![]()
မျက်လုံးမကောင်းပဲ မန်ယူဂိုးပေါက်ကို စောင့်ရှောက်နေသူ ဒီဂီအာ
မန်ချက်စတာ ယူနိုက်တက် အသင်း၏ လူငယ်ဂိုးသမား ဒီဂီအာသည် မျက်လုံးမကောင်းပဲ အသင်း၏ ဂိုးပေါက်ကို စောင့်ရှောက်ပေး နေခဲ့သူဖြစ်ကြောင်း Daily Mailကဖော်ပြသွားခဲ့သည်။
ထို့ကြောင့် ဂီအာသည် မျက်လုံးခွဲစိတ်ကုသမှုများ ခံယူရတော့မည် ဖြစ်ကြောင်းသိရသည်။ ဂီအာ၏ မျက်လုံးတစ်ဘက်မှာ အဝေးမှုန် အနေအထားဖြစ်နေကြောင်း ဆန်းသပ်တွေ့ရှိခဲ့ပြီး၊ မကြာမီလေဆာပစ်ပြီး ကုသ သွားတော့မည် ဖြစ်သည်။ ဂီအာသည် ငယ်စဉ်ကလေးဘ၀ ကတည်းကပင် မျက်မှန်တပ်ဆင်နေခဲ့ ရသူဖြစ်ပြီး၊ ပွဲကစားချိန်တွင် မျက်ကပ်မှန် တပ်ဆင် ကစားခဲ့ခြင်း သိရသည်။ သို့သော်လည်း မန်ယူအသင်းကမူ ဂီအာအနေဖြင့် ပုံမှန်လက်စွမ်းမရ ဖြစ်နေသည်မှာ အဆိုပါ ကိစ္စရပ်ကြောင့် ဖြစ်နေမည်ဟု မထင်ကြောင်း၊ ထို့ကြောင့် လာမည့်မတ်လမှ ကုသမှု ပြုလုပ်သွားရန် အကြံပြုထားကြောင်း သိရသည်။ အက်သလီတီဂိုမှ အိုးထရက်ဖို့ဒ်သို့ ပေါင် (၁၇.၈)သန်းဖြင့် ပြောင်းရွေ့လာသည် အသက်(၂၁)နှစ်အရွယ် ဂီအာကမူ လာမည့် အိုလံပစ်ပွဲမတိုင်မီ ကုသမှု ပြုလုပ်သွားချင်နေကြောင်း သိရသည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time