စပိန်ရဲ့ ဂျရတ်လို့ နာမည်ကြီးနေတဲ့ လူငယ်ကစားသမားကို ပေါင်ဆယ့်ခြောက်သန်းနဲ့ မန်စီးတီးကမ်းလှမ်း
ပရီးမီးယားလိဂ်တွင် ရေနံသူဌေး မန်စီးတီးပိုင်ရှင်များ၏ ပြုပြင်ပြောင်းလဲမှုများမှာ မပြီးဆုံးနိုင်သေးဘဲ ဆက်လက်လှုပ်ရှားလျှက်ရှိသည်။ ယခုလည်း စပိန်မှ လူငယ်ကစားသမား အန်ဒါဟာရဲရာကို ပေါင် 16 သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ဘီလ်ဘာအိုအသင်း၏ လူငယ်ကစားသမားဖြစ်သူ ဟာရဲရာကို စပိန်၏ စတီဗင်ဂျရတ်ဟု ချစ်စနိုး ခေါ်ဝေါ်ကြကြောင်းလည်း သိရှိရသည်။
22 နှစ်အရွယ်ရှိ ဟာရဲရာကို စပိန်ကလပ်အသင်းများစွာကလည်း စိတ်ဝင်စားနေကြပြီး မန်ချက်စတာမြို့ခံနှစ်သင်းလုံးကလည်း အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေကြရာ မန်စီးတီးက စတင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ စပိန်ဂျရတ် ဟာရဲရာမှာ လက်ရှိအသင်းနှင့် လေးနှစ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ကစားသမားကိုယ်တိုင်ကမူ ချန်ပီယံလိဂ်တွင် ကစားခွင့်ရရန် မျှော်လင့်လျှက်ရှိကြောင်း သိရှိရသည်။

Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်