BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, April 14, 2012

ရှုံနိမ့်ခြင်းက ကျွန်တော်ရဲ့ စကားလုံးမဟုတ်ပါဘူး - ရော်နယ်ဒို

ရှုံနိမ့်ခြင်းက ကျွန်တော်ရဲ့ စကားလုံးမဟုတ်ပါဘူး - ရော်နယ်ဒို

ရှုံနိမ့်ခြင်းက ကျွန်တော်ရဲ့ စကားလုံးမဟုတ်ပါဘူး - ရော်နယ်ဒို

ရော်နယ်ဒိုက ရီးရဲမက်ဒရစ်သည် အက်သလီတီကိုမက်ဒရစ်ကို သူ၏သုံးဂိုးအပါအ၀င် ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် လိဂ်ဖ

လားရရှိရန် ခြေတစ်လှမ်းနီးစပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။



တောင်ပံတိုက်စစ်သမားက ယခုလိုအနိုင်ရရှိခြင်းကို ချီးကျူးပြောဆိုခဲ့ပြီးဖလားရရန်အလွန်ပင်နီးကပ်လာပြီး ယခုနှစ်ဖလားရှုံး
နိမ့်မယ်လို့ပြောရန် စကားလုံးပင်မရှိကြောင်းပြောကြားခဲ့သည်။



ဒီပေါ်တုဂီသားသည် ယခုရာသီတွင် ဟက်ထရစ် (၇)နှစ်ကြိမ်ထိရရှိထားပြီး ရီးရဲမက်ဒရစ်ဖလားရရှိခဲ့လျင် သူ၏သွင်းဂိုးများက
ဖလားရရှိရေးတွင် အဓိကကျသည်ဟု ဆိုရပေမည်။



ယခုနိုင်ပွဲသည် ရီးရဲအတွက်အရေးပါသလို ရော်နယ်ဒိုအတွက်လည်း အရေးပါသောပွဲဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆို
သော် ရီးရဲသည် ဘာကာအထက် ၄ မှတ်အသာဖြင့် ဖလားရရေးနီးစပ်လာသလို ရော်နယ်ဒိုသည်လည်း ဥရောပရွှေဖိနပ်ဆုအ
တွက် မက်ဆီထက် ၁ ဂိုးအသာဖြင့် ရပ်တည်လျက်ရှိသည်။



ရော်နယ်ဒိုက " လက်ကျန်ပွဲတွေအများကြီးပါ ၊ အနိုင်ကတော့ အရေးကြီးပါတယ် ၊ ရှုံးနိမ့်ဖို့ဆိုတာတော့ စကားလုံးရှာမရပါ
ဘူး၊ ကျွန်တော်တို့မှာ ဖိအားတွေရှိပ်တယ် ၊ ဘာကာကနိုင်သွားပြီး ၁ မှတ်ပဲသာတာလေ၊ အခုအနိုင်ကတော့ ၄ မှတ်ဖြတ်
နိုင်ပြီလေ ၊ ကျွန်တောပျော်ပါတယ် ၊ ဂိုးရရှိသလို အခွင့်အရေးတွေဖန်တီးပေးနိုင်ခဲ့တယ် ၊ ဒီလိုနှင့်ဆက်လက်ချီတက်ကျ
တာပေါ့ ၊ ဒါပေမဲ့ကျွန်တော်ဆိုတာ အသင်းဖော်မရှိဘဲ မဖြစ်နိုင်ပါဘူး " ဟုပြောကြားခဲ့သည်။



ရောနယ်ဒိုသည် ပြိုင်ပွဲပေါင်းစုံအတွက် ၅၂ဂိုးသွင်းယူထားနိုင်ပြီး လာလီဂါတစ်ရာသီထဲတွင် အဝေးကွင်းဂိုး ၂၀ ရရှိသောပ
ထမဆုံးကစားသမားဖြစ်လာခဲ့သည်။


--

ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်