယ်လို က ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ် သည်။
ကာပယ်လိုက “ရူနီဟာ အရမ်းကို ပျော်ရွှင်နေပါတယ်၊ အရမ်း ကောင်းတယ်၊ အရင်လို မဟုတ်ေ တာ့ဘူး၊ သူ့ဆံပင်ပြန် ပေါက် လာတာ ထူးခြားမှုရှိတယ်၊ ဂိုးတွေ အများ ကြီးသွင်း နိုင်တယ်၊ အံ့အား သင့်စရာ ကောင်း တဲ့ဆေးပညာရပ်ပါပဲ}ဟု ပြောသွား ခဲ့သည်။ ရူနီကိုယ်တိုင် ကလည်း ဆံပင်များ ပြန် ပေါက်လာခြင်းသည် သူ့အား ယုံကြည်မှုပိုတိုး စေပြီး မှန်ရှေ့တွင် အချိန်ပို ကုန်ခဲ့ သည်ဟု ဝန်ခံ စကားဆိုခဲ့သည်။ ရူနီသည် ပြီးခဲ့သည့် တစ်ပတ်က အာဆင်နယ် အား ၈-၂ ဖြင့် နိုင် ခဲ့သောပွဲတွင်ဟက် ထရစ် သွင်းယူခဲ့ ပြီး ယခု ဘူဂေးရီး ယားနှင့် ပွဲတွင် လည်း ၂ ဂိုး သွင်း ယူပေးခဲ့သဖြင့် သူ့ ဆံပင် ပြန်ပေါက်ခြင်း မှာ အင်္ဂလန်အသင်း အတွက် ကံကောင်း စေသည် ဟုပြော စရာ ဖြစ်လာ ခဲ့သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်