![]()
အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း
အင်္ဂလန်အသင်း၏ ကပ္ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကတွင် လက်ရှိကစားနေသော ဂလက်ဆီအသင်းမှ ထွက်ခွါတော့မည်ဟု ရေပန်းစားနေသော်လည်း နောက်ဆုံးတွင် အသင်းတွင် နောက်ထပ် နှစ်နှစ်ခန့် ရှိနေစေမည့် စာချုပ်အား ချုပ်ဆိုလိုက်သည်။
မန်ယူအသင်းနှင့် ရီးရဲကစားသမားဟောင်း ဘက်ခမ်းသည် ဒီဇင်ဘာတွင် MLS Cup ရယူထားသော ဂလက်ဆီအသင်းနှင့် ဆက်လက်ကစားရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။ ဇန်န၀ါရီလ အစောပိုင်းတွင် ဘက်ခမ်းသည် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း အသင်းသို့ ပြောင်းရွှေ့ရန် သတင်းထွက်ပေါ် ခဲ့သော်လည်း လက်ရှိအမေရိက ကလပ်အသင်းမှ ၂၀၁၄အထိ အသင်းတွင် ဆက်လက် ရှိနေစေရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ "ဒါဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ... ကမ္ဘာ့ကလပ်အသင်း များစွာဆီကနေ ကမ်းလှမ်းမှု အများကြီး ရခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် အမေရိကမှာ ဘောလုံး ကစားရတာကို နှစ်သက်နေတုန်းပါ.. ဂလက်ဆီအသင်းနဲ့ အောင်မြင်မှုတွေကို ရယူချင်ပါသေးတယ်" ဟု ၃၆နှစ်အရွယ် ဘက်ခမ်းမှ ဖော်ပြခဲ့သည်။ စပါးအသင်း နည်းပြ ရက်နက်သည် သူ၏ အသင်းဆီသို့ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ခမ်းအား အသင်းသို့ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။ ဘက်ခမ်းသည် ၂၀၁၂ အိုလံပစ်အသင်းတွင် ပါဝင်ခွင့်ရရန် အလိုရှိနေသည်။ ဘက်ခမ်းသည် ရီးရဲအသင်းတွင် ကစားပြီးနောက် အမေရိက ဘောလုံးလောက တိုးတက်စေရန် ရည်ရွယ်၍ ၂၀၀၇ခုနှစ်တွင် ၅နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ![]() |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com