လီဗာပူးလ် အသင်း၏ ပေါင် (၃၅)သန်းတန် တိုက်စစ်မှူး ကာရိုးလ်သည် လာမည့် ရာသီကုန်တွင် အသင်းမှ ထွက်ခွာရဖွယ် ရှိနေကြောင်း သိရသည်။ အသက် (၂၃)နှစ်အရွယ် နယူးကာဆယ် ကစားသမားဟောင်းသည် မာဆေးဆိုက်သို့ ပြောင်းရွှေ့လာပြီး နောက်ပိုင်း ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိဘဲ အသင်း မန်နေဂျာ ကင်နီ ဒဲလ်ဂလစ်ခ်ျနှင့် လူသိရှင်ကြား ကတောက်ကဆတ် ဖြစ်ပြီးနောက်တွင် အသင်းမှ ထွက်ခွာရန် ပိုမို နီးစပ်လာခဲ့ခြင်း ဖြစ်သည်။ နယူးကာဆယ် အသင်းမှ ငွေကြေး မြောက်မြားစွာဖြင့် ပြောင်းရွှေ့လာသည့် ကာရိုးလ်သည် လီဗာပူးလ် အသင်းသို့ ရောက်ရှိပြီးနောက် စုစုပေါင်း သွင်းဂိုး (၆)ဂိုးသာ ရရှိထားကာ အသင်းဟောင်းနှင့် တွေ့ဆုံခဲ့သည့် ပွဲစဉ်၌ လူစားလဲ ခံရခြင်းအပေါ် မန်နေဂျာ ဖြစ်သူနှင့် အချင်းများခဲ့ခြင်း ဖြစ်သည်။
ကာရိုးလ်သည် ယခုနှစ် ဘောလုံးရာသီတွင် ငွေကြေးများစွာ အသုံးပြုခဲ့ပါလျက် ခြေစွမ်းပြ နိုင်ခြင်း မရှိသည့် ကစားသမားများ အနက်မှ တစ်ဦဖြစ်ပြီး အသင်းနှင့် နီးစပ်သူ တစ်ဦးကမူ ကင်နီဒဲလ်ဂလစ် အနေဖြင့် ၎င်း၏ ကစားသမား အချို့အပေါ် စိတ်ပျက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "ကင်နီ အနေနဲ့ ကာရိုးလ်ကို ကာကွယ်ပေးဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ နည်းပြအဖွဲ့က ဘယ်လောက်ပဲ အကောင်းမြင်မြင် အသင်းက လူအတော်များများက ကာရိုးလ်လို ကစားသမား မျိုးဟာ လီဗာပူးလ်နဲ့ အံမ၀င်ဘူး ဆိုတာကိုပဲ စိတ်ဝင်စား နေကြပါတယ်" ဟု ပြောကြားခဲ့သည်။
ကာရိုးလ်အား အသင်းမှ ထွက်ခွာခွင့် ပြုမည်ဆိုပါက လီဗာပူးလ် အနေဖြင့် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခဲ့သည့် ကစားသမားအား ပေါင် သန်းပေါင်း များစွာ အရှုံးခံ ရောင်းချရဖွယ် ရှိနေ...အကယ်၍သာ ကာရိုးလ်အား အသင်းမှ ထွက်ခွာခွင့် ပြုမည်ဆိုပါက လီဗာပူးလ် အနေဖြင့် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားခဲ့သည့် ကစားသမားအား ပေါင် သန်းပေါင်း များစွာ အရှုံးခံ ရောင်းချရဖွယ် ရှိနေသည်။ ကာရိုးလ်သည် တောရက်စ် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ချိန်တွင် လူးဝစ်ဆွာရက်ဇ်နှင့် အတူ အသင်းသို့ ရောက်ရှိလာသည့် ကစားသမား ဖြစ်သည်။ Sunday Mirror သတင်းက ကာရိုးလ် အနေဖြင့် အသင်းဟောင်းသို့ ပြန်လည် ပြောင်းရွှေ့ရန် စိတ်အား ထက်သန်နေ သော်လည်း ၎င်း၏ လစာနှုန်းထား မြင့်မားခြင်းနှင့် လက်ရှိ ခြေစွမ်းပြ နေသည့် ပါပစ်ဆစ်ဆီနှင့် ဒမ်ဘာဘတို့ အတွဲကြောင့် ဖြစ်နိုင်ဖွယ် မရှိကြောင်း သုံးသပ်သွားခဲ့သည်။
|
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်