BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, April 14, 2012

လာမည့်(၂၀၁၄)ကမ္ဘာ့ဖလားတွင် ဘရာဇီးနှင့် နေမာ အောင်မြင်လိမ့်မည်ဟု မာနို မီနီဇက်စ် ပြောကြား

လာမည့်(၂၀၁၄)ကမ္ဘာ့ဖလားတွင် ဘရာဇီးနှင့် နေမာ အောင်မြင်လိမ့်မည်ဟု မာနို မီနီဇက်စ် ပြောကြား

လာမည့်(၂၀၁၄)ကမ္ဘာ့ဖလားတွင် ဘရာဇီးနှင့် နေမာ အောင်မြင်လိမ့်မည်ဟု မာနို မီနီဇက်စ် ပြောကြား

ဘရာဇီးနည်းပြ မာနို မီနီဇက်စ်က သူ့အသင်းသည် လာမည့် (၂၀၁၄)ကမ္ဘာ့ဖလားတွင် ချန်ပီယံဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် လာမည့်ကမ္ဘာ့ဖလားတွင် နေမာသည် ခြေစွမ်းပြပြီး၊ ကျော်ကြားလာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဘရာဇီးအသင်းသည် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်ပြီး၊ (၂၀၀၂)ကမ္ဘာ့ဖလားတွင် ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း၊ သူတို့၏ပထမဆုံးကမ္ဘာ့ဖလားအား ရယူသွားရန် ပစ်မှတ်ထားလျှက်ရှိနေသည်။

ပြီးခဲ့သည့်နွေက ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းသည် ကွာတားဖိုင်နယ်တွင် ပါရာဂွေးအသင်းအား ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း၊ မီနီဇက်စ်က လာမည့် နှစ်နှစ်တွင် သူတို့၏ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားအား ရယူသွားရန် ဆန္ဒပြင်းပြလျှက်ရှိနေသည်။

"လာမယ့် (၂၀၁၄)ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ချန်ပီယံဖြစ်မှာပါ၊ အသင်းမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး၊ အရည်အသွေးရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို ပိုင်ဆိုင်ထားပါတယ်"

"သူတို့ဟာ ငယ်ရွယ်ပေမယ့် ၊ ဘရာဇီးအသင်းအပေါ်ကျရောက်နေတဲ့ ဖိအားတွေကို အကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်၊ ပြီးတော့ သူတို့ကို ထိန်းကျောင်းပေးမယ့် အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေလည်း ရှိပါတယ်၊ မကြာခင်မှာ ပရိသတ်တွေကို အသိပေးသွားမှာပါ" ဟု မီနီဇက်စ်က ဘရာဇီး မာကာ သတင်းဋ္ဌာနအား ပြောကြားသွားခဲ့သည်။

အသက် (၄၉)နှစ်ရှိ မီနီဇက်စ်က နေမာသည် လာမည့်ကမ္ဘာ့ဖလားတွင် ထွန်းတောက်ကြယ်ပွင့်ဖြစ်လာမည်ဖြစ်သော်လည်း၊  သူ့အနေဖြင့် မက်ဆီအား ပိုမိုကြိုက်နှစ်သက်မိကြောင်း ၀န်ခံပြောကြားခဲ့သည်။

"လာမယ့် ကမ္ဘာ့ဖလားမှာ နေမာဟာ အကောင်းဆုံးကစားသမား ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် မက်ဆီရဲ့ အခန်းကဏ္ဍက ပိုပြီး ကြီးမားပါတယ်၊ သူဟာ အဆင့်တစ်ခုကို ရောက်ရှိနေတဲ့ ကစားသမားဖြစ်သလို၊ ပိုပြီးလည်း ရင့်ကျက်ပါတယ်"

"ကျွန်တော့်အနေနဲ့ နေမာရဲ့ တိုးတက်မှုဟာ ဒီမှာတင် ရပ်တန့်သွားမှာ စိုးရိမ်မိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ လက်ရှိသူတို့ရဲ့ ခြေစွမ်းတွေကို အချိန်မရွေး ဆုံးရှုံးရနိုင်လို့ပါ" ဟု မီနီဇက်စ်က ပြောကြားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်