![]() အာဆင်နယ်နှင့်ေ လးနှစ်သက်တမ်းတိုးဖို့ သီတင်းတစ်ပတ်ကို ယူရို ၁၂၀၀၀၀ အလိုရှိနေသော ဝေါကော့ အင်္ဂလန်လက်ရွေးစင် ဝေါကော့အတွက် အာဆင်နယ်က လေးနှစ်သက်တမ်းတိုးရန် ၁ ပတ်လုပ်ခ ယူရို ၁၀၀၀၀၀ ဖြင့်ကမ်း လှမ်းခဲ့သော်လည်း ကစားသမားက ၁၂၀၀၀၀ အလိုရှိနေသဖြင့် အပြီးမသတ်နိုင်ဖြစ်နေခဲ့သည်။ မြောက်လန်ဒန်ကလပ်အသင်းက ၂၀၁၃ ခုနှစ်တွင် စာချုက်သက်တမ်းကုန်ဆုံးမည့် ဝေါကော့အတွက် နောက်လေးနှစ်သက် တမ်းတိုးလိုခြင်းဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာကတည်းက စာချုပ်ကိစ္စပြောဆိုခဲ့သော်လည်း ကစားသမာကိုယ်တိုင်က မန်နေ ဂျာ အာဆင်ဝင်းဂါးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေနွေးလိုပြီး မန်နေဂျာ၏ အသင်းအနာဂတ်အစီအစဉ်တွင် ပါဝင်ကစားနိုင်ရန် အာမ ခံချက်လိုလားလျက်ရှိသည်.၏။ ဝေါကော့သည် လက်ရှိတွင် ၁ ပတ်လုပ်စာ ၇၀၀၀၀ သာရရှိနေပြီး အသင်းကထွက်ခွာလိုလျက်ရှိသည်။ သို့သော်လည်းကစား သမားကိုယ်တိုင်က အသင်းတွင် အာမခံချက်ရှိမည်ဆိုပါက အာဆင်နယ်အသင်းတွင် ပျော်ရွှင်နေပါကြောင်း ပြောဆိုခဲ့သည်။ သတင်းများအဆိုအရ အာဆင်နယ်သည် သက်တမ်းတိုးနိုင်ရေးကြိုးပမ်းနေသော်လည်း မည်သည့်အချိန်တွင် သက်တမ်းတိုး နိုင်မည်ကိုမူ သေချာစွာမသိရှိရပေ။ သို့သော် အာဆင်နယ်သည် စာချုပ်သက်တမ်း ၁၂ လကျန်ရှိသေည်လည်း မန်စီးတီးသို့ ပြောင်းရွှ့သွားသော နာဆရီလိုအဖြစ်မျိုးကိုမူ လုံးဝအဖြစ်မခံလိုပေ။ ဝေါကော့သည် ယခုနှစ် ပရီးမီးယားလိဂ် ၃၂ ပွဲတွင် ၂၉ ပွဲ ပွဲထွက်ကစားထားပြီး ပြိုင်ပွဲအားလုံးတွင် ၁၀ ဂိုးသွင်းယူကာ ဗန်ပါဆီနောက် ဒုတိယဂိုးသွင်းအများဆုံးဖြစ်သည်။ |
--
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်