How to burn a DVD Video disc using Droppix Recorder
အခုဒီပို့စ်ကတော့ DVD Video disc ကို Burn တဲ့နည်းလေးပါ။ ဒီဆော့ဝဲရဲ့တစ်ခြား function တွေလည်းများ စွာရှိပါတယ်။ DVD Video disc ကို Burn တဲ့နည်းလေးကိုပဲ အဓိကရေးပြမယ်။ ကျန်တာကိုတော့ ကိုယ့်ကိုစမ်း ကြည့်ပေါ့ဗျာ။
နောက်ပြီးအခု full version ဖြစ်အောင် key တွေပါတစ်ခါတည်းပါတော့ ပိုအဆင်ပြေတာပေါ့။
Download :
Droppix.Recorder.v2.9.1.rar
၁။ ဆော့ဝဲကိုဒေါင်းလိုက်ပါ၊ ပြီးတော့ Run လိုက်ပါ။ (user name and key ထည့်)
၂။ ၎င်းဆော့ဝဲကိုဖွင့်လိုက်တာနဲ့ အောက်ပါပုံအတိုင်း Droppix Recorder ရဲ့ မိန်း screenshot ပေါ်လာမှာဖြစ် တယ်။ မိမိအသုံးပြုလိုတဲ့ function ကိုသာနှိပ်လိုက်ရုံပါပဲ။ အခုတော့ပစ်က DVD Video ကို burn မှာဖြစ်သည့်အ တွက်ကြောင့် Video ကိုနှိပ်ပါ။

၃။ အခုမြင်ရတာက Video Burn မည့် function တွေပါ။ မိမိက DVD Video ကို ကူးမှာဖြစ်သည့်အတွက် မျှားနဲ့ ထိုးပြထားတဲ့ DVD ကိုဆက်နှိပ်ပါ။

၎။ ဒီအဆင့်က မိမိကူးမည့် DVD ဗွီဒီယိုဖိုင်ရွေးဖို့ဖြစ်ပါတယ်။ အဲဒါဆို ဘယ်ဖက်မှာ VIDEO_TS and AUDIO _TS ဆိုပြီး ဖိုလ်ဒါနှစ်ခုတွေ့ရမယ်။ အဲဒီ ဘယ်ဖက်မှာရှိတဲ့ VIDEO_TS ကို ကလစ်နှစ်ချက်နှိပ်လိုက်ပါ။ VIDEO
_TS ဖိုလ်ဒါမှာ ပါဝင်တဲ့ ဖိုင်တွေတွေ့ရပါလိမ့်မယ်။ အဲဒါဖိုင်အားလုံးကို ညာဖက်ခြမ်းမှာ CD/DVD Drive ရဲ့ directory ထဲသို့ Drag and Drop လုပ်လိုက်ပါ။ (မောက်စ်နဲ့စွဲယူတာကိုပြောတာပါ)။ ပြီးရင် အောက်ခြေက အနီ ၀ိုင်းလေးကိုနှိပ်ပါ။

၅။ ဒီအဆင့်ရဲ့ ဘောက်စ်မှာပါတဲ့ Destination မှာ CD/DVD Drive ကိုရွေးပေးလိုက်၊ ပြီးတော့ Start ကိုနှိပ်။

၆။ အခုအဆင့်ကတော့ နောက်ဆုံးအဆင့်ပါပဲ။ မျှားပြထားတဲ့နေရာတွေမှာ speed ကိုရွေးမယ်။ ပြီးတော့ ကူးမည့် copy အရည်အတွက်ရွေးပြီးရင် Continue ကိုသာဆက်နှိပ်လိုက်ရုံပါပဲ။

ref : မူးရင်းဆို
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်