
ပီလီ၏ ဘရာဇီးအသင်းနံပါတ်(၁၀)အင်္ကျီရှင်းတမ်း
ပီလီသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမားတစ်ဦးအဖြစ် မရပ်တည်နိုင်ခင်၊ (၁၉၅၈)ခုနှစ်၊ ဆွီဒင်ကမ္ဘာ့ဖလားတွင် ဘရာဇီးအသင်း၏ကျောနံပါတ်(၁၀)အင်္ကျီအား မမျှော်လင့်ပဲ ၀တ်ဆင်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ပုံမှန်အားဖြင့် ကျောနံပါတ်(၁၀)အင်္ကျီအား ကွင်းလယ်ဖန်တီးရှင်များကိုသာ ပေးအပ်လေ့ရှိသော်လည်း၊ လွန်ခဲ့သည့် (၅၄)ခုနှစ်က ဆွီဒင်ကမ္ဘာ့ဖလားတွင် အသက် (၁၇)နှစ်သာရှိသေးသည့် ပီလီသည် နံပါတ်(၁၀)အင်္ကျီအား ၀တ်ဆင်ခွင့်ရခဲ့ပြီး၊ ခြေစွမ်းပြသွားခဲ့သည်။
"နံပါတ်(၁၀)အင်္ကျီကို (၁၉၅၈)ကမ္ဘာ့ဖလားမှာ ကျွန်တော့်ကို ပေးအပ်ခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက ဘယ်သူမှ ဒီအင်္ကျီကို ၀တ်ဆင်ဖို့ မထိုက်တန်ခဲ့ပါဘူး၊ ပြီးတော့ ကျွန်တော်ကလည်း အသင်းမှာ အသက်အကြီးဆုံးမဟုတ်ပါဘူး၊ တိုက်ဆိုင်စွာပဲ အဲဒီအင်္ကျီဟာ ကျွန်တော့်အတွက် ဖြစ်လာခဲ့ပါတယ်" ဟု ပီလီက ဘရာဇီး၏နာမည်ကျော် နံပါတ်(၁၀)အင်္ကျီအား ၀တ်ဆင်ခွင့်ရခဲ့ပုံကို Sport TVသတင်းဋ္ဌာနအား ပြောကြားခဲ့သည်။
အသက်(၇၁)နှစ်ရှိ ပီလီက သူ၏ကစားသမားဘ၀တွင် နံပါတ်(၁၀)အင်္ကျီကိစ္စမျိုးကဲ့သို့ ထူးဆန်းသည့်အဖြစ်အပျက်များနှင့် ဘာကြောင့် ကြုံတွေ့ခဲ့ရသည်ကို တစ်ခါတစ်ရံစဉ်းစားမိကြောင်းလည်း ပြောကြားခဲ့သည်။
"ခင်ဗျားတို့အတွက်တော့ ရယ်ဖို့ကောင်းပါလိမ့်မယ်၊ ညအိပ်ယာမ၀င်ခင်၊ ကျွန်တော် အမြဲတမ်း ဘုရားမှာ ဆုတောင်းပါတယ်၊ ဘာကြောင့်များ ရှင်းပြဖို့ခက်တဲ့ကိစ္စတွေဟာ ပီလီအပေါ်ကိုပဲ ကျရောက်နေရသလဲဆိုတဲ့ အတွေးနဲ့ပေါ့ " ဟု ပီလီက ပြောကြားသွားခဲ့သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်