BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, January 20, 2012

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်

အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ပေါင်သန်း၁၅၀တန် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သော လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ လွန်ခဲ့သော၅နှစ်ကျော်ခန့်ကတည်းက အသင်းရဲ့ ဂျာစီများကို စပွန်ဆာပေးနေသော Adidas အားကစားကုပ္ပဏီနှင့် လမ်းခွဲလိုက်ပြီးနောက်အမေရိကန်အားကစားကုပ္ပဏီတခုဖြစ်သော Worrior Sports နှင့် ၆နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ Worrior Sports ဟာ လာမည့် ၂၀၁၂-၂၀၁၃ ဘောလုံရာသီမှ စတင်ကာ လီဗာပူးလ်အသင်းရဲ့ အားကစားဝတ်စုံများကို တာဝန်ယူထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ၆နှစ်သက်တမ်းရှိ စာချုပ်သစ်အရ လီဗာပူးလ်အသင်းဟာ တနှစ်လျှင် ပေါင် ၂၅သန်းရရှိမည်ဖြစ်ပြီး ၆နှစ်စာအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ ရရှိသွားမှာဖြစ်သည်။


စပွန်ဆာစာချုပ်ချုပ်ဆိုခြင်းနှင့်ပါတ်သတ်၍ Worrior Sports ရဲ့ အထွေထွေမန်နေဂျာ ရစ်ချက်ရိုက်က " အခုလို လီဗာပူးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုတာဟာ ကျွန်တော်တို့ ကုပ္ပဏီရဲ့ ကမ္ဘာ့ဘောလုံးလောကအတွင်းကို စတင်ဝင်ရောက်မှု့ ခြေလှမ်းသစ်ပါပဲ။ လီဗာပူးလ်အသင်းနဲ့ အခုလိုပူးပေါင်းလိုက်ခြင်းဟာ ကျွန်တော်တို့ကုပ္ပဏီရဲ့ အမှတ်တံဆိပ်ဟာ ကမ္ဘာတလွှားကို ပျံ့နှံ့စေဖို့ အပြည့်စုံဆုံး ကိစ္စတခုပါပဲ " ဟုပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းဟာ Worrior Sports နှင့် ယခုလို တနှစ်လျင် ပေါင်၂၅သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်ခြင်းကြောင့် Nike ကုပ္ပဏီနှင့် မန်ယူအသင်းတို့ရဲ့ တနှစ်ပေါင်၂၃.၅သန်းတန် စာချုပ်တန်ဖိုးကို ကျော်လွန်ကာ အင်္ဂလန်တွင် အားကစားဂျာစီစပွန်ဆာအမြင့်ဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed