![]()
မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား
အသင်း၏ တိုက်စစ်မှူး ၀ဲလ်ဘက်ခ်အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ရန်အတွက် မန်ယူအသင်းက တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင် ၀ဲလ်ဘက်ခ်က ပေါင်ခြောက်သောင်းပေးရန် တောင်းဆိုလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းတောင်းဆိုမှုကို မန်ယူအသင်း တာဝန်ရှိသူများက စိတ်ဆိုးဒေါသထွက်လျှက် ရှိနေကြောင်းလဲ သိရှိရသည်။ လက်ရှိတွင် ၀ဲလ်ဘက်ခ် အနေဖြင့် နည်းပါးလှသော လုပ်ခလစာ ပေါင် တစ်သောင်းခွဲဖြင့် မန်ယူအသင်းတွင် အထူးခြေစွမ်းပြလျှက် ရှိနေပြီး အသင်းအတွက် အန်ဒီကိုးလ် ဒွိုက်ယော့ခ်ကဲ့သို့သော ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ဖြစ်လာရန် အလားအလာ ရှိနေသည်။
ယခုအချိန်တွင် ၀ဲလ်ဘက်ခ်က မန်ယူအသင်း တာဝန်ရှိသူများကို အံ့အားသင့် မှင်တက်မိစေမည့် တစ်ပါတ်လုပ်ခလစာ ပေါင်ခြောက်သောင်းကို တောင်းဆိုခဲ့ခြင်းကြောင့် မန်ယူအသင်း တာဝန်ရှိသူများကို စိတ်ဆိုးဒေါသ ထွက်စေခဲ့သည်။ အခြား မန်ယူလူငယ် ကစားသမားများ ဖြစ်ကြသော ဖီးလ်ဂျုံးနှင့် စမောလင်းတို့မှာ တစ်ပါတ်လုပ်ခလစာ ပေါင်ငါးသောင်းသာ ခံစားနေရပြီး ကွင်းလယ်လူငယ်ကစားသမား တွမ်ကလီဗာလေသည်ပင်လျှင် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းသာ ခံစားနေရချိန်တွင် ၀ဲလ်ဘက်ခ်က ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com